အခိအုရေတံခွန်ကြီး
အခိအုရေတံခွန်ကြီး 秋保大滝 (အခိအုအိုးတခိ) | |
---|---|
တည်နေရာ | Taihaku-ku, Sendai, Miyagi Prefecture, Japan |
ကိုဩဒိနိတ် | 38°16′29.7″N 140°36′10.5″E / 38.274917°N 140.602917°E |
စုစုပေါင်း အမြင့် | 55 m |
ပျမ်းမျှ အလျား | 6 m |
အခိအုရေတံခွန်ကြီး (秋保大滝) သည် ဂျပနိုင်ငံ၊ မိယဂိစီရင်စု၊ ဆင်းဒိုင်မြို့၊ တိုင်းဟခုရပ်ကွက်တွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ နိုင်ငံရှိ သဘာဝအလှအပနေရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ [၁][၂]ဤရေတံခွန်သည် ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]ရေတံခွန်သည် နတိုရိမြစ်၏ အထက်ပိုင်းတွင် တည်ရှိသည်။ Zaō Quasi အမျိုးသားဥယျာဉ်၊ ဖုတခုချိကျိုခိုခုစီရင်စုဥယျာဉ် (Futakuchi Kyokoku Prefectural Park ) စသည့်နှစ်ခုစလုံးနှင့် ဤရေတံခွန်သည် နယ်နိမိတ်ချင်း စပ်ဆက်လျက်ရှိသည်။ ရေတံခွန်သည် အမြင့် ၅၅ မီတာ (ပေ ၁၈၀) နှင့် အကျယ် ၅ မီတာ (၁၆ ပေ) ရှိသည်။ သမိုင်းမှတ်တမ်းများအရ ရေတံခွန်ကို ဟဲအန်ခေတ် (Heian) အစောပိုင်းတွင် ခရစ်ယာန်ဘုန်းတော်ကြီး အင်းနင်း (Ennin) က တွေ့ရှိခဲ့သည်။ အင်းနင်းသည် ဒဲဝစီရင်စုတွင် ယာမဒဲရ ကျောင်းတော်ကို ရှာဖွေရာမှ ရေတံခွန်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၁၈၂၅ ခုနှစ်တွင် Fudō Myōō ကို ရည်စူးကာ ဗုဒ္ဓဘာသာကျောင်းတော်ငယ်တစ်ခုကို ရေတံခွန်အခြေ၏ အနီးအနားတွင် တည်ဆောက်ခဲ့သည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]-
Akiu Fall from base
-
Akiu Falls in May
-
Akui Otaki Fudo chapel
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Sendai Official Tourist Information (in ဂျပန်)
ကိုးကား
[ပြင်ဆင်ရန်]- ↑ 秋保大滝။ Agency for Cultural Affairs။ 10 February 2012 တွင် ပြန်စစ်ပြီး။
- ↑ Akiu Otaki။ Sendai။ 10 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 February 2012 တွင် ပြန်စစ်ပြီး။