အက်ခရာမြို့

ဝီကီပီးဒီးယား မှ
အက်ခရာမြို့ မြင်ကွင်း
၁၈၈၅ မှ ၁၉၀၈ အတွင်း အက်ခရာမြို့မြင်ကွင်း

အက်ခရာမြို့သည် ဂါနာနိုင်ငံ ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ၂၀၁၂ ခုနှစ် လူဦးရေ စာရင်း အရ ခန့်မှန်းခြေ လူဦးရေ ၂,၂၉၁,၃၅၂ ဦး ရှိသည်။ အက်ခရာသည် ဂရိတ်တား အက်ခရာ ဒေသ နှင့် အက်ခရာ မက်ထရို ပိုလစ်တန် ခရိုင်တို့၏ မြို့တော်လည်း ဖြစ်သည်။ လူဦးရေ ၄ သန်းမျှ ရှိသော ဂရိတ်တား အက်ခရာ မက်ထရိုပိုလစ်တန် ဒေသ အတွင်းတွင် တည်ရှိပြီး ထိုဒေသမှာ ဂါနာ နိုင်ငံ အတွင်း လူဦးရေ အားဖြင့် ကြည့်လျှင် အကြီးမားဆုံး ဖြစ်ကာ အာဖရိကတွင် ၁၁ ခုမြောက် အကြီးမားဆုံးသော မက်ထရိုပိုလစ်တန် ဒေသဖြစ်သည်။