မာတိကာသို့ ခုန်သွားရန်

ဟွန်းပိုးဂျိ (ကျိုတို)

ဝီကီပီးဒီးယား မှ
အရှေ့ဘက်ပေါက်ဂိတ်
ကျောင်းဝင်းအတွင်းမြင်ကွင်း

ကိုဩဒိနိတ်: 35°02′06″N 135°45′08″E / 35.03505°N 135.75220°E / 35.03505; 135.75220 ဟွန်းပိုးဂျိ (本法寺) သည် ဂျပန်နိုင်ငံကျိုတိုမြို့တွင် တည်ရှိသည့် နိချိရန်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဟွန်းပိုးဂျိကို ၁၄၃၆ ခုနှစ်တွင် ရဟန်းတော် နစ်ရှင်းက တည်ထောင်ခဲ့သည်။ ဤကျောင်းတော်ကို မူလက မြို့၏ ဟိဂရှိနိုအိုးအင်း - အယခိုးဂျိ (東洞院綾小路) ဧရိယာတွင် တည်ဆောက်ခဲ့သည်။ သို့သော်လည်း နစ်ရှင်းသည် ရှောဂွန်းအရှိခဂယောရှိမိဆွတ်ကို ဒေါသဖြစ်စေခဲ့ပြီး အကျဉ်းချခံခဲ့ရသည်။ ၁၄၆၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်သာခွင့်ပေးခဲ့ပြီးနောက် ကျိုတိုမြို့လယ် ဆန်းဂျော - မရိခိုးဂျိတွင် ကျောင်းတော်ကို ပြန်လည်ကာ တည်ဆောက်ခဲ့သည်။ နစ်ရှင်း၏ သင်ကြားပသပေးမှုများသည် ကျိုတိုမြို့တွင် လူအများကြားထင်ရှားလာခဲ့ပြီး ဟွန်းပိုးဂျိသည်လည်း ကျိုတိုမြို့လယ်တွင် အဓိကကျောင်းတော်တစ်ခု ဖြစ်လာခဲ့သည်။ နစ်ရှင်း ဆုံးပါးပြီးနောက်တွင် ၁၅၃၆ ခုနှစ် တန်းမွန်ဟော့ခဲပုန်ကန်ထကြွမှု ဖြစ်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် နိချိရန်းကျောင်းတော်များအားလုံးသည် ဖျက်ဆီးခံခဲ့ရသည်။ ၁၅၄၂ ခုနှစ်တွင် အိချိဂျောဟိုရိခယ-အဂရု အရပ်တွင် ဟွန်းပိုးဂျိကို ပြန်လည်ကာ တည်ဆောက်ခဲ့သည်။ ၁၅၉၀ ခုနှစ်တွင် လက်ရှိတည်နေရာဖြစ်သည့် ခမိဂယောရပ်ကွက်၊ အိုဂဝတဲရနိုအုချိ - အဂရုသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ၁၇၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် တန်းမဲအိမီးလောင်မှုကြီးကြောင့် ကျောင်းတော်သည် ပျက်စီးခဲ့ရသည်။ ယခုလက်ရှိအချိန် ကျောင်းတော်၏ အဆောက်အဦများသည် ၁၇၈၈ ခုနှစ်ကာလနောက်ပိုင်းတွင် ပြန်လည်တည်ဆောက်ထားသည့် လက်ရာများ ဖြစ်ကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Kyoto Daijiten (京都大辞典, "Kyoto Encyclopedia"), entry for "Honpō-ji". Tankosha Publishing Company, 1984. ISBN 4-473-00885-1.