အကူအညီ:မျက်မြင်တည်းဖြတ်ဖြင့် ပုံထည့်ခြင်း မိတ်ဆက်/၂

ဝီကီပီးဒီးယား မှ

မိတ်ဆက်
ဝီကီပီးဒီးယားသို့ ပုံများထည့်ခြင်း

ပုံတင်ခြင်း
ဝီကီမီဒီယာ ကွန်မွန်းစ်

ပုံများ ထည့်သွင်းခြင်း
စကားလုံးတစ်ထောင်ထက် အဖိုးတန်

အသေးစိတ်ကို တည်းဖြတ်ခြင်း
ဘာကို ကြည့်နေတာလဲ

ပြခန်း
ပုံအများကြီးအတွက်

အနှစ်ချုပ်
သင်ဘာတွေ တတ်ကျွမ်းသွားသလဲ ကြည့်ရအောင်



ဝီကီမီဒီယာ ကွန်မွန်းစ်မှာ ပုံတွေကို သိမ်းဆည်းထားပြီး ဝီကီပီးဒီးယားရဲ့ မတူညီတဲ့ ဘာသာစကားဗားရှင်းတွေကနေသာမက ညီအစ်မပရေဂျက်တွေကနေပါ ရယူအသုံးပြုနိုင်ပါတယ်။


ပုံအသစ်တစ်ပုံကို upload တင်ဖို့အတွက် ပထမဦးစွာ ဆောင်းပါးရဲ့ ထိပ်ဆုံးက "ပြင်ဆင်ရန်"ကို နှိပ်ပြီး မျက်မြင်တည်းဖြတ်ကို ဖွင့်ဖို့လိုပါတယ်။


မျက်မြင်တည်းဖြတ် ကိရိယာဘား ပေါ်လာပြီဆိုရင် Insert  မီနူးကို နှိပ်ပြီး "မီဒီယာ" ကို ရွေးချယ်ပါ။ ထွက်ပေါ်လာတဲ့ အကွက်ကနေ ပုံတွေတင်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


"Upload" ခလုတ်ကိုနှိပ်ပြီး သင့်ကွန်ပျူတာထဲက ပုံတစ်ပုံကို ရွေးချယ်ပါ။


ပုံဟာ ဘာပုံလဲဆိုတာကို အခြားသူတွေ သိနိုင်ဖို့အတွက် ဖော်ပြချက်တစ်ခု ထည့်ပေးဖို့ လိုပါတယ်။ ဖော်ပြချက်ကို ပုံနဲ့အတူ ကွန်မွန်းစ်မှာပဲ သိမ်းဆည်းတဲ့အတွက် ဒီဖော်ပြချက်ဟာ ဆောင်းပါးထဲမှာ သုံးထားတာထက် ပိုမို အသေးစိတ်နိုင်ပါတယ်။ ရှာဖွေတဲ့နေရာမှာ ပိုမိုလွယ်ကူစေနိုင်ဖို့ ကဏ္ဍတွေလဲ ထည့်ပေးနိုင်ပါသေးတယ်။


"Save" ကို နှိပ်ခြင်းက ပုံကို ကွန်မွန်းစ်ထံ တင်လိုက်မှာဖြစ်ပြီး ဆောင်းပါးထဲမှာလည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။


အရေးကြီးတဲ့ သတိပေးချက်။ ကွန်မွန်းစ်ပေါ်က ပုံတွေဟာ ပုံတင်သူသာမက မည်သူတစ်ဦးတစ်ယောက်ကမှ မူပိုင်ခွင့် ပိုင်ဆိုင်ထားတာမျိုး မရှိဖို့လိုပြီး ပုံတင်လိုက်တာနဲ့ မည်သူမဆို (ခရီရေးတစ် ကွန်မွန်းစ် လိုင်စင်အရ) လွတ်လပ်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပုံရဲ့ မူပိုင်ခွင့်ကို သင်မပိုင်ဆိုင်ဘဲ 'တရားမျှတစွာ အသုံးပြုခြင်း'အောက်မှာ ရှိမယ်လို့ သင်ယုံကြည်တယ်ဆိုရင်တော့ ပုံကို ကွန်မွန်းစ်မှာ မဟုတ်ဘဲ ဝီကီပီးဒီယားပေါ်မှာသာတင်ရမှာ ဖြစ်ပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေအတွက် အကူအညီ:Wiki Markup နှင့် ပုံတင်ခြင်း မိတ်ဆက်မှာ ကြည့်ရှုပါ။