အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေ သဘောတူညီမှုစာချုပ်အဖွဲ့

ဝီကီပီးဒီးယား မှ

ကမ္ဘာ့နိုင်ငံရေးနှင့် ကမ္ဘာ့စီးပွားကုန်သွယ်ရေးတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အကျိုးထိခိုက်စေခြင်းအားဖြင့်ဖြစ်စေ၊ ဆက်စပ်ပေါင်းစည်း အကျိုးပြုကြ၍ဖြစ်စေ၊ ကမ္ဘာ့အခြေအနေများကို ပြုပြင်ပြောင်းလဲနိုင်ကြသည်ဖြစ်ရာ ဒုတိယကမ္ဘာ့စစ်ကြီးပြီးဆုံးသည့်နောက်တွင် စစ်မက်အနိဋ္ဌာရုံများ ကင်းရှင်း၍ ကမ္ဘာ့အခြေ အနေတည်တံ့ခိုင်မြဲရေးအတွက်နိုင်ငံရေးဘက်တွင် အစီအစဉ်များ ပြုလုပ်ခဲ့ကြသည့်နည်းတူ စီးပွားကုန်သွယ် ရေး မျက်နှာစာတွင်လည်း လျော်ကန်သင့်မြတ်သော စီမံဖန်တီးမူများကို ပြုလုပ်ခဲ့ကြသည်။

၁၉၃ဝ ပြည့်နှစ်များကာလအတွင်းဝယ် အများဆုံးအားဖြင့် ကုန်သွယ်ရေး ချုပ်ချယ်ကန့်သတ်မှုများကြောင့် ကမ္ဘာ့စီးပွားရေး မှာ ကျဆင်းခဲ့ရ၏။ စီးပွားရေးပြဿနာများကို ဖြေရှင်းရန် စစ်ပြီး ကာလစီမံကိန်းများအရ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအဖွဲ့ (အိုင်တီအို) အား အထူးသီးခြား အဖွဲ့တစ်ရပ်အဖြစ်ကုန်သွယ် ရေးစာချုပ် ကန့်သတ်မှုများကို အပြည်ပြည်ဆိုင်ရာ ထိန်းချုပ်မှု ဖြင့် ထိန်းချုပ်စေ၍ ကမ္ဘာ့ကုန်သွယ်ရေးတိုးချဲ့မှုကို အကူအညီ ပေးစေပြီး လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မားလာအောင် အထောက်အကူပြုစေခဲ့ သည်။ ၁၉၄၈ ခုနှစ်တွင် အိုင်တီအို အတွက် ပဋိညာဉ် စာတမ်းမူကြမ်း (ဟာဗားနားပဋိညာဉ်စာတမ်း) ကို အပြီးသတ်ရေးဆွဲခဲ့သော်လည်း လိုအပ်သောအတည်ပြုမှုများ ရရှိလိမ့်မည် မဟုတ်ဟူ၍ သိသာထင်ရှားလာသောအခါ ယင်းပဋိညာဉ်စာတမ်းကို ဘေးဖယ်ထားလိုက်ရသည်။ ထို့နောက် တွင်ကား ဂတ်(ွဗဤဤ) ခေါ်အကောက်ခွန်နှင့် ကုန်သွယ်ရေး ဆိုင်ရာ အထွေထွေသဘောတူညီမှု စာချုပ်အဖွဲ့သည်သာလျှင် ကမ္ဘာ့ကုန်သွယ်ရေးလုပ် ငန်းကို အများဆုံးလုပ်ကိုင်ကြသည့် နိုင်ငံများက လက်ခံသောကုန်သွယ်ရေးစည်းမျဉ်း ဥပဒေများကို ချမှတ် ပေးသည့် တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ တရားဝ၍်စာချုပ်အဖွဲ့အဖြစ် ရပ်တည်လျက်ရှိခဲ့ပေသည်။ ဂတ်အဖွဲ့၏ အပြီးသတ်သဘောတူစာချုပ် (ွှငညေူ ဗခအ)

ကို ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကုလသမဂ္ဂ မျက်နှာစုံညီ အစည်းအဝေး၏ ပြင်ဆင်ရေးကော်မတီ၏ နောက်ဆုံးအစည်း အဝေးအပြီးတွင် အတည်ပြု ကာ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာ လ ၃ဝ ရက်နေ့တွင် နိုင်ငံပေါင်း ၂၃ နိုင်ငံတို့က လက်မှတ်ရေး ထိုးခဲ့ကြ သည်။ ဂတ်အဖွဲ့အား ယင်းသို့မူလတည်ထောင်ခဲ့ကြ သော နိုင်ငံများတွင် မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံ အဖြစ် ပါဝင်ခဲ့သည်။ ဂတ်စာချုပ်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့မှစ၍ အတည်ဖြစ်လာခဲ့သည်။


ဂတ်အဖွဲ့ဝင်နိုင်ငံများ ဦးရေတိုးလာခြင်း ဂတ်အဖွဲ့ကို မူလအစတွင် ၂၃ နိုင်ငံဖြင့်သာဖွဲ့စည်းခဲ့ သော်လည်း ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် မာလိ နိုင်ငံပါဝင်လာသောအခါ အဖွဲ့ဝင်ဦးရေသည် ၁ဝ၅ နိုင်ငံ ရှိနေပြီ ဖြစ်ပြီး အောက်တိုဘာလတွင် ၁၁၁ နိုင်ငံသို့ တိုးပွားလာခဲ့သည်။ ထိုနောက် ၁၉၉၄ ခုနှစ် ဇန်နဝါရီလတွင် ပါရာဂွေးနိုင်ငံ ပါဝင် လာသောအခါ ၁၁၅ နိုင်ငံဖြစ်လာပြီး မတ်လတွင်ယူအေအီးနိုင်ငံ၊ ဂင်နီဘီဆောနိုင်ငံနှင့် စိန့်ကစစ်အင်နေဗစ်နိုင်ငံတို့ ပါဝင်လာသော အခါ အဖွဲ့ဝင်ဦးရေသည် ၁၁၉ နိုင်ငံသို့ တိုးပွားလာခဲ့သည်။ ထို့နောက်တစ်ဖန် ၁၉၉၄ ခုနှစ်၊ မတ်လတွင် လိ(ခ်ျ) တင်စတိန် နိုင်ငံနှင့် ဧပြီလတွင် ကာတာ၊ အင်ဂိုလာနှင့် ဟွန်ဒူရပ်(စ်) နိုင်ငံ တို့ ပါဝင်လာခဲ့ရာ စုစုပေါင်း အဖွဲ့ဝင်ဦးရေမှာ ၁၂၃ နိုင်ငံဖြစ် လာခဲ့သည်။

