အက္ခရာ လူသတ်မှုများ

ဝီကီပီးဒီးယား မှ
The Alphabet Killer
အခြား အမည်များThe Double Initial Killer
အသေးစိတ်များ
သားကောင်များ3
မှုခင်းကာလ
November 16, 1971–November 26, 1973
နိုင်ငံUnited States
ပြည်နယ် (များ)New York, California (possible)

အက္ခရာလူသတ်မှုများသည် (အစ နှစ်ထပ်ကွမ်း လူသတ်မှုများဟုလည်း လူသိများ) နျူးယော့ခ် ရိုချက်စတာ နှင့် ကယ်လီဖိုးနီးယား လော့စ်အန်ဂျလိစ် (ဖြစ်နိုင်ဖွယ်) တို့၌ ၁၉၇၀ နှစ်များအတွင်းဖြစ်ပွားခဲ့သည်။

နျူးယော့ခ် အက္ခရာ လူသတ်မှု[ပြင်ဆင်ရန်]

နျူးယော့ခ် ရိုချက်စတာဧရိယာတဝိုက်တွင် အမျိုးသမီးငယ် ၃ ဦး အဓမ္မကျင့် ၊ လည်ညှစ်အသတ်ခံရသည်။

မိန်းခလေးများ၏ ပထမ နှင့် နောက်ဆုံး အမည်များ၏ ရှေ့စာလုံးများ တူညီနေရုံသာမက ယင်းစာလုံးများဖြင့်ပင် အစပြုသည့် မြို့များ၌ အလောင်းများကို တွေ့ရှိရသဖြင့် ဤအမှုမှာ အက္ခရာလူသတ်မှုဟု အမည်ရခဲ့ခြင်း ဖြစ်သည်။

  • ချာ့ချ်ဗီးလ် မှ ခါမန်း ခိုလွန် 
  • မာစီဒွန်မှ မီရှဲလ် မန်ဇာ
  • ဝက်ဘ်စတာ မှ ဝမ်ဒါ ဝေါ့ခိုဝစ်(ဇ်)

၁၉၇၀ နှောင်းပိုင်းနှစ်များအတွင်း ကယ်လီဖိုးနီးယားပြည်နယ်၌ အလားတူအခြေအနေများအတိုင်း ဖြစ်ပွားခဲ့သော ကွင်းဆက်လူသတ်မှုများမှာ ဤအမှု ၃ ခုနှင့် ဆက်စပ်မှုရှိမည်ဟု အမှုလိုက်များက သီအိုရီထုတ်ခဲ့သည်။

လူရာနှင့်ချီ၍ မေးမြန်းခဲ့သော်လည်း လူသတ်သမားကို အမိမဖမ်းနိုင်ခဲ့ပါ။ အာရုံထားခံရသည့်လူတဦး (နောက်ဆုံး လူသတ်မှုအပြီး ၆ ပတ်အကြာ၌ မိမိကိုယ်ကို သတ်သေခဲ့သည်) အား ဒီအဲန်အေကောက်ကြောင်းဖော်မှု ဖြင့်  ၂၀၀၇ ခုနှစ်တွင် သံသယရှင်းစေခဲ့သည်။

ခါမန်းခိုလွန်၏ အမှုတွင် သူမ၏ ဦးလေးတော်စပ်သူအားလည်း ၁၉၉၁ ခုနှစ်၌ မိမိကိုယ်ကိုသေကြောင်းကြံသည့် အချိန်တိုင်အောင် သံသယရှိသူအဖြစ် ထည့်သွင်းစဉ်းစားခဲ့သည်။

နောက်ထပ်သံသယရှိခံရသူတဦးမှာ နျူးယော့ခ် ရိုချက်စတာရှိ ပထမလူသတ်မှု ၂ ခု၏ မှုခင်းဖြစ်ပွားရာအနီးတွင် ရောင်းချလျက်ရှိသော လမ်းဘေး ရေခဲမုန့်သည် ကဲနတ်သ်ဘီယန်ခီဖြစ်သည်။ သူသည် လော့စ်အန်းဂျလိစ်သို့ ပြောင်းရွှေ့ သွားခဲ့သော ရိုချက်စတာနယ်ခံတဦးဖြစ်ပြီး ၁၉၇၇ နှင့် ၁၉၇၈ အကြား ဟေးလ်ဆိုဒ် လည်ညှစ်သတ်မှုများကို ကျူးလွန်ခဲ့သည့် အန်ဂျလိုဘျူနို ဂျူနီယာနှင့် ဝမ်းကွဲညီအကို တော်စပ်သည်။

ဘီယန်ခီအား အက္ခရာလူသတ်မှုများနှင့် စွဲချက်တင်နိုင်ခြင်းမရှိခဲ့ပေ။ သံသယတရားခံအဖြစ်မှ တရားဝင်ဖယ်ရှားပေးရန် အမှုလိုက်များထံ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မှုခင်းဖြစ်ပွားရာနေရာများအနက် ၂ ခုတွင် သူ၏ ကားကို တွေ့ခဲ့သည် ဟူသည့် ခိုင်မာမှုမရှိသော သက်သေများရှိသည်။

အသေးစိတ်အချက်အလက်များ[ပြင်ဆင်ရန်]

