မာတိကာသို့ ခုန်သွားရန်

အချိန်ဆက်ဆိုက်ပြ နာမ်ဝိဘတ်

ဝီကီပီးဒီးယား မှ

အချိန်အဆက်မပြတ်ဖြစ်ခြင်းကို ပြသော နာမ်ဝိဘတ်ကို အချိန်ဆက်တိုက်ပြဝိဘတ် ဟု ခေါ်သည်။

သာဓက - ဆရာတော်ဦးဝိစာရသည် နယ်ချဲ့ကို ရက်ပေါင်း (၂၁၀) တိုင်တိုင် အစာငတ်ခံ ဆန္ဒပြခဲ့သည်။

ဤဝါကျ၌ ဆရာတော်ဦးဝိစာရသည် ရက်ပေါင်းမည်မျှကြာအောင် အစာငတ်ခံဆန္ဒပြကြောင်းကို ဖော်ပြထားသည်။ ဆရာတော်သည် ရက်ပေါင်း (၂၁၀) တိုင်တိုင် အဆက်မပြတ် အစာငတ်ခံ ဆန္ဒပြကြောင်းကို ရက်ပေါင်း (၂၁၀) ဟူသော နာမ်နောက်ရှိ တိုင်တိုင် ဝိဘတ်က ပြသည်။ ထို့ကြောင့် တိုင်တိုင် သည် အချိန်ဆက်တိုက်ပြဝိဘတ် ဖြစ်သည်။[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း