အဂ္ဂါ အဲလန် ပိုး

ဝီကီပီးဒီးယား မှ
အဂ္ဂါ အလန် ပိုး
Edgar Allan Poe, circa 1849, restored, squared off.jpg
အဂ္ဂါ ပိုး ပထမဆုံး ရိုက်ဖြစ်သည့် ဓာတ်ပုံ (၁၈၄၉)
အမည်ရင်းEdgar Allan Poe
မွေးဖွားအဂ္ဂါ ပိုး
(1809-01-19)ဇန်နဝါရီ ၁၉၊ ၁၈၀၉
ဘော့စတွန်မြို့, မက်ဆာချူးဆက်ပြည်နယ်
ကွယ်လွန်အောက်တိုဘာ ၇၊ ၁၈၄၉(1849-10-07) (အသက် ၄၀)
ဘော်လ်တီမိုးမြို့မေရီလန်းပြည်နယ်
မိခင်ကျောင်းဗာဂျီးနီးယား တက္ကသိုလ်
အမေရိကန်ပြည်ထောင်စု စစ်တက္ကသိုလ်
အိမ်ထောင်ဖက်ဗာဂျီးနီးယား အဲလီဇာ ကလမ်း ပိုး (m. 1836; d. 1847)

လက်မှတ်

အဂ္ဂါ အဲလန် ပိုး (၁၈၀၉-၁၈၄၉) သည် အမေရိကန် စာရေးဆရာ၊ စာတည်းနှင့် စာပေဝေဖန်ရေးသမား ဖြစ်သည်။ သူ၏ ကဗျာများ ဝတ္ထုတိုများကြောင့် နာမည်ကြီးသည်။ အမေရိကန်ဖြစ် ဝတ္ထုတိုကို စတင်မိတ်ဆက်သူ ဖြစ်သည်။ စုံထောက်ဝတ္ထုများ၏ ဖခင်ဖြစ်ပြီး သိပ္ပံဆန်းကြယ် ဝတ္ထုများ လူသိများလာအောင် ဆောင်ရွက်ခဲ့သည်။ ထိုခေတ်က စားဝတ်နေရေးအတွက် ငွေကြေးပမာဏအရ မဖြစ်နိုင်သော စာရေးခြင်းအတတ် တခုတည်းနှင့် အသက်မွေးခဲ့သူလည်း ဖြစ်သည်။

အမေရိကန် လျှို့ဝှက်ဆန်းကြယ် စာရေးဆရာများအသင်း (Mystery Writers of America) က ထိုဝတ္ထုမျိုးအတွက် အဂ္ဂါဆု ကို နှစ်စဉ် ပေးနေသည်။