အဂတိ လေးပါး
ပုံပန်းသွင်ပြင်
(အဂတိတရား ၄ ပါး မှ ပြန်ညွှန်းထားသည်)
အဂတိတရား လေးပါး မှာ
- ဆန္ဒာဂတိ = ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
- ဒေါသာဂတိ = စိတ်ဆိုးသဖြင့်မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
- မောဟဂတိ = ဆင်ခြင်တုံတရား မရှိပဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
- ဘယာဂတိ = ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
အပြစ်နှင့် အကျိုး
[ပြင်ဆင်ရန်]- အဂတိတရား လေးပါးကို လိုက်စားပြုကျင့်သူသည် လဆုတ်အခါ လမင်း၏ အရောင်အဝါသည် တနေ့တခြား လျော့ပါး ဆုတ်ယုတ် သကဲ့သို့ စည်းစိမ် ဥစ္စာနှင့်တကွ ဂုဏ်ကျေးဇူး ကျော်ဇောခြင်းတို့သည် လျော့ပါး ဆုတ်ယုတ်လေသည်။
- အဂတိတရား လေးပါးကို မလိုက်စား မပြုကျင့်သူသည် လဆန်းအခါ၌ လမင်း၏ အရောင်အဝါသည် တနေ့တခြား ထွန်းလင်း တောက်ပသကဲ့သို့ ကျက်သရေ ၊ ဂုဏ်ရှိန် ၊ စည်းစိမ်ဥစ္စာတို့သည် တနေ့တခြား ကျော်ကြားတိုးတက် ပေါ်လွင်ထင်ရှား လေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ဝိနည်းမဟာဝါ။ ပါ။ ၃၉၅။ ဋ္ဌ။ ၄၀ ၂-၄၀၅။
- သုတေသန သရုပ်ပြ အဘိဓာန်၊ ၂၀ဝ၇။