အကောက်ခွန်

ဝီကီပီးဒီးယား မှ

တိုင်းတစ်ပါးမှ ဝင်လာသော ကုန်နှင့် တိုင်းတစ်ပါးသို့ ထုတ်သော ကုန်များပေါ်တွင် စည်းကြပ်သောအခွန်များကို အကောက်ခွန်ဟု ခေါ်သည်။ ယခုခေတ်တွင် တိုင်းတစ်ပါးမှ ဝင်လာသော ဝင်ကုန် များပေါ်တွင် များသောအားဖြင့် အခွန်စည်းကြပ်တတ်ကြရာ ယင်းအခွန်ကို သွင်းကုန် ကောက်ခွန်ဟု ခေါ်သည်။ တိုင်းတစ်ပါးသို့ ထုတ်သော ကုန်များပေါ်တွင် အကောက်ခွန်ယူသည့် တိုင်းပြည်များမှာ အနည်း ငယ်မျှသာ ရှိရာ ယင်းအခွန်မျိုးကို ထုတ်ကုန်ကောက်ခွန်ဟု ခေါ်သည်။ ထုတ်ကုန်များများ ထုတ်နိုင်အောင် အားပေးသော အနေဖြင့် တိုင်းပြည် အများအပြားသည် ထုတ်ကုန်များပေါ်တွင် အကောက်ခွန်ယူလေ့ မရှိချေ။ ထုတ်ကုန် အမြောက်အမြား ထုတ်နိုင်မှ နိုင်ငံခြားငွေ များစွာ ရရှိနိုင်သည်။ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့တွင် ထုတ်ကုန်ခွန်ယူသည့် စံနစ်ကို ဥပဒေဖြင့်ပင် တားမြစ်ထားလေသည်။ မြန်မာနိုင်ငံ သည်လည်း ထုတ်ကုန်များပေါ်တွင် အကောက်ခွန်ခံခြင်း မရှိ ချေ။ သို့သော် အချို့ တိုင်းပြည်များတွင် ပြည်တွင်း အထူး လိုအပ်သော ကုန်ပစ္စည်းများ ပြည်ပသို့ မထုတ်နိုင်အောင် ထုတ်ကုန်ခွန်များ စည်းကြပ်ကာ သွယ်ဝိုက်၍ တားမြစ်ထား တတ်သည်။ ကော်ဖီ အမြောက်အမြားစိုက်၍ ကမ္ဘာအနှံ့အပြားသို့ ပို့နေသော ဘရာဇီးနိုင်ငံသည် အခွန်ဝင်ငွေ မှန်မှန်ရရှိစေရန် ထုတ်သော ကော်ဖီများပေါ်တွင် အကောက်အခွန် စည်းကြပ် သည်။

အကောက်ခွန်သည် နိုင်ငံအစိုးရအတွက် အလွန်မှန်သော ဝင်ငွေဖြစ်ရကား တိုင်းပြည် အသီးအသီးတို့ သည် မိမိတို့၏ ဥပဒေ စည်းမျဉ်းအရ သွင်းကုန်များပေါ်တွင် အကောက်ခွန် စည်းကြပ်ကြသည်။ စည်းကြပ်ပုံ စည်းကြပ်နည်းမှာ တစ် တိုင်းပြည်နှင့် တစ်တိုင်းပြည် မတူကြချေ။ ခရစ် ၁၈၆ဝ ပြည့် နှစ်လောက်မှစ၍ ပထမ ကမ္ဘာစစ်ပြီးသည့်နောက် ဆယ်နှစ် ကျော်ကျော်တိုင်အောင် အကောက်မရှိ၊ လွတ်လပ်စွာ ကုန်သွယ် မှုရှိခဲ့သော အဂ‡လန်နိုင်ငံသည် တိုင်းပြည် ပြန်လည်ထူထောင် ရန် ငွေကြေး ရရှိရေးအတွက်ကြောင့်သာ သွင်းကုန်များပေါ် တွင် သွင်းကုန် ကောက်ခွန်ကို ကောက်ခံခဲ့လေသည်။ အခြား တိုင်းပြည်များသည်လည်း မိမိတို့၏ အစိုးရ ဘဏ္ဍာတော် ဖြည့်သွင်းရန်အတွက် သွင်းကုန် ကောက်ခွန်များ ကောက်ကြ သည်။ မြန်မာနိုင်ငံ အပါအဝင် အချို့ တိုင်းပြည်များတွင် ရည်ရွယ်ချက် နှစ်မျိုးဖြင့် သွင်းကုန်ကောက်ခွန်များ စည်းကြပ် ကြသည်။ တစ်မျိုးမှာ အစိုးရဘဏ္ဍာတော် ဖြည့်တင်းရန်နှင့် တစ်မျိုးမှာ ပြည်တွင်း လုပ်ငန်း ကာကွယ်ရန်အတွက် ဖြစ် သည်။ ဤတိုင်းပြည်များသည် နိုင်ငံခြားမှ တင်သွင်းသော ကုန် များ အဖိုးနှုန်း တက်သွားစေရန် သွင်းကုန်ကောက်ခွန်များ စည်းကြပ်ကြသည်။ ဤသို့ စည်းကြပ်ရခြင်းမှာ ပြည်တွင်းကုန် ထုတ်လုပ်သူများအား အခွင့်အရေး ပေးလိုသောကြောင့်ဖြစ်၍ ဤနည်းသည် ပြည်တွင်း လုပ်ငန်းကာကွယ်ရန် ကောက် သောနည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်များကို ပြည်တွင်းဖြစ်ကုန်များနှင့် ယှဉ်ပြိုင် မရောင်းနိုင်အောင် စီစဉ်ပေးခြင်းကြောင့် ဖြစ်သည်။

သွင်းကုန် အရေအတွက်ပေါ်တွင် မူတည်၍ ကောက်သော အကောက်ခွန်ကို ပမာဏအလိုက် အကောက်ခွန်ဟု ခေါ်သည်။ သွင်းကုန်များ၏ တန်ဖိုးပေါ်တွင် တွက်ချက်၍ ကောက်သော အကောက်ခွန်ကို တန်ဖိုး အလိုက် အကောက်ခွန်ဟု ခေါ်သည်။ အချို့ကုန်များပေါ်တွင် ကောက်သောနည်းမှာ အထက်ပါ နည်း နှစ်နည်းကို ပေါင်း၍ ကောက်သောနည်း ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)