လက်ရှိတရုတ်ပြည်သူ့သမ္မတနိုင်ငံက ဂတ်အဖွဲ့သို ပြန်လည်ဝင်ရောက်ရန် ၁၉၈၆ ခုနှစ်တွင်လျှောက်ထားခဲ့သည်။ တရုတ်ပြည်သည် ဂတ်အဖွဲ့ကို မူလတည်ထောင်ခဲ့သော သန္ဓေ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့သော် လည်း ၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်တို့ အာဏာရ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင် သောအခါ တရုတ်ပြည်သည် ၁၉၅ဝ ပြည့်နှစ်တွင် ဂတ်အဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ဂတ်အဖွဲ့တွင် တရုတ်ပြည် ပြန်လည် ပါဝင်ရေးကို ၁၉၉၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျီနီဗာမြို့၌ စေ့စပ် ဆွေးနွေးခဲ့ကြ ရာ ဂတ်အဖွဲ့ဝင်တစ်စုက အင်တိုက်အားတိုက် ထောက်ခံခဲ့ကြ သည်။ ဂတ်အဖွဲ့သို့ တရုတ်ပြည် ပြန်လည်ဝင်ရောက်ရေးကို အမေရိကန်က ပိတ်ဆို့လျက်ရှိကြောင်း တရုတ်ပြည်က ၁၉၉၄ ခုနှစ်၊ဇူလိုင်လ ၂၇ ရက်နေ့တွင် စွပ်စွဲပြောဆိုလိုက်သည်။ တရုတ်ပြည်သည် ဂတ်အဖွဲ့သို့ပြန်ဝင်ရန် ၁၉၈၆ ခုနှစ်တွင် လျှောက် ထားခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုများစွာကို ပြုလုပ်ပြီး ကြီးမားသော စွန့်စားလုပ်ဆောင်မှုများကို ပြုလုပ် ခဲ့ကြောင်း၊ ယခုကဲ့သို့ ပိတ်ဆို့တားဆီးနေလျှင် တရုတ်ပြည်က ရှစ်နှစ် အတွင်း ပေးခဲ့သော ကတိကဝတ်များကို လေးစားလိုက်နာ နိုင်တော့မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။


ဂတ်အဖွဲ့၏ရည်ရွယ်ချက်/ဦးတည်ချက်များ ဂတ်စာချုပ်ကို ထိုစဉ်က ဟာဗားနားပဋိညာဉ်စာတမ်းကို ဆွေးနွေးစေ့စပ်ခဲ့ကြသည့် အစိုးရများကပင် ကမကထပြုခဲ့ပြီး ယင်းပဋိညာဉ်စာတမ်း၏ စည်းကမ်းချက်များပေါ်တွင် အများဆုံး အခြေခံထားခဲ့ကြသည်။ ဂတ်အဖွဲ့၏ အခြေခံရည်ရွယ်ချက်မှာ ကမ္ဘာ့ကုန်သွယ်ရေးကို လွတ်လပ်စွာပြုလုပ်နိုင်ရေးအတွက် ဖန်တီးပေးရန်နှင့် လုံလဲခိုင်မာသော အခြေခံပေါ်တွင် တည်ထား ရန်ဖြစ် သည်။ ဤသို့ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာသူကမ္ဘာသားများ သာယာဝပြောလာစေရန် ရည်မှန်း သည်။

အထက်ပါရည်ရွယ်ချက်နှင့် ဦးတည်ချက်များ အကောင် အထည်ပေါ်စေရန်အလို့ငှာ ဂတ်အဖွဲ့က အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအတွက် ကျင့်ထုံးဥပဒေ တစ်ရပ်ကို ချမှတ်ပေး ခဲ့သည်။ အခြေခံမူများမှာ (က) ကုန်သွယ်မှုကို အဆင့်အတန်းမခွဲခြားသည့် အခြေခံဖြင့် ကျင့်သုံးလုပ်ဆောင်ရန် စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံ အနေဖြင့် သွင်းကုန်ပို့ကုန်များအပေါ်တွင် အကောက်အခွန်များ ကောက်ခံရာ၌ နိုင်ငံတစ်နိုင်ငံအား အထူးအခွင့်အရေးပေး သည်နှင့်အမျှ စာချုပ်ဝင်နိုင်ငံများအချင်းချင်းကိုလည်း ယင်းသို့ အပြန်အလှန်ပေးကြရန် စာချုပ်ဝင်နိုင်ငံအားလုံး၌ တာဝန်ရှိသည်။ (အခွင့်ထူးခံနိုင်ငံ စာပိုဒ်) (ခ) ပြည်တွင်းစက်မှုလုပ်ငန်းကို အရေအတွက်အရ ချုပ်ချယ်ကန့်သတ်ခြင်း၊ သို့မဟုတ်အခြားတစ်ပါးသောနည်းများ ဖြင့် ချုပ်ချယ်ကန့်သတ်ခြင်းမဟုတ်မူ၍ အကောက်ခွန်နှုန်းဖြင့်သာ ကာကွယ်စောင့် ရှောက်ခြင်းပြုရန်၊ (ဂ) စာချုပ်ဝင်နိုင်ငံများစပ်ကြား ဆွေးနွေးစေ့စပ်ခဲ့ကြသော အကောက်ခွန်နှုန်းများကို ကြပ်မတ်ထိန်း ချုပ်ခြင်းဖြင့် ကုန်သွယ် ရေးအတွက် တည်ငြိမ်၍ခန့်မှန်းနိုင်သော အခြေခံတစ်ရပ်ထားရှိ ပေးရန်၊ (ဃ) စာချုပ်ဝင်နိုင်ငံများ၏ကုန်သွယ်မှု အကျိုးစီးပွားများ ထိခိုက်ပျက်စီးခြင်းကို ရှောင်ရှားနိုင်ရန်အလို့ငှာ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းတိုင်ပင်ဆွေးနွေးကြရန်၊ (င) ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်သွယ်ရေးပြဿနာများကို အထူးဂရုပြုကြရန်၊ (စ) အကောက်အခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အခြား တားဆီးပိတ်ပင်မှုများကို လျော့ချရန်ဆွေးနွေး စေ့စပ်မှုများ ပြုလုပ်ရေးအတွက် စီမံချက်ဘောင်ခွင်တစ်ခုအပြင် ယင်းသို့ ဆွေးနွေး စေ့စပ်မှုဖြင့် ရရှိသောရလဒ်များကို ဥပဒေစာချုပ် စာတမ်းတစ်ရပ်အဖြစ် စုပေါင်းဖွဲ့စည်းရေးအတွက်အဖွဲ့ အစည်းတစ်ရပ်ကို စီမံဖန်တီးပေးရန်-တို့ဖြစ်သည်။


အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဗဟိုဌာန ဂတ်အဖွဲ့ကြီး၏ ရည်ရွယ်ချက်နှင့် ဦးတည်ချက်များကို ဖော်ဆောင်ရာ၌ အထောက်အကူဖြစ်စေရန် ဂတ်အဖွဲ့ကြီးက ၁၉၆၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ် ရေးဗဟိုဌာန (အိုင်တီစီ) ကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ယင်းဗဟိုဌာနကို ဂတ်အဖွဲ့နှင့် ကုလသမဂ္ဂတို့က ပူးတွဲလုပ် ဆောင်ခဲ့သည် (ကုလသမဂ္ဂအနေဖြင့် ကုလသမဂ္ဂကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးမှု ကွန်ဖရင့်-အန့်ခ်တက်မှ တစ်ဆင့်လုပ်ဆောင်သည်)။ ဤဌာနသည် ဖွံ့ဖြိုးဆဲနိုင်ငံများအား ကုန်သွယ်မှုမြှင့် တင်ရေးအစီ အစဉ်များရေးဆွဲဖော်ဆောင်ရာ၌ ကူညီပံ့ပိုးသည့်အပြင် ပြည်ပပို့ ကုန်ဈေးကွက်များနှင့် ပတ်သက် ၍လည်းကောင်း၊ ကုန်ရောင်းချ မှုနည်းလမ်းများနှင့် ပတ်သက်၍လည်းကောင်း သတင်းအချက် အလက်နှင့် အကြံဉာာဏ်များပေးသည်။ ထိုမှတစ်ပါး ပြည်ပပို့ ကုန် မြှင့်တင်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ကုန်တင်ပို့ ဖြန့်ချိရောင်းချရေးအဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွဲ့စည်းတည်ထောင်မှုများနှင့် ပတ်သက်၍ လည်းကောင်း ကူညီ ၍ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများအား လေ့ကျင့်သင်ကြားပေးမှု များကို ပြုလုပ် ဆောင်ရွက်သည်။ ၁၉၈၄ ခုနှစ်တွင် အိုင်တီစီ သည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (ယူအင်ဒီပီ) ၏အမှုဆောင် ကိုယ်စားလှယ် (အေဂျင်စီ) ဖြစ်လာခဲ့သည်။ ယင်းအေဂျင်စီ အနေဖြင့်ကုန်သွယ်မှုမြှင့်တင်ရေး နှင့် ပတ်သက်၍ ယူအင်ဒီပီမှ ငွေကြေးထောက်ပံ့သည့် စီမံချက်များဖော်ဆောင်လုပ်ကိုင်ခြင်း တို့ကို တိုက်ရိုက် တာဝန်ယူလုပ်ဆောင်ရပေသည်။


ဂတ်အဖွဲ့၏ စီမံခန့်ခွဲရေးနှင့် လုပ်ငန်းအဖွဲ့အစည်းများ- ဂတ်အဖွဲ့ကြီး၏ လုပ်ငန်းတာဝန်များကို စီမံဆောင်ရွက်ရန် အတွက် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် စာချုပ်ဝင်နိုင်ငံများ၏ ညီလာခံအစည်းအဝေး နှင့် ကိုယ်စား လှယ်များကောင်စီအပြင် ကော်မတီများ၊ အမြဲတမ်းကောင်စီများ၊ ကောင်စီများနှင့် လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းထားရှိသည်။ စာချုပ်ဝင်နိုင်ငံများ၏ ညီလာခံကို နှစ်စဉ်ဂျီနီဗာမြို့၌ ကျင်းပလေ့ရှိသည်။ ယင်းညီလာခံတစ်ခု နှင့် တစ်ခုစပ်ကြားဖြစ်ပေါ်လာသော လတ်တလောအရေးတကြီးကိစ္စ များနှင့် လုပ်ရိုး လုပ်စဉ်ကိစ္စများကို ကိုယ်စားလှယ်များကောင်စီ က ဆောင်ရွက်သည်။ ယင်းကောင်စီ၏ အစည်းအဝေးများကို ဖော်ပြပါကိစ္စများ ပေါ်ပေါက်၍ လိုအပ်လာသကဲ့သို့ ခေါ်ယူ ကျင်းပသည်။

ဂတ်အဖွဲ့ကြီး၏ ဥရုဂွေးရောင်း (က္ကမ္မက္ကွက္ကဗ၌မ္မဥက္ကန္ဒီ) ခေါ် ဥရုဂွေးဝိုင်း ဆွေးနွေးစေ့စပ်မှုများမှစောစောပိုင်းတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်တစ်ရပ်အရကုန်သွယ်ရေးမူဝါဒသုံးသပ်ရေးနည်းစနစ် တစ်ရပ်ကို ပြုလုပ်ဖန်တီးခဲ့ရာ ယင်းနည်းစနစ်အရ ဆောင်ရွက်ရသည့် လုပ်ငန်းမှာကိုယ်စားလှယ်များ ကောင်စီ၏ လုပ်ငန်းတာဝန်ဖြစ်လာခဲ့ပေ သည်။ ယင်းလုပ်ငန်းတာဝန်မှာ အဖွဲ့ဝင်တစ်ဦးစီ၏ကုန်သွယ်ရေး မူဝါဒနှင့် လုပ်နည်းလုပ်ဟန်များသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစနစ်အပေါ်၌ မည်သို့အကျိုးသက် ရောက်မှုရှိသည် ကို အခါအားလျော်စွာ ကျင်းပသော အစည်းအဝေးများ၌ လေ့လာစိစစ်ရခြင်းဖြစ်သည်။ ဤလုပ်ငန်းတာဝန်အရ ကိုယ်စား လှယ်များကောင်စီသည် ၁၉၉၃ ခုနှစ်တွင် အာဂျင်တီးနား၊ 0x100သစ တြီးယား၊ ဘဂ‡လားဒေရှ်၊ ဘရာဇီး၊ ကနေဒါ၊ အီဂျစ်၊ ဖင်လန်၊ ဂါနာ၊ ဂျပန်၊ ရိုမေးနီးယား၊ စင်ကာပူ၊ အမေရိကန်ပြည်ထောင်စု၊ ဥရုဂွေးနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အား သုံးသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။


ကမ္ဘာ့ကုန်သွယ်ရေးပြဿနာများ[ပြင်ဆင်ရန်]

မကြာလှသေးသော အတိတ်ကာလအတွင်း ကမ္ဘာ့ကုန်သွယ်ရေး အခြေအနေများကို ပြန်လည်သုံးသပ်ကြည့်ပါလျှင်၊ ၁၉၈ဝ ပြည့်နှစ်များ၏ အစောပိုင်း၌ ကာကွယ်ရေး ဖိအားပေးမှု လုပ်ရပ်များအား ထပ်လောင်းလုပ်ဆောင်ခဲ့ကြသည်ကို ရှုမြင်ရပေ မည်။ ထိုစဉ်က ကမ္ဘာ့ကုန် သွယ်ရေးအတွက် အခြားပြဿနာ များလည်း ပေါ်ပေါက်လာခဲ့ရာ ထိုပြဿနာများမှာ ဒေသအလိုက် အုပ်စု ဖွဲ့ခြင်းများ၊ အခွင့်အရေး ပေးမှု၌ခွဲခွဲခြားခြားပြုလုပ်သော သဘောတူညီချက်များ၊ ငွေကြေးမတည်ငြိမ်မှုများ၊ ပြည်ပငွေပေး ငွေယူ ရှင်းတမ်း လက်ကျန်မညီမျှမှုများနှင့် လယ်ယာစိုက်ပျိုးရေး အတွက် ပံ့ပိုးငွေများပေးမှုကို အနှံ့အပြား ပြုလုပ် လာကြခြင်း စသော ဖြစ်ရပ်များဖြစ်သည်။ ဤတွင် ဂတ်အဖွဲ့သည် အငြင်း ပွားမှုများကို ဆွေးနွေးဖြေရှင်းရန် စင်မြင့်တစ်ခုအဖြစ်လည်း ကောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးကို ပိုမိုလွတ်လပ်စေရန် အဆက် မပြတ်ဖိအား ပေးခြင်းဖြင့် ယင်းသို့အသစ်အသစ်ဖြစ်ပွားသော ဖြစ်ရပ်များ၏ မလိုလားအပ်သော အကျိုးတရားများကိုဆန့် ကျင်ချေဖျက်ရန် လက်နက်ကိရိယာတစ်ခုအဖြစ် လည်းကောင်း ဂတ်အဖွဲ့၏ အခန်းကဏ္ဍသည်ထင်ရှား ပေါ်လွင်လာခဲ့သည်


