အကူအညီ:မူဝါဒများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်/အားလုံး

ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယားမှာ တင်းကြပ်တဲ့ စည်းကမ်း အနည်းငယ်ရှိနေပါတယ်။ ဒါပေမယ့် အဲဒီစည်းကမ်းတွေဟာ အဓိက မဏ္ဍိုင်ကြီး ငါးခုအပေါ်မှာ အခြေတည်ထားတာပါ။ ဝီကီပီးဒီးယားရဲ့ မူဝါဒများ နှင့် လမ်းညွှန်ချက်များကို ဝီကီအသုံးပြုသူ အသိုင်းအဝိုင်းကနေ ရေးဆွဲထားတာဖြစ်ပြီး အဲဒီ မဏ္ဍိုင်ကြီးတွေကို ရှင်းလင်းဖော်ပြနိုင်ဖို့နဲ့ အကောင်းဆုံး ဘယ်လိုလိုက်နာကျင့်ကြံကြမလဲ၊ ပဋိပက္ခတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာတွေနဲ့ လွတ်လပ်ပြီး အားကိုးအားထားပြုနိုင်တဲ့ စွယ်စုံကျမ်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။


မူဝါဒများဆိုတာကတော့ ဝီကီပီးဒီးယားရဲ့ အခြေခံနိယာမတွေကို အသေးစိတ်ဖော်ပြထားတာဖြစ်ပြီး လမ်းညွှန်ချက်များဆိုတာကတော့ မူဝါဒတွေကို ဘယ်လို အသုံးချမယ်ဆိုတာနဲ့ ဆောင်းပါးတွေအပေါ်မှာ တပြေးညီဖြစ်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ဖော်ပြထားတာပါ။ မူဝါဒများနဲ့ လမ်းညွှန်ချက်တွေရဲ့ စာမျက်နှာထိပ်ဆုံးမှာ အသိပေးချက်တစ်ခု ရှိနေပြီး စာမျက်နှာအမည်ရဲ့ ရှေ့မှာ "ဝီကီပီးဒီးယား:" ဒါမှမဟုတ် "WP:" ဆိုတဲ့ ရှေ့ဆက်စကားစု ပါဝင်ပါတယ်။

စဉ်းစားလို့ရနိုင်သမျှ ပြဿနာတွေတိုင်းအတွက် မူဝါဒတစ်ခု ဒါမှမဟုတ် လမ်းညွှန်ချက်တစ်ခု ရှိနေပေမယ့်လည်း အားလုံးကို ဘယ်သူမှ အကုန်သိမနေနိုင်ပါဘူး။ နောက်လာမယ့် စာမျက်နှာတွေဟာ အရေးပါတဲ့ မူဝါဒတွေနဲ့ လမ်းညွှန်ချက်အများစုကို ဖော်ပြပေးထားပါတယ်။ အဲဒီအခြေခံတွေ သိထားမယ်ဆိုရင် ဆွေးနွေးခြင်းနဲ့ တည်းဖြတ်ခြင်းက ပိုမိုလွယ်ကူသွားပါလိမ့်မယ်။

အကြောင်းအရာများ

ဝီကီပီးဒီးယားက စွယ်စုံကျမ်းတစ်ခုဖြစ်ပြီး ဝိုင်းဝန်းတည်းဖြတ်ကြတဲ့ အသိုင်းအဝိုင်းက တိကျမှုရှိအောင် အမြဲတမ်း အပြင်းအထန် ကြိုးပမ်းနေကြတာပါ။ ဆောင်းပါးများဟာ မျှမျှတတ ဖြစ်သင့်ပြီး ခိုင်လုံတဲ့ ရင်းမြစ်တွေမှာ ဖော်ပြထားတဲ့ စိစစ်အတည်ပြုနိုင်တဲ့ အချက်အလက်တွေသာလျှင် ပါဝင်သင့်ပါတယ်။


အပြုအမူ

A pile of pages in the shape of a heart
Show WikiLove to other editors!

