အက်တနမီးတောင်

ဝီကီပီးဒီးယား မှ

အက်တနမီးတောင်[ပြင်ဆင်ရန်]

အက်တနမီးတောင်သည် အီတလီ နိုင်ငံ နေပယ်မြို့အနီးရှိ ဗီဆူးဗီးယပ် မီးတောင်မှ တောင်စူးစူး မိုင် ၂ဝဝ ခန့်ကွာဝေးသော စစ္စလီကျွန်း၏ အရှေ့ဘက်ကမ်း တွင်တည်ရှိ၏။ ဗီဆူးဗီးယပ်ကဲ့သို့ မကြာခဏ ပေါက်ကွဲခြင်း မရှိသော်လည်း ယခုအချိန်ထိ အကြိမ်ပါင်း ၈ဝ ကျော်မျှ ပေါက်ကွဲခဲ့ဖူး၏။ ဗီဆူးဗီးယပ်တောင်ထက် အသက်ပို၍ကြီးရင့်၊ ပို၍မြင့်သည့်အပြင် မီးတောင်ပေါက်ကွဲရာတွင်လည်း ပိုမို၍ ပြင်းထန်လှသော တောင်ကြီးဖြစ်၏။ တောင်ထွတ်၏အမြင့်မှာ ၁ဝ၇၄၁ ပေရှိလျက် တောင်ခြေရင်းပတ်လည်မှာ မိုင် ၁ဝဝ မျှ ရှိလေသည်။ ဘီစီ ၄၇၉ ခုနှစ်လောက်က ပထမဆုံးအကြိမ် မီးတောင်ပေါက်ကွဲ၍ ၁၉၄၇ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူး၏။ ၁၁၆၉ ခုနှစ်က မီးတောင်ပေါက်ကွဲခဲ့ရာ တွင် ထိုမီးတောင်အနီးရှိ ကတန်းနီးယားမြို့တွင် လူပေါင်း ၁၅ဝဝ မျှ သေကြေပျက်စီးသွား၏။ ၁၆၆၉ ခုနှစ်တွင် ပေါက် ကွဲသောအကြိမ်၌ကား လူပေါင်း ၂ဝဝဝဝ ခန့် အသက်ဆုံးရှုံးခဲ့ ကြရ၏။ ၁၇၉၂ ခုနှစ် တွင် တစ်ကြိမ်ပေါက်ကွဲပြန်ရာ ထို အကြိမ်၌ တစ်နှစ်ခန့်ပင် ထိုသို့မကြာခဏ မီးတောင်ပေါက်ကွဲ လေ့ရှိသော်လည်း အနီးအနားပတ်ဝန်းကျင်တွင်နေထိုင်ကြသူတို့ မှာ များစွာကြောက်ရွံ့ဟန် လက္ခဏာမရှိချေ။ တောင်ခါးပန်း တစ်လျှောက် အောက်ပိုင်းအရပ်များသည် အထူး မြေဩဇာ ကောင်းမွန်သဖြင့် လူနေအိမ်ခြေ စည်ကားလှ၏။ ဗီဆူးဗီးယပ်မီးတောင်

မီးတောင်ပေါ်သို့တက်သွားသောအခါ ပေ ၂ဝဝဝ အထိ ငှက်ပျော၊ လိမ္မော်၊ ရှောက်၊ သံလွင်၊ သဖန်းပင်များ စိုက်ပျိုး ထားသည်ကိုတွေ့ရ၏။ အလယ်ပိုင်း၌ သစ်ကျားပင်၊ မေပယ် ပင်၊ ထင်းရှူးပင်နှင့် ဝက်သစ်ချပင်တို့ရှိ၏။ ပေ ၆၃ဝဝ အထက်မြင့်သော အပိုင်းများကား ချော်မြှုပ်၊ ပြာ၊ သဲတို့ဖြင့် လွင်တီးခေါင်ကြီးဖြစ်၍ တစ်နှစ်လုံးလိုလို ဆီးနှင်းများဖုံးအုပ် လျက်ရှိလေသည်။ ဤမီးတောင်ဝမှာ ကမ္ဘာပေါ်၌ ကန့် အများ ဆုံးထွက်သော နေရာဖြစ်၏။ ပေပေါင်း ၉ဝ၇၅ မြင့်သောနေရာ ၌ မျှော်စင်ကြီးတစ်ခုရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)