  • ခါမန်းခိုလွန် ၊ ၁၀ နှစ် ၊ ၁၉၇၁ နိုဝင်ဘာ ၁၆ တွင် ပျောက်ဆုံး။ သူမအား နောက်ဆုံးတွေ့မြင်ခဲ့ရသော နေရာမှ ၁၂ မိုင် အကွာ ချာ့ချ်ဗီးလ်အနီး နျူးယော့ခ် ရီဂါတွင် ၂ ရက်အကြာ တွေ့ရှိ။
  • မီရှဲလ် မန်ဇာ ၊ ၁၁ နှစ် ၊ ၁၉၇၃ နိုဝင်ဘာ ၂၆ တွင် ပျောက်ဆုံး။ ရိုချက်စတာနှင့် ၁၅ မိုင်အကွာ နျူးယော့ခ် မက်စီဒွန်တွင် ၂ ရက်အကြာ တွေ့ရှိ။
  • ဝမ်ဒါဝေါ့ခိုဝစ်ဇ် ၊ ၁၁ နှစ် ၊ ၁၉၇၃ ဧပြီ ၂ တွင် ပျောက်ဆုံး။ ရိုချက်စတာမှ ၇ မိုင်အကွာ နျူးယော့ခ် ဝက်ဘ်စတာရှိ ပြည်နယ်လမ်းအမှတ် ၁၀၄ အလွန် အပန်းဖြေဧရိယာတွင် နောက်ရက်တွင် တွေ့ရှိ။

ကယ်လီဖိုးနီးယားအက္ခရာလူသတ်မှု[ပြင်ဆင်ရန်]

၁၉၇၀ ခုနှစ်များအတွင်းက နျူးယော့ခ် ရိုချက်စတာတွင် နေထိုင်ခဲ့သော နျူးယော့ခ်ဇာတိသား အသက် ၇၇ နှစ်အရွယ်ရှိ ဂျိုးဆက်ဖ် နာဆိုကို ကယ်လီဖိုးနီးယားပြည်နယ်၌ (၁၉၇၇ ၊ ၁၉၇၈ ၊ ၁၉၉၃ နှင့် ၁၉၉၄ နှစ်များ) ကျူးလွန်ခဲ့သည့် လူသတ်မှု ၄ မှုအတွက် နဗားဒါးပြည်နယ် ရီနိုမြို့တွင် ၂၀၁၁ ဧပြီ ၁၁ ရက်၌ ဖမ်းဆီးခဲ့သည်။ ဆယ်စုနှစ်များစွာတိုင်အောင် နျူးယော့ခ် နှင့် ကယ်လီဖိုးနီးယားအကြား ခရီးလှည့်လည်သွားရောက်ခဲ့သည့် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ တဦး ဖြစ်သည်။

အသတ်ခံရသည့် အမျိုးသမီး ၄ ဦးစလုံးမှာ ပြည့်တန်ဆာများဖြစ်ကြသည်ဟု တာဝန်ရှိသူများက ဖော်ပြခဲ့သည်။

နာဆိုမှာ နျူးယော့ခ် ရိုချက်စကာ၌ ဖြစ်ပွားခဲ့သော အက္ခရာ လူသတ်မှုများအတွက် အာရုံထားခံရသူဖြစ်ခဲ့သော်လည်း သားကောင်များထံမှ ရရှိခဲ့သည့် နမူနာနှင့် သူ၏ ဒီအဲန်အေ (မျိုးရိုးဗီဇ) မှာ ကိုက်ညီမှုမရှိခဲ့ပေ။

စုံစမ်းစစ်ဆေးမှုအတွင်း သားကောင်များ၏ ကိုယ်ခန္တာများကို နာဆိုက မြုပ်နှံထားခဲ့သည်ဟု ယူဆရသော နေရာများ (ကယ်လီဖိုးနီးယားပြည်နယ်တွင် ၉ ခု ၊ ဖလော်ရီဒါပြည်နယ်တွင် ၁ ခု) ဖြစ်သည့် "၁၀ ခု စာရင်း" ကို တာဝန်ရှိသူများက ဖော်ထုတ်နိုင်ခဲ့သည်။

၂၀၁၂ ဇန်နဝါရီတွင် ပြုလုပ်သော ကယ်လီဖိုးနီးယားပြည်နယ် မရင်းကောင်တီ သူ၏ ကနဦးတရားခွင်၌ "မုဒိမ်းဒိုင်ယာရီ" အား သက်သေခံအဖြစ် တင်သွင်းလာခဲ့သည်။ နျူးယော့ခ်အထက်ပိုင်းအား စောင်းပါးရိပ်ခြည်ဖော်ညွှန်းသည့်"ဘတ်ဖလိုး တောအုပ်" ၌ မိန်းကလေးတဦးသေဆုံးမှုကို ယင်းစာအုပ်၌ ဖော်ပြထားသည်။

၂၀၁၃ ဇွန် ၁၈ တွင် ကယ်လီဖိုးနီးယားပြည်နယ် အက္ခရာ လူသတ်မှု ၄ ခု၏ သားကောင်များနှင့် ပတ်သက်ပြီး နာဆိုကို ရုံးထုတ်စစ်ဆေးသည်။ ၂၀၁၃ ဩဂုတ် ၂၀ တွင် လူသတ်မှုများအတွက် နာဆိုတွင် အပြစ်ရှိကြောင်း မာရင်ကောင်တီ ဂျူရီလူကြီးများက စွဲချက်တင်ပြီး ၂၀၁၃ နိုဝင်ဘာ ၂၂ တွင် လူသတ်မှုများအတွက် နာဆိုအား သေဒဏ်ချမှတ်ခဲ့သည်။