အငင်

ဝီကီပီးဒီးယား မှ

အငင် ဆိုသည်မှာ တစ်ချောင်းငင်နှင့် နှစ်ချောင်းငင်တို့ကို ဆိုလိုသည်။ အငင်သည် ၁။ ကပ်ငင် ၂။ ခွာငင်ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ဈ၊ ဋ၊ ဌ၊ ဍ၊ ဠ ဟူသော ငါးလုံးကို ခွာငင်ရပြီး ကျန်ဗျည်းများကို ကပ်ငင်ရသည်။ ခြွင်းချက်အနေဖြင့် ရကောက်ကို ငင်ရာ၌ လက်ဝဲဘက်မှ လက်ယာဘက်သို့ (ဤကဲ့သို့ ရု)ငင်သည်ဟု မှတ်သားရပါမည်။