ဂတ်အဖွဲ့၏ဆောင်ရွက်လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် အကောက်ခွန်အတားအဆီးများကို လျော့ချရေးအတွက် ဂတ်အဖွဲ့၏ ကမကထပြုမှုဖြင့် ဆွေးနွေးစေ့စပ်မှုများကို ၁၉၄၇ ခုနှစ်မှစတင် ပြုလုပ်ခဲ့ရာ ၁၉၉၃ ခုနှစ်အထိ ဂတ်ရောင်း (ွဗဤဤ မ္မဥက္ကန္ဒီ) ခေါ်ဂတ်အဖွဲ့၏ ဆွေးနွေးစေ့စပ်မှု ဝိုင်းများကို ရှစ်ဝိုင်းမျှပြုလုပ်ခဲ့သည်။

ပထမဆုံးဂတ်ဝိုင်းကို ၁၉၄၇ ခုနှစ်တွင် ဂျီနီဗာမြို့၌ ကျင်းပခဲ့ရာ ဤဆွေးနွေးပွဲက နိုင်ငံတကာဈေးကွက်များသို့ ထိုအချိန်၌ဝင်ရောက်လျက်ရှိသော ကုန်စည်အားလုံး၏ ၄၄ ရာခိုင်နှုန်းအပေါ်၌ အကောက်ခွန်များကို လျှော့ကျစေခဲ့သည်။ ဒုတိယဂတ်ဝိုင်းကို ၁၉၄၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံအန္နီစီမြို့၌ ကျင်းပခဲ့ရာ ကုန်စည်အားလုံး၏ ၃ ရာခိုင်နှုန်းပေါ်တွင် အကောက်ခွန်နှုန်းများ လျှော့ကျစေခဲ့သည်။ တတိယဂတ်ဝိုင်းကို ၁၉၅၁ ခုနှစ်တွင် အဂ‡လန်ပြည်၊ တော်ကေးမြို့၌ ကျင်းပခဲ့ရာ အကောက်ခွန်နှုန်း များကို ၉ ရာခိုင်နှုန်းပေါ်၌ကျဆင်းစေခဲ့သည်။ စတုတ္ထဂတ်ဝိုင်းကို ၁၉၅၆ ခုနှစ်တွင် ဂျီနီဗာမြို့၌ ကျင်းပ ခဲ့ရာ ၁၁ ရာခိုင်နှုန်းအပေါ်တွင် ကျဆင်းစေခဲ့သည်။ ပဉ္ဇမ ဂတ်ဝိုင်းကို ၁၉၆၂ ခုနှစ်တွင် ဂျီနီဗာမြို့၌ကျင်းပခဲ့ရာ အကောက် ခွန်နှုန်းများကို ၁၅ရာခိုင်နှုန်း ပေါ်၌ လျှော့ကျသွားစေခဲ့သည်။ (ဤဆွေးနွေးစေ့စပ်ပွဲကို ဒီလီယံဝိုင်း ဟူ၍လည်း ခေါ်ဝေါ်ခဲ့ ကြသည်။)

ဆဋ္ဌမ ဂတ်ဝိုင်းကို ၁၉၆၄ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ဂျီနီဗာမြို့၌ ကျင်းပခဲ့ရာ၊ ယင်းဆွေးနွေးပွဲကို ကင်နေဒီဝိုင်း ဟူ၍ခေါ်တွင်ခဲ့ကြသည်။ သတ္တမဂတ်ဝိုင်းကို ၁၉၇၃ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိကျင်းပခဲ့ကြရာ ဦးစွာပထမဂျီနီဗာမြို့၌ကျင်းပပြီး ၁၉၇၄ ခုနှစ်တွင်ဂျပန်နိုင်ငံတိုကျိုမြို့သို့ ပြောင်းရွေ့ကျင်းပခဲ့ကြ သည်။ (ဤဆွေးနွေးစေ့စပ်မှုများကို တိုကျိုဝိုင်း ဟူ၍ရည် ညွန်းခဲ့ကြသည်။)

အဋ္ဌမ ဂတ်ဝိုင်းကို ၁၉၈၆ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ဥရုဂွေးနိုင်ငံပန္တာဒယ်လက္ခတေးမြို့၌ ကျင်းပခဲ့သည်။ (ဤဆွေးနွေးစေ့စပ်မှုများသည် ဥရုဂွေးဝိုင်း ဟုအမည်တွင် ခဲ့သည်)။


ကင်နေဒီဝိုင်း[ပြင်ဆင်ရန်]

ဤကုန်သွယ်ရေး ဆွေးနွေးစေ့စပ်မှုများမှာ အမေရိကန် ပြည်ထောင်စုသမ္မတ ဂျေအက်ဖ် ကင်နေဒီက ဦးဆောင်နှိုးဆောင် ကျင်းပခဲ့ခြင်းဖြစ်၍ ကင်နေဒီဝိုင်း ဟုခေါ်ဝေါ်သမုတ်ခဲ့ကြခြင်း ဖြစ်သည် (အထက်-ဆဋ္ဌမဂတ်ဝိုင်း)။ ထိုစဉ်၌ အမေရိကန် ပြည်ထောင်စုက ကုန်သွယ်မှုတိုးချဲ့ရေး အက်ဥပဒေတစ်ရပပြဋ္ဌာန်း ခဲ့ရာ ယင်းအစိုးရအနေဖြင့် အကောက်ခွန်များကို ငါးနှစ်တာ ကာလအတွင်း အပြန်အလှန်အခြေခံဖြင့် ၅ဝ ရာခိုင်နှုန်းမျှ တဖြည်းဖြည်းလျှော့ချခွင့်ရရှိခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇွန်လ ၃ဝ ရက်နေ့တွင် ဤဝိုင်း၌ ပါဝင်ကြသော ဂတ်အဖွဲ့ဝင် ၄၁ နိုင်ငံတို့က ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်လက်မှတ်ရေး ထိုးခဲ့ကြ ရာ အများအားဖြင့် စက်မှုလုပ်ငန်းဆိုင်ရာ ကုန်ပစ္စည်း များအပေါ်တွင် အကောက်ခွန်များ ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။ ဤဆွေးနွေးစေ့စပ်မှုများ၌ အပူပိုင်းဇုန်ထွက်ကုန်များ အတွက် သဘောတူညီချက် တစ်စုံတစ် ရာမရရှိခဲ့ပေ။ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက်လည်းထင်ရှားသော ရလဒ်ဟူ၍အနည်းငယ် မျှသာရရှိခဲ့သည်။


တိုကျိုဝိုင်း[ပြင်ဆင်ရန်]

