အင်ကြင်းပင်
Shorea robusta | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Malvales |
မျိုးရင်း: | Dipterocarpaceae |
မျိုးရင်းသေး: | Dipterocarpoideae |
မျိုးစု: | Shorea |
မျိုးစိတ်: | S. robusta
|
ဒွိနာမ | |
Shorea robusta | |
Synonyms | |
Vatica robusta |
အင်ကြင်းပင်သည် အမြင့်ပေ ၈ဝ ခန့်အထိ ရှိ၍ ပင်စည်လုံးပတ်မှာ ငါးပေမှ ခြောက်ပေအထိရှိသည်။ အလွန်ခြောက်သွေ့၍ မြေဩဇာညံ့ဖျင်းသော ဒေသများတွင်မူ အင်ကြင်းပင်သည် သေးသိမ်ကြုံလှီလျက်ရှိသည်။ အင်ကြင်းပင်သည် သစ်ရာ၊ အင်၊ ကညင်၊ သင်္ကဒူး၊ ကောင်းမှု၊ သင်္ကန်း စသောအပင်တို့နှင့် မျိုးတူ ဖြစ်သည်။ ခြောက်သွေ့သော အရပ်ရှိသစ်တောများနှင့် အင်တိုင်းတောများ တွင် အင်ကြင်းပင်ကို အင်ပင်၊ သစ်ရာပင်တို့နှင့် ရော၍တွေ့နိုင် သည်။ အင်ကြင်းနှင့် သစ်ရာပင်တို့သည် အရွယ်တူနိုင်သော် လည်း အလေးချိန်တွင်မူ အင်ကြင်းသားက သစ်ရာသားထက် အနည်းငယ်ပို၍ပေါ့သည်။ အင်ကြင်း(Ingyin) ၏ ရုက္ခဗေဒ အမည်မှာ Pentacme Siamensis ဖြစ်သည်။
အင်ကြင်းပင်ကို သင်းသတ်နည်းဖြင့်မဟုတ်ဘဲ အပင်စို အတိုင်းခုတ်လှဲရသည်။ အင်ကြင်းသားသည် သစ်ရာသားနှင့် ဆင်၍ မာကျောခိုင်ခံ့သဖြင့် အလွန်အသုံးဝင်သည်။ ရှမ်းပြည် မြောက်ပိုင်း၌ အင်ကြင်းသားကို မီးရထားလမ်းများခင်းရန် ဇလီဖားတုံးများအဖြစ် အသုံးပြုသည်။ အထက်မြန်မာနိုင်ငံတွင် နေအိမ်များကို များသောအားဖြင့် အင်ကြင်းသားဖြင့် ဆောက်လုပ်ကြသည်။
နမ္မတ္တူ သတ္တုတွင်းနှင့် ဘီအိုစီရေနံတွင်းများတွင် စက်မှုဆိုင်ရာ အဆောက်အအုံများကို အင်ကြင်းသားများနှင့် များသောအားဖြင့် ဆောက်လုပ်ကြသည်။ အင်ကြင်းသစ်လုံးများကို သစ်ပိုးများဖျက်ဆီးလေ့ရှိသဖြင့် သစ်ပင်ခုတ်လှဲပြီးလျှင်ပြီး ခြင်း အခေါက်ကိုခွာပစ်ရသည်။ မိုးနည်းပိုင်းရှိ သစ်တောများတွင် အင်ကြင်းပင်ကို အများအပြားတွေ့ရသော်လည်း မိုးများ သော အောက်မြန်မာနိုင်ငံနှင့် မုတ္တမစသော တနင်္သာရီတိုင်းတွင် အင်ချင်းဟုခေါ်သော အပင်တူမျိုးကို တွေ့နိုင်လေသည်။
အင်ကြင်းနှင့် အမည်ချင်းဆင်သော်လည်း မျိုးမတူသော သစ်အယ်ကြင်း သို့မဟုတ် ကြံ့စာဟု ခေါ်သော သစ်ပင်မျိုးကို မြန်မာနိုင်ငံတွင် ပေ ၄ဝဝဝ ကျော်မြင့်သော တောင်ကုန်းဒေသများတွင် တွေ့ရသည်။ ထိုသစ်ပင်သည် ပေ ၈ဝဝ အထိမြင့်၍ ကြီးခဲသော အပင်မျိုးဖြစ်သည်။ ထိုအပင်သည် အမြဲစိမ်း အပင်မျိုး ဖြစ်သည်။ ထိုအပင်၏အရွက်များသည် လှံသွားသဖွယ် ခပ်သွယ်သွယ်ရှိ၍ အပင်ကိုထူထပ်စွာ ဖုံးအုပ်လျက် ရှိသည်။ သစ်အယ်ကြင်းသားကို မိုးကုတ်နယ်ရှိ ပတ္တမြားတွင်းများတွင် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံးပြုကြ သည်။
ဖေဖော်ဝါရီလနှင့်မတ်လ (တပို့တွဲနှင့်တပေါင်းလ)များတွင် အင်ကြင်းပင်မှ နီရဲနေသောရွက်ကျင် ရွက်ဟောင်းများ သည် ကြွေကျကုန်၍ ရွက်နုရွက်သစ်တို့နှင့်အတူ အညွန့်အဖူး တို့သည် ထွက်ပေါ်လာကြလေသည်။ ပန်းပွင့်များပွင့်ချိန်တွင် အင်ကြင်းပင်များသည် ကြက်ငှက်တို့၏ အတောင်များကဲ့သို့ အဝါရောင်ရှိသော ပန်းပွင့်တို့ပွင့်ကြသဖြင့် ဝေဆာတင့်တယ် ရှု ချင့်စဖွယ်ရှိလေသည်။ အင်ကြင်းပန်းတို့မှ သင်းပျံသော ရနံ့တို့ ဖြင့်လည်း တောလုံးကြိုင်လျက်ရှိလေသည်။ အင်ကြင်းသီး၏ ငှက်တောင်သဖွယ် အဖတ်ကြီးသုံးခုနှင့် အဖက်သေးနှစ်ခုပါရှိ လေသည်။ ထိုအသီးများသည် မေနှင့်ဇွန်လများတွင် မှည့်ကြပြီး လျှင် မြေပြင်သို့ အစေ့များ ကြွေကျကြသည်။ ပိုးကောင်များက အင်ကြင်းသီးနှင့် အစေ့များကို အလွန်ဖျက်ဆီးတတ်ကြသဖြင့် မအောင်မြင်သည်ကများသည်။ ပိုးကောင်များ အဖျက်အဆီး ကင်းသော အစေ့များသည်လည်း တစ်ရက် နှစ်ရက်အတွင်း အစို့များပေါက်လွယ်သဖြင့် ကြာရှည်သိမ်းဆည်းထား၍မရချေ။ အင်ကြင်းပင်သည် ဒစ်တာရိုကာပေစီအီး မျိုးရင်းတွင် ပါဝင်ပြီးလျှင် ရုက္ခဗေဒအလိုအားဖြင့် ယင်းကို ပင်တက်မီဆွာဗစ် ဟုခေါ်လေသည်။[၂]
ပြခန်း
[ပြင်ဆင်ရန်]-
Sala trunk strangulated by ficus tree at Jayanti.
-
Old leaf at Jayanti.
-
Flowering canopy at Jayanti.
-
Salabhanjika or "sal tree maiden", Hoysala sculpture, Belur, Karnataka
ကိုးကား
[ပြင်ဆင်ရန်]- ↑ Ashton, P. (1998). "Shorea robusta". IUCN Red List of Threatened Species 1998. IUCN. doi: .
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)