ဟိုက်ဒရိုမီတာ

ဝီကီပီးဒီးယား မှ
လက်တွေ့ရူပဗေဒတွင် အသုံးပြုသော ဟိုက်ဒရိုမီတာ

ဟိုက်ဒရိုမီတာဆိုသည်မှာ အရည်များ၏ သိပ်သည်းခြင်းကို သတ်မှတ် ပေးသည့် ကိရိယာ ဖြစ်သည်။ ထိုကိရိယာမျိုးကို အားခီးမီးဒီး၏ မူလ သဘောတရားပေါ်တွင် အခြေပြု၍ ပြုလုပ်ထားလေသည်။ ထိုမူလ သဘောတရားအရ ပစ္စည်းတစ်ခုကို အရည်တစ်ခုတွင် ထည့်လိုက် သောအခါ ထိုပစ္စည်းသည်ပို၍ ပေါ့လာပုံရရာ လျော့သွားသော အလေးချိန် သည် ထိုပစ္စည်းက ဖယ်ထုတ်လိုက်သောအရည်၏ အလေးချိန် နှင့် တူညီလေသည်။

ဟိုက်ဒရိုမီတာသည် များသောအားဖြင့် ဖန်ပြွန်သေးသေး တချောင်း ဖြစ်လေ့ရှိပြီးလျှင် ထိုဖန်ပြွန်၏ အောက်ခြေတွင် လေးသော ပစ္စည်းတစ်မျိုးမျိုးကို ထည့်ထားလေ့ရှိသည်။ အရည် တစ်မျိုး၏ သိပ်သည်းခြင်းကို သိလိုသောအခါ ထိုအရည် အတွင်းသို့ ဖန်ပြွန်ကလေးကိုထည့်၍ ကြည့်ရလေသည်။ ဖန်ပြွန်ကလေး၏ ဘေးပတ်လည်တွင် အတိုင်းအတာ စကေး များကို ရေးမှတ်ထားသည်။ သာဓကအဖြစ်ဖြင့် ထိုကိရိယာကို ရေထဲသို့ ထည့်၍ကြည့်လျှင် ခြောက်စင်တီမီတာ ရောက်သည် အထိ နစ်သွားသည်ဟု ဆိုကြပါစို့။ တစ်ဖန် ထိုကိရိယာကိုပင် အခြားအရည်တစ်မျိုးအတွင်းသို့ ထည့်၍ကြည့်ပြန်ရာ ရှစ်စင်တီ မီတာရောက်သည်အထိ နစ်သွားသည်ကို တွေ့ရလျှင် ဒုတိယ အရည်၏ သိပ်သည်းခြင်းသည် ရေ၏ သိပ်သည်းခြင်းနှင့်စာက ၆/၈ Ó ့၇၅ ရှိ သည်ကို တွေ့ရလေသည်။ သို့မဟုတ် ရေ သိပ်သည်းခြင်း၏ လေးပုံသုံးပုံရှိသည်ကို တွေ့ရလေသည်။ တိုင်းတာရမည့် အရည်များ၏ သိပ်သည်းခြင်းများကို နှိုင်းယှဉ် ၍ ကြည့်ခြင်းအားဖြင့် ရောစပ်ထားသည့် အရည်များ၏ ပမာဏ များကို သတ်မှတ်နိုင်လေသည်။

ပစ္စည်းတစ်ခု၏ သိပ်သည်းခြင်းသည် ယင်း၏ အလေးချိန် ကို ထိုနေရာယူသော ပစ္စည်းထုထယ်ဖြင့် စားခြင်းနှင့် ညီမျှ သည်။ သိပ်သည်းဆမှာ ပစ္စည်းတစ်ခု၏ အလေးချိန်ကို ထုထယ်တူ ရေအေး၏ အလေးချိန် ဖြင့် ရောစပ်ထားသည့် အရည်များ၏ ပမာဏာများကို သတ်မှတ်နိုင်လေသည်။ ပစ္စည်းတစ်ခု၏ သိပ်သည်းခြင်းသည် ယင်း၏ အလေး အချိန် ထုထယ်တူတာရာ၌ အသုံးပြု၍ အယ်လကိုဟောလို မီတာမျိုးကို အယ်လကိုဟောကို စမ်းသပ်ရာ၌ အသုံးပြုကြ သည်။ ပင်လယ်ကူးသဘေ‡ာများ၏ ဗွိုင်လာများရှိ ဆားရည်၏ အပြင်းအပျော့ကို ဆယ်လီနိုမီတာမျိုးဖြင့် တိုင်းလေ့ရှိကြသည်။ လျှပ်စစဓာတ်အား သိုလှောင်သည့် ဗက်ထရီများကို စမ်းသပ်ရန် အထူးစီမံပြုလုပ်ထားသော ဟိုက်ဒရို မီတာမျိုးကို အက်ဆီဒီမီတာဟု ခေါ်သည်။ ထိုဟိုက်ဒရိုမီတာမျိုးကို ဗက်ထရီ များအတွင်းရှိ အက်ဆစ်၏ ပမာဏကို သတ်မှတ်ရန် အသုံးပြု ကြလေသည်။ ဗက်ထရီအတွင်းရှိ အက်ဆစ်ရည်သည် ပြင်း လေလေ အလေး ချိန်ပိုလာလေလေ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)