ဟိုလိပ်ရွာ

ဝီကီပီးဒီးယား မှ
(ဟိုလိပ် မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဟိုလိပ်ရွာ
ကျေးရွာ
ဟိုလိပ်ရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဟိုလိပ်ရွာ
ဟိုလိပ်ရွာ
ဟိုလိပ်ရွာတည်နေရာ
ကိုဩဒိနိတ်: 21°57′17″N 96°35′13″E / 21.9546508789063°N 96.5868530273438°E / 21.9546508789063; 96.5868530273438ကိုဩဒိနိတ်: 21°57′17″N 96°35′13″E / 21.9546508789063°N 96.5868530273438°E / 21.9546508789063; 96.5868530273438
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
ခရိုင်ပြင်ဦးလွင်ခရိုင်
မြို့နယ်ပြင်ဦးလွင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဟိုလိပ်ကျေးရွာသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် နယ်မြေ ၁ တွင်တည်ပြီး အုပ်စုကျေးရွာ ဖြစ်သည်။ စော်ပွားတောင် တောင်ပေါ်စေတီသို့လည်း သွားရောက်လေ့လာနိုင်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ပြင်ဦးလွင်မြို့မှ ဟိုလိပ် ရွာသို့ အချိန်မရွေးမရွေးသွားလာနိုင်သည်။ ကျေးရွာချင်ဆက်လမ်းများမှာ ကတ္တရာလမ်းတဝက်၊ကျောက်သားလမ်းတဝက်ဖြစ်ပါသည်။ နယ်မြေလုံခြုံအေးချမ်းပြီး၊ ပြင်ဦးလွင်မှ မိနစ်ငါးဆယ်ခန့် မောင်းနှင်ရသည်။

ဆက်သွယ်ရေးအော်ပရေတာအနေဖြင့်။အမ်ပီတီ၊ တယ်လီနော၊ အူရီဒူး ဖုန်းလိုင်းများချိတ်ဆက် ဆက်သွယ်နိုင်ပါသည်။

၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်လျှစ်ဓါတ်အားလိုင်းမှ ကျေးရွာအတွက်လျှပ်စစ်မီးရရှိသည်။

ကျန်းမာရေးဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

ဟိုလိပ် ရွာသည် ကျေးရွာအုပ်စုဖြစ်သောကြောင့် ကျေးလက်ကျန်းမာရေးဌာနတခုရှိပါသည်။ ဟိုလိပ်ကျေးလက်ကျန်းမာရေးဌာနသည် ပြင်ဦးလွင်မြို့နယ်၊ဟိုလိပ်အုပ်စုတွင်တည်ရှိပါသည်။ ကျေးရွာအုပ်စုအဆင်ဖြစ်သောကြောင့် ကျန်းမာဆေးမှူးအဆင့်၊ လက်ထောက်သူနာပြုများ ခန့်အပ်ထားသော ကျန်းမာရေးဌာနဖြစ်ပါသည်။

လမ်းပန်းဆက်သွယ်ရေးမဖွင့်ဖြိုးခင် ၊ ဆေးရုံတတ်ကုသရသော ကျန်းမာရေးဌာနဖြစ်ခဲ့ပါသည်။ ယခုအခါတွင် ကိုယ်ဝန်ဆောင်သားဖွားခြင်း၊ကာကွယ်ဆေးတိုက်ကျွေးခြင်း စသည့် အရာများတွင် အဓိကအားထားနေရသောနေရာဖြစ်ပါသည်။

ပါဝင်သော ကျေးရွာ ငယ်များ[ပြင်ဆင်ရန်]

ဟိုလိပ်သည် ကျေးရွာအုပ်စုဖြစ်ပြီး ကျိုင်းတောင်းရွာ၊ ဟိုလိပ်ရွာ၊ နားကူရွာ၊ ဘန်းသာရွာ၊ သရက်ချောင်ရွာ၊ ပြင်ကြီးရွာ တို့ ပါဝင်သည်။

ဒေသ သဘာဝ[ပြင်ဆင်ရန်]

တောင်ဖက်နယ်မြေအဆုံးတွင် ဒုဋ္ဌဝတီမြစ်ရှိပြီး ၊နယ်မြေ ၂ နှင့် ထိစပ်နေသည်။

ကိုးကား[ပြင်ဆင်ရန်]