အကူအညီ:ကိုးကားထည့်ခြင်း မိတ်ဆက်/ခိုင်လုံသော ရင်းမြစ်များ

ဝီကီပီးဒီးယား မှ

ဆောင်းပါးတစ်ခုထဲမှာ ပါဝင်နေတဲ့ အချက်အလက်တွေကို တိုက်ရိုက် ထောက်ပံ့ပေးနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့၊ ထုတ်ဝေဖြန့်ချိပြီးတဲ့ ရင်းမြစ်တွေ လိုအပ်ပါတယ်။ ဆောင်းပါးတစ်ခုထဲကို ကိုးကားရင်းမြစ်တွေ ဘယ်လိုထည့်ရမလဲဆိုတာ အခု သင် သိသွားပြီဆိုတော့ ဘယ်လိုရင်းမြစ်တွေကို အသုံးပြုသင့်သလဲဆိုတာ ဆက်လက်ပြောပြသွားပါမယ်


ဝီကီပီးဒီးယားမှာ ရင်းမြစ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်သုံးမျိုးရှိပါတယ်။ ဖန်တီးမှုကိုယ်တိုင် (ဥပမာ စာတမ်းတစ်ခု၊ ဆောင်းပါးတစ်ပုဒ်၊ သို့မဟုတ် စာအုပ်တစ်အုပ်)၊ ဖန်တီးသူ (ဥပမာ စာရေးဆရာ)၊ နဲ့ ဖန်တီးမှုကို ဖြန့်ချိသူ (ဥပမာ ကိန်းဘရစ်တက္ကသိုလ်ပုံနှိပ်တိုက်) စတာတွေပဲ ဖြစ်ပြီး သုံးမျိုးစလုံးဟာ ယုံကြည်စိတ်ချရမှုအပေါ် သက်ရောက်မှုရှိပါတယ်။


ယေဘုယျ ဥပဒေသအနေနဲ့ပြောရရင် ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေ များလေလေ၊ အချက်အလက်တွေ စစ်ဆေးတာ၊ ဥပဒေဆိုင်ရာကိစ္စတွေ ခွဲခြမ်းစိတ်ဖြာတာ၊ ထုတ်ဝေဖြန့်ချိထားတဲ့ အရေးအသားကို အသေးစိတ်ကြည့်ရှုစစ်ဆေးတာတွေကို လုပ်တဲ့သူ များလေလေပါပဲ။ ပညာရပ်ဆိုင်ရာ ထုတ်ဝေဖြန့်ချိမှုတွေဟာ များသောအားဖြင့် ယုံကြည်စိတ်ချရဆုံး ရင်းမြစ်တွေ ဖြစ်လေ့ရှိပါတယ်။ အခြားသော ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေထဲမှာ တက္ကသိုလ် သင်ရိုးစာအုပ်တွေ၊ လေးစားရတဲ့ စာအုပ်ထုတ်ဝေရေးကနေ ဖြန့်ချိတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေနဲ့ ခေတ်ရေစီး သတင်းစာတွေ ပါဝင်ပါတယ်။ (အချို့သော သတင်းစာတွေနဲ့ မဂ္ဂဇင်းတွေမှာ "ဘလော့ဂ်"တွေနဲ့ သုံးစွဲသူတွေ ရေးသားတဲ့ ဆောင်းပါးတွေ လွှင့်တင်လေ့ရှိပါသေးတယ်။ ပရော်ဖက်ရှင်နယ် စာရေးသူတွေရေးတာတွေက ယုံကြည်စိတ်ချရနိုင်ပေမယ့် စာဖတ်သူတွေ ရေးသားတာတွေကို ယုံကြည်စိတ်ချတဲ့ ရင်းမြစ်အနေနဲ့ ယူဆလေ့မရှိပါဘူး။)


စာရေးသူနဲ့ ထုတ်ဝေသူတို့ အတူတူပဲဖြစ်နေတတ်တဲ့ ကိုယ်တိုင် ထုတ်ဝေတဲ့ မီဒီယာအမျိုးအစားမှာ သတင်းလွှာတွေ၊ ကိုယ်ရေးကိုယ်တာ ဝဘ်ဆိုဒ်တွေ၊ စာအုပ်တွေ၊ ကိုယ်တိုင်တီထွင်မှုတွေ၊ ကိုယ်ရေးကိုယ်တာ သို့မဟုတ် အုပ်စုဖွဲ့ ဘလော့ဂ်တွေ ပါဝင်ပြီး သူတို့ကို လက်ခံနိုင်တဲ့ ရင်းမြစ်တွေအဖြစ် မသတ်မှတ်ပါဘူး


ရင်းမြစ်တစ်ခုကို အသုံးပြုနိုင်မှုကလဲ သူ့ရဲ့ပါဝင်အကြောင်းအရာပေါ်မှာလည်း မူတည်ပါသေးတယ်။ အချို့အချက်တွေအတွက် ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေဟာ တခြားအချက်အလက်တွေအတွက် ယုံကြည်စိတ်ချရခြင်း မရှိနိုင်တာတွေလဲ ရှိပါသေးတယ်။ ဒါကြောင့် သင့်မှာရှိတဲ့ အချက်အလက်တွေအပေါ် တတ်နိုင်သမျှ အကောင်းဆုံး ရင်းမြစ်တွေကို အမြဲတမ်းရှာဖွေသင့်ပါတယ်။ သက်ရှိပုဂ္ဂိုလ်များနဲ့ပတ်သက်တဲ့ အချက်အလက်တွေအတွက် ယုံကြည်စိတ်ချရမှုအရှိဆုံး ရင်းမြစ်တွေကိုသာ အသုံးပြုသင့်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဆောင်းပါးရဲ့ အကြောင်းအရာက ရေးသားထားတဲ့ ကိုယ်တိုင်ဖြန့်ချိထုတ်ဝေထားတဲ့ ရင်းမြစ်တွေကို သူတို့အကြောင်း ရင်းမြစ်အချက်အလက်တွေအနေနဲ့ တစ်ခါတစ်ရံမှာ သုံးနိုင်ပါတယ်။


ဒါတွေက ယေဘုယျလမ်းညွှန်ချက်တွေဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေအကြောင်းဟာ ရှုပ်ထွေးပြီး ဒီနေရာမှာ အကုန်လုံးကို မဖော်ပြနိုင်ပါဘူး။ နောက်ထပ် အချက်အလက်တွေ ထပ်သိချင်တယ်ဆိုရင် ဝီကီပီးဒီးယား:စိစစ်အတည်ပြုခံနိုင်မှု နဲ့ ဝီကီပီးဒီးယား:ယုံကြည်စိတ်ချရသော ရင်းမြစ်များမှာ ဆက်လက်ဖတ်ရှုပေးပါ။ ဒါ့အပြင် သတင်းအချက်အလက်တွေကို ယုံကြည်စိတ်ချရမှုအပေါ်မူတည်ပြီး ပြုစုထားတဲ့ သုံးလေ့ရှိတဲ့ ရင်းမြစ်များစာရင်းလည်း ရှိပါသေးတယ်။