ဂတ်အဖွဲ့၏ သတ္တမမြောက် ဆွေးနွေးစေ့စပ်ပွဲဖြစ်သည (အထက်-သတ္တမဂတ်ဝိုင်း) ။ ဤဝိုင်းကို ၁၉၇၃ ခုနှစ်တွင် အမေရိကန်သမ္မတ အာရ်နစ်ဆင်၏ ဦးဆောင်နှိုးဆောင်မှုဖြင့် ကျင်းပခဲ့သော ကြောင့် ကနဦးတွင် နစ်ဆင်ဝိုင်း ဟု ကင်ပွန်း တပ်ခဲ့ကြသည်။ သို့သော်လည်း ၁၉၇၄ ခုနှစ်၊ 0x100သဂုတ်လ ၉ ရက် နေ့တွင် သမ္မတနစ်ဆင်ရာထူးမှ နုတ်ထွက်သောအခါ တိုကျိုမြို့တွင် ဆက်လက်ကျင်းပခဲ့ကြသည်။ ဤဆွေးနွေးစေ့စပ် မှုများတွင် ဂတ်အဖွဲ့ဝင် ၈၁ နိုင်ငံမှ ကျွမ်းကျင်သူများက ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ မှ ၁၄ ရက်နေ့အထိ တိုကျိုမြို့၌ ကျင်းပခဲ့သော အစည်းအဝေးတွင် တိုကျိုကြေညာချက် ဟု ဆိုသော စာတမ်း တစ်စောင်ကို ချမှတ်ကာ နစ်ဆင်ဝိုင်းအတွင်း စေ့စပ်မှုများတွင် လိုက်နာကျင့်သုံးကြရန် စည်မျဉ်းများကို သတ်မှတ်ခဲ့ကြသည်။ တိုကျိုဝိုင်းစေ့စပ်မှုများသည် ၁၉၇၄ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်က အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးအက်ဥပဒေကို ပြဋ္ဌာန်းခြင်းနှင့် စွမ်းအင်အကျပ်အ တည်းပြဿနာ တို့ကြောင့် နှောင့်နှေးခဲ့ရပြီး ၁၉၇၅ ခုနှစ်တွင်မှ ပြန်လည်ကျင်းပခဲ့ကြရာ ၁၉၇၉ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။ ထိုနှစ်ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တိုကျိုမြို့၌ လက်မှတ်ရေးထိုးခဲ့ ကြသော သဘောတူညီချက်များသည် ၁၉၈ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် အတည်ဖြစ်လာခဲ့ကြသည်။

တိုကျိုဝိုင်းတွင် ၉၉ နိုင်ငံပါဝင် ဆွေးနွေးစေ့စပ်ခဲ့ကြပြီး ထောင်ပေါင်းများစွာသော စက်မှုနှင့် လယ်ယာထွက်ကုန်များ အပေါ်တွင် အကောက်ခွန်များလျှော့ချရန် သဘောတူခဲ့ကြသည်။ တိုကျိုသဘော တူညီချက် များပြုလုပ်ပြီးသည့်နောက်တွင် ကမ္ဘာ့ စက်မှုဈေးကွက်နိုင်ငံကြီး ကိုးနိုင်ငံ၏ စက်မှုကုန်ပစ္စည်းများအပေါ် ကောက်ခံသည့်သွင်းကုန်အကောက်ခွန်နှုန်းသည် ပျမ်းမျှခုနှစ် ရာခိုင်နှုန်းမှ ၄ ဒသမ ၇ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့ကြောင်း၊ နှိုင်းယှဉ်ကြည့်လျှင် ဂတ်အဖွဲ့မတည်ထောင်မီက ရှိခဲ့သည့် အကောက်ခွန်နှုန်းများ ၏ ပျမ်းမျှ ၃၅ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရှိရပေသည်။ ဤတိုကျိုဝိုင်း သဘောတူညီချက်များတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အကျိုးရှိသည့် အကောက်ခွန်နှုန်း များနှင့် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိရေးအပြင် ဖွံ့ဖြိုးဆဲ နိုင်ငံများစပ်ကြား၌လည်း ယင်းကဲ့သို့အကောက်ခွန်နှုန်းများနှင့် ကင်းလွတ်ခွင့်များထားရှိရေး ကို အသိအမှတ်ပြုသည့် ပြဋ္ဌာန်း ချက်များလည်းပါရှိသည်။ ထိုမှတစ်ပါး ၁၉၆၇ ခုနှစ်ဂတ်အဖွဲ့၏ ကုန်စည် များထိုးသွင်းစုပုံချထားမှုဆန့်ကျင်ရေး (ဗန္ဒဤ၍ြ ီက္ကန္တစ္စ၍န္ဒွ) ပြဋ္ဌာန်းချက်များကို ပြင်ဆင်သည့်သဘော တူညီ ချက် တစ်ရပ်လည်းပါဝင်သည်။ နွားသား၊ နွားနို့ထွက်ကုန် ပစ္စည်းများ၊ အပူပိုင်းဇုံဒေသထွက်-ကုန်ပစ္စည်းများနှင့် ပတ်သက် သော သဘောတူညီချက် များလည်းပါဝင်သည်။ အရပ်သုံး လေယာဉ်များနှင့် ပတ်သက်၍ လွတ်လပ်စွာ ကုန်သွယ်ရေး အတွက် သဘောတူညီချက်တစ်ရပ်လည်းပါဝင်သည်။


ဥရုဂွေးဝိုင်း (ဥရုဂွေးရောင်း)[ပြင်ဆင်ရန်]

ကုန်သွယ်ရေးဆိုင် ရာနိုင်ငံတကာ ဆွေးနွေးစေ့စပ်ပွဲများတွင် အဋ္ဌမမြောက်ဖြစ်သည် (အထက်-အဋ္ဌမဂတ်ဝိုင်း)။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တိုကျိုဝိုင်းပြီးဆုံးသည့်နောက် ၁၉၈ဝ ပြည့် နှစ်များ၌ ကမ္ဘာ့ကုန်သွယ်ရေးတွင် ပြဿနာ များပေါ်ပေါက်လာ ရာ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလွတ်လပ်စေရန်အတွက် လည်းကောင်း၊ ဂတ်အဖွဲ့၏ စည်းမျဉ်းစည်းကမ်းပြဋ္ဌာန်းချက် များကို ခိုင်မာတောင့်တင်းစေရန်အတွက်လည်းကောင်း၊ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးစေ့စပ်ပွဲအသစ်တစ်ရပ်ကို စတင် ပြုလုပ်ရေးအတွက် ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလတွင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။

ဤဝိုင်းမှ စထွက်ကတည်းကပင် အထစ်အငေါ့များနှင့် ကြုံခဲ့ရသည်။ ဤဝိုင်း၏ ဆွေးနွေးစေ့စပ်ရေး အစီအစဉ်၌ ဝန်ဆောင်မှုများနှင့်ပတ်သက်သော ကုန်သွယ်မှုကို လွတ်လပ်စွာ ပြုလုပ်ရေးကိစ္စကိုထည့်သွင်းရန် အမေရိကန်ပြည်ထောင်စုက အဆိုပြုခဲ့သည်။ ဝန်ဆောင်မှုဆိုသည်မှာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၊ ဘဏ် လုပ်ငန်းနှင့် အာမခံလုပ်ငန်းစသည်တို့ပါဝင်၍ ယခင်က ဂတ်အဖွဲ့က မကိုင်တွယ်ခဲ့ဘူးသော နယ်ပယ်တစ်ခု ဖြစ်သည်။ အမေရိကန်၏ အဆိုပြုချက်ကို ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားတို့က ကန့်ကွက်ခဲ့ကြသည်။ နောက်ဆုံးတွင် အချင်းချင်းည|ိနှိုင်းလိုက်လျောမှုဖြင့် ဤကိစ္စကို ဂတ်အဖွဲ့က ကြီး ကြပ်မည့်သီးခြား ကော်မတီတစ်ရပ် ဖြင့်ဆွေးနွေးစေ့စပ်ကြရန် သဘောတူညီခဲ့ကြသည်။

