အက်ဂါမံနွန်

ဝီကီပီးဒီးယား မှ

ရှေးအခါက ဂရိပြည်၊ မိုင်စီးနီးနှင့် အာရ ဂေါ့မြို့များတွင် လွန်စွာတန်ခိုးကြီးသော ဘုရင်တစ်ပါး ရှိခဲ့ဖူး လေသည်။ ထိုဘုရင်၏အမည်မှာ အက်ဂါမံနွန်ဖြစ်သည်။ ထို ဘုရင်နှင့် သူ၏ညီတော် မင်နီလေးအပ်တို့သည် စပါးတားဘုရင် ၏သမီးတော်များဖြစ်ကြသော ကလိုင်တင်နက်စထရာနှင့် ဟယ်လင်တို့ကို အသီးအသီးလက်ထပ်၍ ပေါင်းသင်းနေထိုင်ခဲ့ ကြလေသည်။ ထရွိုင်းဘုရင် ပရီယမ်၏သားတော် ပဲရစ်က ဟယ်လင်အား ထရွိုင်းမြို့သို့ ခိုးယူဆောင်ကြဉ်းသွားသောအခါ အက်ဂါမံနွန်သည် ဂရိပြည်တွင်းရှိ မင်းသားများနှင့် မှူးမတ် များထံ ချဉ်းကပ်ပြီးလျှင် ထရိုဂျန်တို့အား လက်စားချေစစ်ပွဲ ဆင်နွဲရန်သွေးစီးခဲ့ပြီးနောက် များမကြာမီ ကြီးမားသည့်စစ်တပ် ကြီးတစ်တပ်နှင့် တစ်ထောင်ကျော်သောစစ်သင်္ဘောများ(ရွက် သင်္ဘော)သည် ဩလစ်မြို့ရှိဆိပ်ကမ်းတွင် စုရုံးမိကြလေသည်။ အက်ဂါမံနွန်အားလည်း ခေါင်းဆောင်အဖြစ် တင်မြေ|ာက်ကြ ပြီးနောက် စစ်သင်္ဘောများကို အသင့်ဖြစ်စေရန် ပြင်ဆင်နေကြ ခိုက်တွင် အက်ဂါမံနွန်သည် တောကစားထွက်သွားခဲ့၏။ ထိုသို့ တောကစားထွက်ရာတွင် ဆတ်တစ်ကောင်ကို ပစ်ခတ်ရရှိလေ သည်။


ထိုအခါ အားတိမစ်နတ်သမီးသည် အမဲလိုက်မှုကို နှစ်ခြိုက်သော်လည်း တောတိရစ္ဆာန်များကို ချစ်ခင်စောင့်ရှောက် တတ်သူဖြစ်၍ လွန်စွာစိတ်ဆိုးပြီးလျှင် သင်္ဘောများ မထွက်ခွာ နိုင်အောင် ပြုလုပ်ခဲ့၏။ နတ်သမီးစိတ်ပြေရန်အလို့ငှာ မိမိ၏ သမီးဖြစ်သူ အစ်ဖီဂျီနီယာကိုသတ်၍ ယဇ်ပူဇော်ရန် ဆုံးဖြတ် လိုက်လေသည်။ သို့သော် အားတိမစ်က အက်ဂါမံနွန်သည် ဆတ်ကိုသတ်မိသည့်အတွက် ထိုမျှ စိတ်သောကရောက်နေ ကြောင်း သိရသောအခါ ယဇ်ကောင် အစ်ဖီဂျီနီယာ၏နေရာတွင် တိရစ္ဆာန်တစ်ကောင်ကို အစားထိုးပြီးနောက် အစ်ဖီဂျီနီယာကို ယူဆောင်သွားလေသည်။


နောက်ဆုံးတွင် သင်္ဘောများသည် ထရွိုင်းမြို့သို့ရောက် ရှိသွားကြပြီးလျှင် ဂရိလူမျိုးတို့က ထရွိုင်းမြို့ကို ဆယ်နှစ် တိုင်တိုင် ဝိုင်းဝန်းလုပ်ကြံခဲ့ကြသည်။ ဆယ်နှစ်အကြာတွင် ဂရိ တို့သည် ထရွိုင်းမြို့ကို ဥပါယ်တံမျဉ်ဖြင့် သိမ်းပိုက်နိုင်ခဲ့ကြ သည်။


ထိုနောက်တွင် အက်ဂါမံ နွန်သည် ဂရိပြည်ကို ပြန်လည်ထွက်ခွာ သွားလေသည်။ သူ၏ မိဖုရားဖြစ်သူ ကလိုင်တင်နက်စထရာသည် သမီးဖြစ်သူ အစ်ဖီဂျီနီယာကိုယဇ်ပူဇော်လိုက်သဖြင့် ခင်ပွန်းသည်ဖြစ်သူ အက်ဂါမံနွန်အပေါ်တွင် အခဲမကျေနိုင်ဖြစ်ကာ အက်ဂါမံနွန်၏ ရန်သူတစ်ဦးဖြစ်သူ အီဂျစ်စသပ်နှင့်တိုင်ပင်၍ သေကြောင်းကြံလေသည်။ အက်ဂါမံနွန်ကို သူ၏မိတ်ဆွေများက သတိပေးသော်လည်း မိမိစစ်ပွဲမှ ပြန်ရောက်လာသဖြင့် ဝမ်းသာသယောင် ဆောင်လျက်ရှိသော သူ၏မိဖုရားကို စိတ်ချယုံကြည်နေခဲ့၏။ အက်ဂါမံနွန်သည် နောက်တစ်နေ့၌ ရေချိုးခန်းမှ ရေချိုးပြီး၍ ပြန်အထွက်တွင် ကလိုင်တင်နက်စထရာသည် အက်ဂါမံနွန်၏ ဦးခေါင်းပေါ်သို့ အဝတ်တစ်ခုကိုလွှမ်းခြုံပေးကာ ဖမ်းချုပ်ထား ပြီးလျှင် အီဂျစ်စသပ်နှင့်ပူးပေါင်း၍ အက်ဂါမံနွန်အား သတ် လိုက်ကြသည်။ နောက်နှစ် အတော်ကြာသောအခါ အက်ဂါမံနွန် ၏ သားတော်အကြီးဆုံးဖြစ်သူ အိုရက်စ်တီးက ထိုကိစ္စအတွက် ပြန်၍ လက်စားချေလိုက်လေသည်။


စပါးတားတွင် နှစ်ပေါင်းအတော်ကြာသည်အထိ အက် ဂါမံနွန် နတ်အဖြစ် ကိုးကွယ်ခဲ့ကြသည်။ အက်ဂါမံနွန်သည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူ ၏အတ္ထုပ္ပတ္တိသည် ဂရိလူမျိုးတို့ စွဲလမ်းနှစ်ခြိုက်သည့် ဒဏ္ဍာရီ ပုံပြင်တစ်ခု ဖြစ်ခဲ့၏။ ဂရိစာဆိုများကလည်း အနည်းနည်း အဖုံဖုံ စာဖွဲ့ခဲ့ကြ၏။ အက်ဂါမံနွန်ကို ခန့်ညားပြီးလျှင် ရဲစွမ်း သတ္တိနှင့်ပြည့်စုံသော စစ်သားကောင်း တစ်ယောက်အဖြစ် အမွှမ်းတင်ခဲ့ကြသည်။ သို့သော် ထရိုဂျင်စစ်ပွဲတွင်မူ အက်ဂါမံ နွန်သည် အထူးချွန်ဆုံး သူရဲကောင်းကြီးကား မဟုတ်ခဲ့ချေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)