ဟဿဒနက္ခတ်
ပုံပန်းသွင်ပြင်
ဟဿဒနက္ခတ် မှာ လက်ဝါးနှင့် တူ၍ ခေါ်ခြင်းဖြစ်သည်။ လက်ငါးချောင်းသဏ္ဌာန် ငါးလုံးရှိကြောင်းဆိုသည်။ ထိုနက္ခတ်ကို နေနတ်မင်း အစိုးရကြောင်းလည်း ဆိုလေသည်။ ဤနက္ခတ်သည် ဆံကျင်တရာနှင့် ယှဉ်၍ သွား၏။[၁]
၁၃။ ဟတ္တ = ဟဿတနက္ခတ်
[ပြင်ဆင်ရန်]ဟဿတနက္ခတ်ကို နှစ်ဂါထာနှင့်တစ်ဝက်၊ ပရိယာယ် (၂၄)ပုဒ်ဖြင့် ပြပါသည်။ ပရိယာယ်ပုဒ်အားလုံး “နေ”ဟူ၍ အဓိပ္ပာယ်ရပေသည်။
ဟတ္တဟူသော မဂဓကို သက္ကဋရော၍ ဟဿတဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဟတ္ထဟူသည် လက်ကို ဟော၏၊ ထို့ ကြောင့်လျှင် အဘိဓာန်ဋီကာဆရာက “ဟတ္ထသဏ္ဌာနတာယ၊ လက်နှင့်တူသော သဏ္ဌာန်ရှိသည်၏ အဖြစ်ကြောင့်။ ဟတ္တော၊ ဟဿတနက္ခတ် မည်၏”ဟူ၍မိန့်ဆိုခဲ့ခြင်း ဖြစ်ပေသည်။ မြန်မာလို လက်ဝါးနှင့် တူသည့် နက္ခတ်ဟု အဓိပ္ပာယ်ရပေသည်။ ထိုနက္ခတ်၏ လုံးရေသင်္ချာ အဆင်းသဏ္ဌာန်ကို နက္ခတ်ကျမ်း များက အောက်ပါအတိုင်း ပြဆိုထားပါသည်။
ပါတ္တရသာဒိကျမ်း | လက်ဝါး လက်ချောင်း
သဏ္ဌာန်၊ (၅) လုံး |
ကပ္ပဝဏ္ဏနာကျမ်း | |
လဃုသင်္ဂြဟကျမ်း | |
အာကာသသျှတ္တရကျမ်း |
ဂြဟသျှန္တိကျမ်း | (၅) လုံး၊ အဆင်း-သဏ္ဌာန် မပါ၊ |
သိင်္ဃဗောဓကျမ်း | |
သေနင်္ဂဗျူဟာကျမ်း | |
ရွှေမင်ရေး ပုရပိုက်ဖြူ | ၅ လုံး၊ ဆင်ဦးခေါင်း သဏ္ဍာန်၊ |
ထိုနက္ခတ်ကို နေနတ်မင်း အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ဆိုပါသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ http://martikar.pikay.org/2012/10/blog-post_5851.html
- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)