မာတိကာသို့ ခုန်သွားရန်

အကောက်မတတ် အခိုးဖြစ်သည်၊ အခိုးတတ်က အကောက်ဖြစ်သည်

ဝီကီပီးဒီးယား မှ

အကောက်မတတ် အခိုးဖြစ်သည်၊ အခိုးတတ်က အကောက်ဖြစ်သည် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အနက်အဓိပ္ပာယ်

[ပြင်ဆင်ရန်]

တစ်ပါးသူ ကျရစ်သော ပစ္စည်းကို ကောက်ယူရာ၌ မကျင်လည်ပါက ခိုးသည်ဟု အထင်ခံရတတ်သည်၊ တစ်ပါးသူ၏ ပစ္စည်းကို ခိုးယူရာ၌ ကျင်လည်ပါက ကောက်ယူသည်ဟု အထင်ခံရတတ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။