ဥရုဂွေးဝိုင်း ဆွေးနွေးစေ့စပ်မှုမျာကို ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ကျင်းပခဲ့ကြရာ လေးနှစ်အတွင်း (၁၉၉ဝ ပြည့်နှစ်တွင်) အလုံးစုံပြီးစီးမည်ဟု မျှော်မှန်းခဲ့ကြသည်။ စေ့စပ်ဆွေးနွေးမှုများကို အစုအဖွဲ့ ၁၅ ဖွဲ့တို့က ပြုလုပ်ခဲ့ကြရာ ကုန်သွယ်ရေးနှင့်ပတ်သက်၍ အကောက်ခွန်များ ကောက်ခံရေးနှင့် မကောက်ခံ ရေး၊ ဂတ်အဖွဲ့၏ ပြဋ္ဌာန်းချက်များ ပြန်လည်သုံးသပ် ရေး၊ အပူပိုင်းဇုံဒေသထွက်ကုန်များ၊ အဝတ်အထည်နှင့် အထည် အလိပ်များ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းစသည့်အကြောင်းအရာ အမြောက်အမြားပါဝင်ခဲ့သည်။ ယင်း တို့အနက် ထူးခြားသော ကြောင်းအရာအချို့မှာ သဘာဝသယံဇာတအခြေ ပြုထွက်ကုန်များ (အထူးသဖြင့် ငါး၊ သစ်တောထွက် ပစ္စည်းများ၊ သံမပါသော သတ္တုများနှင့် တွင်းထွက်ပစ္စည်းများ) ကိစ္စ၊ ထောက်ပံ့ကြေး ပေးမှု များနှင့် နှစ်ဘက်ချိန်မျှရေး အလေးတင်းမှုစီမံဆောင်ရွက် ချက်များ (ဂ္ဂဥက္ကန္ဒဤနမ္မဉ္စဗ၍ူ၍န္ဒွ န္တနဗှက္ကမ္မနှ) ကိစ္စ၊ အငြင်းပွား မှုများဖြေရှင်းရေးကိစ္စ၊ ကုန်သွယ်ရေးနှင့် ဆက်နွှယ် သော ပစ္စည်တုများရောင်းဝယ်မှု အပါ အဝင် အသိပညာဆိုင်ရာ ပစ္စည်းဝတ္တုများကာကွယ်ရေးကိစ္စ၊ ကုန်သွယ်ရေးနှင့် ဆက်နွှယ် သော ရင်းနှီးမြှုပ်နှံ မှုများကိစ္စ၊ ဘဏ္ဍာရေးဝန်ဆောင်မှုကိစ္စ စသည်တို့ဖြစ်သည်။


အောင်မြင်မှုအချို့[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ် နှစ်လယ်ပိုင်းဥရုဂွေးဝိုင်းမှ အောက်ပါ ရလဒ်များ ဖြစ်ပေါ်လာခဲ့သည်။ -အပူပိုင်းဒေသထွက်ကုန်များနျင့်ပတ်သက်သည့် ကုန်သွယ်မှုကို လွတ်လပ်စွာပြုလုပ်စေရန် သဘော တူညီချက် (ဤကုန်သွယ်မှုမှာ နှစ်စဉ်တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သန်း ၂၀,၀၀၀ ခန့်ရှိ၍ ဤသဘောတူညီချက်မှ ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်သည်)။ -အငြင်းပွားမှုဖြေရှင်းရေး နည်းလမ်းများတွင် တိုးတက် ပြုပြင်မှုများ၊-ဂတ်အဖွဲ့ဝင်နိုင်ငံများအား အချိန်မှန်စစ်ဆေးရန် အတွက် ကုန်သွယ်ရေးမူဝါဒ သုံးသပ်ရေးအဖွဲ့ အစည်းတစ်ရပ် ဖွဲ့စည်းတည်ထောင်ခြင်း။

အတ္တလန္တိတ်သမုဒ္ဒရာ နှစ်ဖက်ရှိနိုင်ငံများ ကုန်သွယ်ရေး စစ်ဖြစ်လုမတတ်အခြေအနေ[ပြင်ဆင်ရန်]

၁၉၉ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ဥရုဂွေးဝိုင်း စေ့စပ်မှုများ၌ နိုင်ငံပေါင်း ၁ဝ၇ နိုင်ငံပါဝင်လျက်ရှိခဲ့သည်။ ဤနှစ် အတောအတွင်း၌ ပြင်းထန်သော သဘောကွဲလွဲမှုများ ပေါ်ပေါက်လာကာ ဆွေးနွေးစေ့စပ် မှုများအတွက် အနှောက်အ ယှက်ဖြစ်ခဲ့ရသည်။ ပြဿနာတစ်ရပ်မှာ ဂတ်အဖွဲ့အစည်းမျဉ်း များနှင့် ဆန့်ကျင်၍ ကုန်ပစ္စည်းများ ထိုးသွင်းစုပုံချထားမှု ဆန့်ကျင်ရေးစီမံချက်များအား အလွဲသုံးစားပြုလုပ်ကြောင်း စွပ်စွဲ ခြင်း ဖြစ်သည်။ (ဤသည်မှာ ကုန်တင်ပို့သည့် နိုင်ငံတစ်နိုင်ငံက မိမိထွက် ကုန်ပစ္စည်းများကို မိမိနိုင်ငံတွင်ရောင်း ချသောဈေးနှုန်း များ အောက်လျော့ချကာ တင်ပို့ခြင်းကိုတားမြစ် ပိတ်ပင်ရေး စီမံချက်များဖြစ်သည်။ ယင်းတို့ မှာ ကုန်တင်သွင်းသော နိုင်ငံများ ၏ပြည်တွင်းစက်မှုလုပ်ငန်းများကို အကာအကွယ်ပေးရန်ဖြစ် သည်) အခြား ပြဿနာတစ်ရပ်မှာ အမေရိကန်ပြည်ထောင်စုက လယ်ယာထွက်ကုန်များ ကုန်သွယ်မှုကို လွတ်လပ်စွာပြုလုပ်စေရန် လုပ်ဆောင်ရေးနှင့် ကိန်း(စ်)အဖွဲ့ ဟုခေါ်ဝေါ်သည့် လယ်ယာ ထွက်ကုန်များ တင်ပို့သော နိုင်ငံများ အစု (၁၃ နိုင်ငံ) ကအီးစီ ခေါ် ဥရောပအဖွဲ့အား လယ်ယာထွက်ကုန်တင်ပို့သူများသို့ ငွေ ကြေးပံ့ပိုးမှုများပေး နေခြင်းကို ဖျက်သိမ်းပစ်ရန်နှင့် လယ်ယာ ထွက်ကုန်များ တင်သွင်းမှုအပေါ်ကန့် သတ်ချုပ်ချယ်ထားမှုများ ကို ဖျက်သိမ်းပစ်ရန် တောင်းဆိုခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၄ဝ တို့ပါဝင်လက် မှတ်ရေးထိုးပြီး ၁၉၇၄ ခုနှစ် ဇန်နဝါရီလတွင် အတည်ဖြစ်ခဲ့သော အမ်အက်ဖ်အေ (န္တက္ကူဤ၍ ွှ၍မ္ဘမ္မန ဗမ္မမ္မဗန္ဒွနန္တနန္ဒဤ) ခေါ် အပြည်ပြည်ဆိုင်ရာ အထည်အ လိပ်များ ကုန်သွယ်ရေးနှင့်ပတ်သက်သော အစီအစဉ် ကို တစ်စတစ်စ တိုးတက်ဖျက်သိမ်းရေးအတွက် တောင်းဆိုမှုမှာ လည်း ပြဿနာတစ်ရပ်အဖြစ် ပါဝင်ခဲ့သည်။

