ဟဲမ်နွိုင်း
ပုံပန်းသွင်ပြင်
| Hamnøya ဟဲမ်နွိုင်း(Hamnøy) | |
|---|---|
| ရွာ | |
ရွာမြင်ကွင်း | |
| နို့ဒ်လန်းဒ်ဒေသရှိ ဟဲမ်နွိုင်းရွာနေရာပြ မြေပုံ | |
| ကိုဩဒိနိတ်: 67°56′45″N 13°07′59″E / 67.9458°N 13.1330°Eကိုဩဒိနိတ်: 67°56′45″N 13°07′59″E / 67.9458°N 13.1330°E | |
| နိုင်ငံ | နော်ဝေနိုင်ငံ |
| ဒေသ | နော်ဝေနိုင်ငံ မြောက်ပိုင်း |
| ဖင့်လ်ကဲ့(fylke or County) | နို့ဒ်လန်းဒ် |
| District | လိုဖို့တဲန်(Lofoten) |
| Municipality | မော့စ်ကဲနက်စ် |
| ပင်လယ်ရေ မျက်နှာပြင်အမြင့်[၁] | ၉ မီတာ (၃၀ ပေ) |
| အချိန်ဇုန် | CET (UTC+01:00) |
| • နွေရာသီ (DST) | CEST (UTC+02:00) |
| Post Code | 8390 Reine |
ဟဲမ်နွိုင်း(Hamnøy or Hamnøya)သည် နော်ဝေနိုင်ငံ၊ နို့ဒ်လန်းဒ် ဖင့်လ်ကဲ့ (Nordland)၊ မော့စ်ကဲနက်စ် (Moskenes) မြူနီစီပယ်အုပ်ချုပ်ရေးဒေသတွင်ပါဝင်သော တံငါရွာငယ်တစ်ခု ဖြစ်သည်။ မော့စ်ကဲနက်စ်ကျွန်း(Moskenesøya)၏ အရှေ့ပိုင်းတွင်တည်ရှိပြီး၊ ရိုင်းနဲ့ရွာ၏ အရှေ့မြောက်ဘက် ၁.၅ ကီလိုမီတာ (၀.၉၃ မိုင်)ခန့်အကွာ၊ ဗက်စ်ဖယို့အဲန်(Vestfjorden)တောင်တန်းတစ်လျှောက်တွင် ရှိသည်။ ဟဲမ်နွိုင်းသည် ရိုင်းနဲ့နှင့် ယခင်က ကူးတို့သင်္ဘောဖြင့် သွားလာနိုင်ခဲ့သော်လည်း၊ ယခုအခါ လိုဖို့တဲန်-ပြည်မလမ်းကြောင်းအဖြစ် ဥရောပ E10 လမ်းကြောင်းတစ်လျှောက် တံတားများဖေါက်လုပ်ခဲ့ပြီး အဆိုပါ ဥရောပ E10 လမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။[၂]