ဝီကီပီးဒီးယားပေါ်မှာ စာရေးသားခြင်းက ပူးပေါင်းဆောင်ရွက်မှု အားကောင်းပါတယ်။ တခြားတည်းဖြတ်သူတွေနဲ့ ဘယ်လိုယှဉ်တွဲ ဆက်ဆံမလဲဆိုတာအတွက် စတင်လေ့လာဖို့ကောင်းတဲ့ အချက်နှစ်ချက်ရှိပြီး သတ္တိရှိဖို့နဲ့ နိုင်ငံကြီးသား ပီသဖို့ပဲ ဖြစ်ပါတယ်။


တည်းဖြတ်တဲ့အခါမှာ သတ္တိရှိပါ။ တည်းဖြတ်သူအများစုဟာ ဝီကီပီးဒီးယားကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေကြတာဖြစ်ပြီး အမှားအယွင်းတွေကို နောက်ပြန်ပြင်တာ ဒါမှမဟုတ် အမှန်ပြင်လိုက်တာမျိုး အမြဲရှိပါတယ်။ တစ်ခုခုဟာ ပိုပြီး ကောင်းသွားနိုင်တယ်ဆိုတာ သင်တွေ့ခဲ့တယ်ဆိုရင် တစ်ခုခုကို ချိုးဖောက်မိသွားမလားဆိုပြီး အရမ်းတွေးပူမနေဘဲ ပိုကောင်းသွားအောင် ပြင်ဆင်လိုက်ပါ။ တကယ်လို့ ပြောင်းလဲမှုက ပိုမိုကောင်းမွန်သွားပြီး တခြားသူတွေအမြင်မှာလဲ အဆင်ပြေနေတယ်ဆိုရင် အဲဒီပြောင်းလဲမှုကို ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ဘူးဆိုရင် တစ်စုံတစ်ယောက်က နောက်ပြန်ပြင်သွားပါလိမ့်မယ်။


နိုင်ငံကြီးသား ပီသခြင်းက တခြားသူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့နေရာမှာ ယဉ်ကျေးသိမ်မွေ့မှုရှိစေမှာဖြစ်ပြီး ရိုးသားစွာ ပြုမူခြင်းဟု ယူဆနိုင်မှာ ဖြစ်သလို ပုဂ္ဂလိက ပြဿနာတွေထက် အကြောင်းအရာ တည်းဖြတ်မှုကို ပိုမို အာရုံစိုက် ဖြေရှင်းနိုင်မှာပါ။ အပြန်အလှန် လေးစားမှုရှိဖို့ လိုအပ်မှာဖြစ်ပြီး တခြားသူတွေရဲ့ သုံးသပ်ချက်တွေကို ဥပက္ခာမပြုဘဲ အကောင်းဆုံးနည်းလမ်းကို ရှာဖွေဖို့ လိုပါတယ်။ ရိုးသားစွာ ပြုမူခြင်းဟု ယူဆတယ်ဆိုတာကတော့ အခြားသူတွေရဲ့ အပြုအမူတွေဟာ ပရောဂျက်ကို ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်တယ်လို့ ကျွန်ုပ်တို့ ယူဆပါတယ်။ ဝေဖန်ခြင်း ဒါမှမဟုတ် ပြောင်းလဲခြင်းတို့ လိုလာတယ်ဆိုရင် တည်းဖြတ်သူရဲ့ လုပ်ဆောင်မှုကို ကျွန်ုပ်တို့ ဆွေးနွေးကြပြီး ရှင်းလင်းတိကျတဲ့ သက်သေတွေ မရှိဘဲနဲ့ သူတို့ကို စွပ်စွဲတာမျိုး မလုပ်ပါဘူး။


တည်းဖြတ်သူတွေ အနေနဲ့ အများသဘောထားဆန္ဒကို လေးစားလက်ခံသင့်ပြီး ယေဘုယျအနေနဲ့ တစ်စုံတစ်ဦးက စာမျက်နှာတစ်ခုမှာ ပြောင်းလဲချက်တစ်ခု ဒါမှမဟုတ် ပေါင်းထည့်မှုတွေ လုပ်ခဲ့တယ်ဆိုရင် ဖတ်မိတဲ့ ဘယ်သူမဆို စာမျက်နှာကို သည်အတိုင်း ထားခဲ့မလား ဒါမှမဟုတ် ပြင်ဆင်မလားဆိုတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ နောက်ပြန်ပြင်ခြင်းက အနည်းငယ် ထိခိုက်စေတယ်လို့ ခံစားမိနိုင်ပေမယ့် တိုက်ခိုက်တယ်လို့ မယူဆဘဲ အများသဘောဆန္ဒရနိုင်ဖို့ ဘုံခြေလှမ်းသာ ဖြစ်ပါတယ်။ သင့်မှာ သဘောမတူတာ ဒါမှမဟုတ် အကြံပေးစရာ ရှိတယ်ဆိုရင် ဆောင်းပါးရဲ့ ဆွေးနွေးချက် စာမျက်နှာမှာ ရေးသားခဲ့နိုင်ပြီး အပြောင်းအလဲကို အများသဘောဆန္ဒမရမီ ယဉ်ကျေးသိမ်မွေ့စွာ ဆွေးနွေးနိုင်ပါတယ်။

အခြား ဖတ်ရှုရန်