၁၉၉ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ကုန်သွယ်ရေးဝန်ကြီး များက ဥရုဂွေးဝိုင်းကို အပြီးသတ်ရန် ရည်ရွယ်ချက်ဖြင့် အစည်း အဝေးတစ်ရပ် ကျင်းပခဲ့ကြသည်။ ဤတွင် ငါးနှစ်အတွင်း အကောက်ခွန်နှုန်းများလျှော့ ချသွားရေးအပါအဝင် ရေးရာကိစ္စ အများအပြားတွင် တိုးတက်မှုရရှိခဲ့ကြသော်လည်း လယ်ယာ စိုက်ပျိုးရေးဆိုင် ရာငွေကြေးပံ့ပိုးမှုများကိစ္စတွင် သဘောတူညီမှု မရသဖြင့် အပြီးမသတ်နိုင်ဘဲ တစ်ဆို့မှုဖြစ်ခဲ့ရသည်။ ဤအချိန် တွင် စိုက်ပျိုးရေးပံ့ပိုးငွေပေးသည့် စနစ်ကျင့်သုံးကြသည့်အပြင် ဆီထွက်သီးနှံများ အမြောက်အမြားထုတ်လုပ် တင်ပို့ ရောင်းချ ခြင်းတို့နှင့်ပတ်သက်၍ အမေရိကန်နှင့်အီးစီအဖွဲ့ ဥရောပနိုင်ငံများ စပ်ကြား ကုန်သွယ်မှုအခြေ အနေများ ပေါက်ကွဲမည့်စိုးရိမ်ဖွယ် အခြေအနေသို့ရောက်ရှိလာခဲ့သည်။ အမေရိကန်တို့၏ တောင်းဆို ချက်အရ ၁၉၉ဝ ပြည့်နှစ်၊ အောက်တိုဘာ ၃ ရက်နေ့တွင် အီးစီ ကော်မရှင်အဖွဲ့က လယ်ယာလုပ်သားများအားပေးသော ပံ့ပိုးကြေး များကို ၃ဝ ရာခိုင်နှုန်းလျှော့ချရန်ကြေညာခဲ့ရာ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံတို့ကလိုက် နာရန်ငြင်းဆန်ခဲ့ကြ သည်။ ထို့နောက် ၁၉၉ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက် နေ့တွင်အမေရိကန်နိုင်ငံ က အီးစီနိုင်ငံများအနေဖြင့် ၁ဝ နှစ် အတွင်းပြည်တွင်း လယ်ယာထောက်ပံ့ကြေးများကို ရ၅ ရာခိုင် နှုန်းလျော့ချ ပြီးကုန်တင်ပို့မူ ပံ့ပိုးကြေးများကို၉ဝ ရာခိုင်နှုန်း ဖြတ်တောက်ရန်တရားဝင် အဆိုပြုခဲ့သည်။

ဥရုဂွေးဝိုင်းသည် မူလရည်မှန်းချက်အတိုင်း ၁၉၉ဝ ပြည့်နှစ် အကုန်တွင် ပြည်ဖုံးကားမချနိုင်ဘဲ ၁၉၉၁ ခုနှစ် တွင်းသို့ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီး အထက်ပါမကျေလည်မှုများ ဆက်လက်တည်ရှိနေရာမှ ၁၉၉၂ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း၌ အမေရိကန်နိုင်ငံက အောက်ပါ တောင်းဆို ချက်အသစ်များ ထပ်ဆောင်းပြုလုပ်လာခဲ့သည်။ (က) အီးစီအဖွဲ့ဝင် ဥရောပနိုင်ငံများက ဆီထွက်သီးနှံ ထုတ်လုပ်မှုကို တန်ချိန် ၁၃ သန်းမှ ၉ သန်းသို့လျှော့ချပြီး၊ နောက်ထပ်ခြောက်နှစ်အတွင်း တန်ချိန် ခုနှစ်သန်းသို့လျှော့ချရန်။ (ခ) အထပ်ပါ အီးစီနိုင်ငံများက ၎င်းတို့၏ နှံစားသီးနှံ တင်ပို့မှုများကို ခြောက်နှစ်အတွင်း ၂၄ ရာခိုင်နှုန်းသို့လျှော့ချရန်။ ဤတွင် အပြန်အလှန်အားဖြင့် အီးစီနိုင်ငံများက အမေရိကန်ပြည်ထောင်စုအား အီးစီအဖွဲ့၏ လိုက်လျောမှုများနှင့် ပြန်လည်ချိမျှပေး ရန်၎င်း(အမေရိကန်) ၏အချို့ ကုန်များ တင်ပို့မှုအပေါ် ထိန်းချုပ်ကန့်သတ်မှုများ ပြန်လုပ်ရန် တောင်းဆို ခဲ့ကြသည်။ ထို့နောက် နိုဝင်ဘာလကုန်ခါနီးတွင် အမေရိကန် ပြည်ထောင်စုက အီးစီအပေါ် ဆီထွက်သီးနှံများနှင့် ပတ်သက်၍ ခေါင်းမာနေခြင်းကို လက်စားချေသည့်အနေဖြင့် အမေရိကန် ဒေါ်လာသန်း ၁ဝဝဝ တန်ဖိုးရှိအီးစီ ကုန်ပစ္စည်းများအပေါ် ဒဏ်ခတ်သည့် သဘောကောက်ခွန် နှုန်းများ ကောက်ခံမည်ဖြစ် ကြောင်း အချက်ပေးပြောကြားခဲ့သဖြင့် အခြေအနေမှာ အထူး တင်းမာလာခဲ့ရာ ဂတ်အဖွဲ့ဝင် ၁ဝ၈ နိုင်ငံတို့က ဂတ်အဖွဲ့၏ ညွန်ကြားရေးမှူးချုပ် အာသာဒန်ကယ်အား အတ္တလန္တိတ်သမုဒ္ဒရာ နှစ်ဖက်ရှိ နိုင်ငံများစပ်ကြား ကုန်သွယ်ရေးစစ်ပွဲတစ်ရပ် ဖြစ်ပွား မှုကို ရှောင်ရှားနိုင်ရေးအတွက် လွန်းပြန် သွားလာစေ့စပ်ည|ိနှိုင်း ပေးရန် တာဝန်ပေးအပ်ခဲ့ကြသည်။

ဤသို့ဖြင့် ခေါင်ခိုက်လာသော မီးတောက်ကို ငြိမ်းသတ် နိုင်ရန်အီးစီအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စုတို့ ဆွေးနွေးစေ့စပ်ခဲ့ ကြရာ၊ ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ကာလရှည် ကြာစွာဖြစ်ပွားနေသည့် လယ်ယာစိုက်ပျိုးမှု ပံ့ပိုးကြေးများဆိုင်ရာ အငြင်းပွားမှုနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိခဲ့ကြသည်။ သို့သော် အီးစီအဖွဲ့အတွင်း၌ ပြင်သစ်နိုင်ငံက သဘောတူညီချက် ကိုရှုတ်ချပြောဆိုခဲ့ပြီး ပြင်သစ်နိုင်ငံတစ်ဝန်းလုံးတွင် မကျေမနပ် ကန့်ကွက်ဆန္ဒပြမှုများ အနှံအပြားဖြစ်ပွားခဲ့သည်။

