အကြေ

ဝီကီပီးဒီးယား မှ

အညာအကြေ ဟူသော ဝေါဟာရများသည် အညှာ၊ အခြေ ဟူသော အသုံးများမှ ဆင်းသက်လာသည်။ အထက် နှင့် အောက် ဟု အဓိပ္ပာယ်ရသည်။ ရေမြေသဘာဝအရ မြန်မာနိုင်ငံသည် တောင်မြောက်တန်းသော မြစ်များ တောင်တန်းများဖြင့် ဖွဲ့စည်းတည်ရှိသည်။ များသောအားဖြင့် မြောက်ဘက်သည် မြင့်မားပြီး တောင်ဘက်သို့ နိမ့်လျှောသွားတတ်သည်ကို အစွဲပြု၍ အထက်ဘက် နှင့် အောက်ဘက်၊ အညာ နှင့် အကြေ ဟု သုံးနှုန်းလာကြသည်။ အကြေ အရပ်မှာ တောင်ဘက်ကျသောဘက်ကို ဆိုလိုသည်။ ဧရာဝတီမြစ် အောက်ဘက် ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။ အကြေအရပ်သည် ပင်လယ်နှင့်နီးပြီး ကုန်သွယ်စီးပွား ထွန်းကားသောအရပ် ဖြစ်သည်။ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမ နှင့် တနင်္သာရီကမ်းရိုးတမ်းတလျှောက် ပါဝင်သည်။


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

  • ဝစ်ရှင်နရီရှိ အကြေ အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်