ဟိုရာဒမ်ဘယ်

ဝီကီပီးဒီးယား မှ
ဟိုရာဒမ်ဘယ်
Location of Lake Zway in Ethiopia.
Location of Lake Zway in Ethiopia.
ဟိုရာဒမ်ဘယ်
ကိုဩဒိနိတ်8°00′N 38°50′E / 8.000°N 38.833°E / 8.000; 38.833ကိုဩဒိနိတ်: 8°00′N 38°50′E / 8.000°N 38.833°E / 8.000; 38.833
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများEthiopia
အကျယ်ဆုံး အလျား၃၁ km (၁၉ mi)
အကျယ်ဆုံး အနံ၂၀ km (၁၂ mi)
မျက်နှာပြင် ဧရိယာ၄၄၀ km2 (၁၇၀ sq mi)
အနက်ဆုံး အနက်အရှိုင်း၈.၉ m (၂၉ ft)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁,၆၃၆ m (၅,၃၆၇ ft)
ကျွန်းများ5 (Debre Sina, Galila, Funduro, Tsedecha, Tulu Gudo)
အနီးရှိမြို့များZiway

ဟိုရာဒမ်ဘယ် သည် အီသီယိုးပီးယားနိုင်ငံတွင်တည်ရှိပြီး ရစ်လွင်ပြင်ဒေသကန်များတွင် ပါဝင်သည့် သန့်ရှင်းကြည်လင်သည့် ကန်တစ်ခု ဖြစ်သည်။[၁] ၎င်းကန်သည် အက်ဒစ်အဘာဘာမြို့ ( Addis Ababa) ၏ တောင်ဘက် မိုင် ၁၀၀ ခန့်အကွာတွင် တည်ရှိသည်။ ကန်သည် အိုရိုမိယဒေသနှင့် နိုင်ငံတောင်ပိုင်းဒေသအကြားတွင် တည်ရှိသည်။ ဘတုမြို့သည် ကန်၏ အနောက်ဘက်ကမ်းခြေတွင် တည်ရှိသည်။ ကန်အတွင်းသို့ မီကိမြစ်သည် အနောက်ဘက်မှ လည်းကောင်း၊ ကတာမြစ်သည် အရှေ့ဘက်မှလည်းကောင်း ရေးများစီးဝင်သည်။ ကန်၏ ရေနက်ဧရိယာသည် ဧရိယာ ၇၀၂၅ စတုရန်းကီလိုမီတာ ရှိသည်။[၂]

ဟိုရာဒမ်ဘယ်သည် အရှည် ၃၁ ကီလိုမီတာ၊ အကျယ် ၂၀ ကီလိုမီတာ၊ မျက်နှာပြင်ဧရိယာ ၄၄၀ ကီလိုမီတာ ရှိသည်။ အမြင့်ဆုံးအနက်သည် ၉ ကီလိုမီတာရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၃၆ မီတာတွင် တည်ရှိသည်။ [၃][၄]၁၉၆၇-၆၈ အီသီယိုးပီးယားအချက်အလက်များအရ ဇိဝေကန်၏ အရှည်သည် ၂၅ ကီလိုမီတာ၊ အကျယ် ၂၀ ကီလိုမီတာ၊ မျက်နှာပြင် ဧရိယာသည် ၄၃၄ စတုရန်းကီလိုမီတာ ရှိသည်ဟု ဆိုသည်။ ကန်၏ အမြင့်ဆုံးအနက်သည် ၄ မီတာရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၄၆ မီတာတွင် တည်ရှိသည်။ ကန်တွင် ကျွန်းငါးခုပါဝင်ပြီး ၎င်းတို့မှာ  Debre Sina, Galila, Funduro, Tsedecha နှင့် Tulu Gudo တို့ ဖြစ်ကြသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Leslau၊ Wolf (1999)။ Dambal Ethiopic Documents: Grammar and Dictionary။ Wiesbaden: Otto Harrassowitz။ p. xv။ ISBN 3447041625
  2. Robert Mepham, R. H. Hughes, and J. S. Hughes, A directory of African wetlands, (Cambridge: IUCN, UNEP and WCMC, 1992), p. 158
  3. "Water Resources and Irrigation Development in Ethiopia – IWMI" Archived 18 July 2011 at the Wayback Machine., Table 3. Basic hydrological data of lakes and reservoirs of Ethiopia. (accessed 2 July 2011)
  4. Google Earth
  5. "Climate, 2008 National Statistics (Abstract)" Archived 13 November 2010 at the Wayback Machine., Table A.2. Central Statistical Agency website (accessed 26 December 2009)