ဥရုဂွေးဝိုင်းစခန်းသိမ်း[ပြင်ဆင်ရန်]

မည်သို့ပင်ဆိုစေ အထက်ပါသဘောတူညီချက်သည် ခြောက်နှစ်ကြာမြင့်ခဲ့ပြီဖြစ် သော ဥရုဂွေးဝိုင်းဆွေးနွေးစေ့စပ်ပွဲကို ဆက်လက်ပြုလုပ်နိုင်ရန် လမ်းပွင့်သွားစေသည်။ လမ်းပွင့်လာ သော အခွင့်အရေးအရ ဂတ်အဖွဲ့ဝင်နိုင်ငံများက ဥရုဂွေးဝိုင်း ဆွေးနွေးစေစပ်မှုများကို ဆက်လက်ပြုလုပ်ခဲ့ကြရာ၊ ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လက်စသတ်နိုင်ခဲ့ကြသည်။ ထို့နောက် ၁၉၉၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် မော်ရိုကိုနိုင်ငံ မာရာကက်ရှ်မြို့တော်၌ ဥရုဂွေးဝိုင်း၏ စာမျက်နှာ ၂ဝယဝဝဝ ပါဝင်သော အပြီးသတ် သဘောတူညီစာချုပ်ကို ဥရုဂွေးဝိုင်းတွင် ပါဝင်ခဲ့ကြသော နိုင်ငံပေါင်း ၁၂၅ နိုင်ငံအနက် ၁၁၁ နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤတွင် ဂတ်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ပီတာဆပ်သာလင်က ဤစာချုပ်မှာ သမိုင်းတွင် အကြီး ဆုံးကုန်သွယ်ရေးသဘောတူ စာချုပ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အထက်ပါသဘောတူစာချုပ်တွင် စက်မှုလုပ်ငန်းဆိုင်ရာ အကောက်ခွန်နှုန်းများကို ၄ဝ ရာခိုင်နှုန်း အထိလျှော့ချရန်၊ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု ထောက်ပံကြေးများကို ဖြတ်ချ ရန်နှင့် ဝန်ဆောင်မှုနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှု တို့တွင် စံသစ်များချမှတ်ရန် ပြဋ္ဌာန်းချက်များပါဝင်သည်။ ထို့အပြင် ဂတ်အဖွဲ့အား ဒဗလျူတီအို- ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (တ္တဥမ္မီူ ဤမ္မဗီန ဥမ္မွဗန္ဒ၍ဇဗဤ၍ဥန္ဒ) အဖြစ် ပြောင်းလဲ ဖွဲ့စည်းတည်ထောင်ရန် သဘောတူညီချက်လည်း ပါဝင်သည်။ ဤသဘောတူညီစာချုပ်သည် ၁ဝ နှစ်အတွင်း ကမ္ဘာ့ဝင်ငွေကို တစ်နှစ်လျှင် ဒေါ်လာသန်း ၃၂၅ယဝဝဝ ပိုမိုလာစေမည်ဖြစ် ကြောင်း၊ ထို့ပြင် အခွန်အကောက်ဆိုင်ရာ အတားအဆီးများကို လျော့ချပေးပြီး လယ်ယာကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဆိုင်ရာ ကုန်သွယ်ရေး စည်းမျဉ်းများကို ပထမဆုံးအကြိမ် ချမှတ်ပေးမည် ဖြစ်၍ နိုင်ငံအားလုံးအား အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း ဂတ်အဖွဲ့ညွှန်ကြားရေးမှူးချုပ် ပီတာဆပ်သာလင်က ပြောကြားခဲ့ သည်။ ဤသဘောတူညီ ချက်ကြောင့် ကုန်သွယ်ရေးလွတ်လပ် ခွင့်ရလာသည့်အတွက် လာမည့်ဆယ်စုနှစ်တွင် ကမ္ဘာ့ထွက်ကုန် သည် အမေရိကန်ဒေါ်လာ ၆ ထရီလီယံရှိလာမည်ဟု လည်း ကောင်း၊ နှေးကွေးလျက်ရှိသော ကမ္ဘာ့စီးပွားရေးကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝဝ ခန့်တိုးလာစေမည်ဟု လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဂျီဒီပီကို အမေရိကန်ဒေါ်လာ ၈ဝ ဘီလီယံခန့် တိုးတက်စေမည်ဖြစ်ရာ၊ လယ်ယာထွက်ကုန် ပစ္စည်းများ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုတည်းအတွက် ပင် အမေရိကန်ဒေါ်လာ ၂ဝ ဘီလီယံမှ ၆ဝ ဘီလီယံ အထိ တိုးတက်လာစေမည်ဟု လည်းကောင်း ခန့်မှန်းယုံကြည်ကြသည်။

ဒဗလျူတီအို ဖွဲ့စည်းတည်ထောင်ခြင်း[ပြင်ဆင်ရန်]

ဥရုဂွေးဝိုင်း သဘောတူညီချက်စာချုပ်သည် ဂတ်အဖွဲ့ အားကုန်သွယ်ရေးကို အမြဲတမ်းအကဲခတ်စောင့်ကြည့်မည့် ဒဗလျူတီအိုခေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဖြစ်သို့ပြောင်းလဲ တည်ထောင်ပေးလိုက်သည်။ ဒဗလျူတီအိုသည် အိုင်အမ်အက်ဖ် ခေါ် အပြည်ပြည်ဆိုင်ရာ ငွေကြေး အဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့နှင့် အဆင့်တူညီသော ဘရီတန်ဝုဒ်ငွေကြေးစနစ်၏ တတိယမဏ္ဍိုင် အဖြစ်တည်ရှိ မည်ဖြစ် သည်။ ဤအဖွဲ့ကို ၂ နှစ်လျှင်တစ်ကြိမ် ကျင်းပမည့်ဝန်ကြီးအဆင့် မျက်နှာစုံညီအစည်းအဝေးက ဦးဆောင်၍ အထွေထွေကောင်စီတစ်ခုက ကြီးကြပ်သွားမည် ဖြစ်သည်။ ဒဗလျူတီအိုအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်လို လျှင် ဥရုဂွေးဝိုင်းရလဒ်များကို အကြွင်းမဲ့လက်ခံရမည်ဖြစ်သည်။ ဤအဖွဲ့သစ်သည် ၁၉၉၅ ခုနှစ်တွင်စတင် လုပ်ငန်းဆောင်ရွက် မည်ဟု မျှော်လင့်ရသည်။ ဥရုဂွေးဝိုင်းဆိုင်ရာ သဘောတူစာချုပ် ကို မာရာကက်ရှ့်မြို့၌ လက်မှတ်ရေးထိုးသည့် အချိန်တွင် ယင်းစာချုပ်အရ ဖွဲ့စည်းသည့် ဒဗလျူတီအိုတွင်ပါဝင်ရန် ၉၇နိုင်ငံမှ ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)