ဟွမ်အင်းယော့

ဝီကီပီးဒီးယား မှ
ဟွမ်အင်းယော့
황인엽 (cropped).jpg
မွေးဖွားဟွမ်အင်းယော့
(1991-01-19) ၁၉ ဇန်နဝါရီ၊ ၁၉၉၁ (အသက် ၃၂)
ဆိုးလ်မြို့, South Korea
အလုပ်အကိုင်Actor, Model
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၇–လက်ရှိ
ကိုယ်စားလှယ်KeyEast
ကျော်ကြားမှုအရင်းခံThe Tale of Nokdu
စစ်မှန်သောအလှအပ
18 Again

ဟွမ်အင်းယော့သည် တောင်ကိုရီးယား မော်ဒယ်သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး၊[၁] 18 Againစစ်မှန်သောအလှတရား စသည့် ဇာတ်ကားများမှတစ်ဆင့် နာမည်ကျော်ကြားလာသူဖြစ်သည်။[၂]

ဘဝနှင့်အလုပ်[ပြင်ဆင်ရန်]

ဟွမ်အင်းယော့သည် ၁၉၉၁ခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့တွင် မွေးဖွားသည်။ ကျောင်းပြီးသည့်နောက် KeyEast သို့ မော်ဒယ်အဖြစ် စတင်ဝင်ရောက်သည်။[၃] ၂၀၁၈ခုနှစ်၌ WHY နှင့် Freshman ဇာတ်ကားတို့တွင် အဓိကမင်းသားနေရာကနေ သရုပ်ဆောင်ကာ ရုပ်သံလောကသို့ ဝင်ရောက်လာသည်။[၄] The Tale of Nokdu တွင် ဘတ်ဒန်ဟိုအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ ပရိသတ်အများ၏ ချီးကျူးခြင်းခံရသည်။ 18 Againလီဒိုယွန်း၏ သားဖြစ်သူကို အနိုင်ကျင့်သည့် ဘတ်စကတ်ဘော ကပ္ပတိန်နေရာက သရုပ်ဆောင်ရာ ပို၍ လူသိများသည်။ ဟွမ်အင်းယော့သည် ၂၀၂၀ ဒီဇင်ဘာလ၌ tvN က ထုတ်လွှင့်မည့် စစ်မှန်သောအလှအပ ဇာတ်လမ်းတွဲတွင် နှလုံးလှ လူဆိုးလေး ဟန်ဆောဂျွန်းအဖြစ် သရုပ်ဆောင်မည် ဖြစ်သည်။[၅]

ရိုက်ကူးရေး[ပြင်ဆင်ရန်]

ရုပ်သံဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

ခုနှစ် ခေါင်စဉ် ကဏ္ဍ ရုပ်သံလွှင့်ဌာန ကိုးကား
၂၀၁၈ Why ဂီဂျယ်ယောင်း Naver TV [၆]
၂၀၁၉ Freshman ဆောဂယိုဝန်း Naver TV [၇]
The Tale of Nokdu ဘတ်ဒန်ဟို KBS [၈]
၂၀၂၀ 18 Again ဂူဂျာဆောင်း JTBC [၉]
၂၀၂၀–၂၀၂၁ စစ်မှန်သောအလှအပ ဟန်ဆောဂျွန်း tvN [၁၀]

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]