အကူအညီ:မျက်မြင်တည်းဖြတ်ဖြင့် ကိုးကားထည့်ခြင်း မိတ်ဆက်/၂

ဝီကီပီးဒီးယား မှ

VisualEditor-logo.svg

စိစစ်အတည်ပြုခံနိုင်မှု
ကိုးကားတွေက ဘာကြောင့် အရေးကြီးတာလဲ

ကိုးကားများ ထည့်ခြင်း
အလိုအလျောက် ဒါမှမဟုတ် လက်နဲ့

ရှိပြီးသားကို တည်းဖြတ်ခြင်း
ပိုမိုကောင်းမွန်လာစေဖို့

ကိုးကားများ ပြန်သုံးခြင်း
အချို့က တကယ်အသုံးတည့်တယ်

ခိုင်လုံသော ရင်းမြစ်များ
ဘယ်ရင်းမြစ်တွေက ကောင်းသလဲ

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



ကိုးကားတစ်ခုထည့်ဖို့အတွက် ဆောင်းပါးရဲ့ ထိပ်ဆုံးက "ပြင်ဆင်" ကိုနှိပ်ပြီး မျက်မြင်တည်းဖြတ်ကို အသက်သွင်းဖို့ လိုပါတယ်။ ကိရိယာဘားပေါ်လာပြီဆိုရင် ကိုးကားထည့်လိုတဲ့နေရာမှာ ကလစ်နှိပ်ပါ။ VisualEditor - Toolbar - citoid citepong.png ခလုတ်ကို နှိပ်လိုက်ရင် ကိုးကားအသေးစိတ်ထည့်ဖို့အတွက် dialog box တစ်ခုပေါ်လာပါလိမ့်မယ်။


ကိုးကားအသစ်တစ်ခု ဖန်တီးဖို့အတွက် လွယ်ကူတဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။ အလိုအလျောက် (ဝဘ် URL ထည့်ခြင်းဖြင့်) သို့မဟုတ် တမ်းပလိတ်တစ်ခုကို ဖြည့်စွက်ခြင်းဖြင့် manually (အချက်အလက်တစ်ခုချင်းစီ ဖြည့်စွက်နိုင်) ဆိုတဲ့ နည်းလမ်းနှစ်ခုနဲ့ပါ။


VisualEditor Citoid Automatic tab.png

အလိုအလျောက်ကတော့ အလွယ်ဆုံးပါပဲ။ ဝဘ်ဆိုဒ်လိပ်စာကိုထည့်ပြီး "Generate" ကိုနှိပ်လိုက်တာနဲ့ ဝီကီပီးဒီးယားက ကိုးကားပုံစံကို အလိုအလျောက်ဖန်တီးပေးပါတယ်။ ပြီးရင်တော့ ထွက်လာတဲ့ ကိုးကားပုံစံကို တစ်ချက်ကြည့်ရှုပေးပါ။ လက်ခံတယ်ဆိုရင် "Insert" ကို နှိပ်ပါ။ တကယ်လို့ တစ်ခုခု မှားသွားတယ်ဆိုရင် "Edit" ကိုနှိပ်ပြီး အချက်အလက်တွေကို ပြင်ဆင်နိုင်ပါသေးတယ်။


VisualEditor Citoid Manual.png

အချက်အလက်တွေကို စာရိုက်ပြီး ထည့်မယ်ဆိုရင်တော့ dialog box ရဲ့ "Manual" ကိုနှိပ်ပါ။ ပြီးရင် ထည့်သွင်းလိုတဲ့ ကိုးကားအမျိုးအစားကို ရွေးချယ်ပြီး အကွက်တွေမှာ ဖြည့်စွက်ပါ။ (မှတ်ချက်။ ရက်စွဲတွေကို ခုနှစ်-လ-ရက် YYYY-MM-DD ပုံစံနဲ့ ဖြည့်သင့်ပါတယ်)။


တစ်ခါတစ်ရံမှာ သင်ဖြည့်လိုတဲ့ ကိုးကားဟာ ပြထားတဲ့ကဏ္ဍတွေထဲမှာ မပါဘူးဆိုရင် (ဥပမာ မိန့်ခွန်စကားကို ကိုးကားလိုရင်) "Basic form" ကိုနှိပ်ပြီး အခြေခံကျကျ ဖြည့်စွက်နိုင်ပါတယ်။ (ဒီလိုပုံစံမျိုး ကိုးကားတွေဆိုရင်တော့ Wiki markup ကိုးကားမှုကို သုံးတာက ပိုလွယ်ပါတယ်။)