ဟိုက်ဂရိုမီတာ
လေထု၏ စိုထိုင်းမှုတိုင်း ကိရိယာ
[ပြင်ဆင်ရန်]လေထု၏ စိုထိုင်းမှုကို တိုင်းတာသော ကိရိယာမျိုးဖြစ်သည့် ဟိုက်ဂရိုမီတာသည် ဆိုက်ကရိုမီတာ၊ ကက်ဘာသာမီမိုတာ စသည်ဖြင့် အမျိုးမျိုး အစားစားရှိသည်။ အောက်ပါ အကြောင်းရပ်တွင် ဟိုက်ဂရိုမီတာ အစားစားရှိပုံနှင့် ယင်းတို့ကို မည်သို့ အသုံးပြုရပုံကို ဖော်ပြထားသည်။
ဟိုက်ဂရိုမီတာ
[ပြင်ဆင်ရန်]လေထု၏ စိုထိုင်းမှုအဆကို သိလိုသောအခါ ဟိုက်ဂရိုမီတာခေါ် ကိရိယာတစ်မျိုးကို အသုံးပြုကြလေသည်။ စိုထိုင်းမှု (လေထု၏ ရေငွေ့ပမာဏ)သည် မိုးလေဝသဌာနမှ မိုးလေဝသ အခြေအနေ ကို ကြိုတင်၍ ခန့်မှန်းရာ၌ အရေးကြီး သော အကြောင်းတရပ် ဖြစ်လေသည်။
ဟိုက်ဂရိုမီတာ အမျိုးမျိုးရှိရာ အသုံးအများဆုံး ဟိုက်ဂရို မီတာမျိုးမှာ ဆိုက်ကရိုမီတာ၊ သို့မဟုတ် အစိုနှင့် အခြောက် ဖန်သီးဟိုက်ဂရိုမီတာ ဖြစ်သည်။ ဟိုက်ဂရိုမီတာမျိုးတွင် သာမို မီတာနှစ်ခုကို အတံတစ်ခုတွင် တစ်ဘက်တစ်ချက်စီ ဆင်ထား သည်။ ထိုသာမိုမီတာနှစ်ခုသည် တစ်ခုနှင့်တစ်ခု တသွေမတိမ်း တူသော်လည်း သာမိုမီတာတစ်ခု၏ ဖန်သီးကို ပိတ်ပါးစိုဖြင့် ဖုံးအုပ်ထားလေသည်။ ထိုနောက် သာမိုမီတာများကို ဝှေ့ယမ်း ပေးသည်။ သို့မဟုတ် လေယပ်ပေးသည်။ ပိတ်ပါးရှိ ရေငွေ့များ အငွေ့ပျံသွားသောအခါ ဖန်သီးအစိုရှိသော သာမိုမီတာ၏ အပူချိန်ဒီဂရီသည် ကျသွားလေသည်။ ထိုသို့ အပူချိန်ကျရာ တွင် ထိုနေ့သည် သွေ့ခြောက်နေလျှင် အပူချိန်ကျခြင်း လျင်မြန်၍ ထိုနေ့သည် စိုထိုင်းထိုင်း ဖြစ်နေလျှင် အပူချိန် ကျခြင်း နည်းပါးလေသည်။ ဖန်သီးအခြောက်ရှိသော သာမို မီတာကို ကြည့်ခြင်းဖြင့် လေထု၏ အပူချိန် အစစ်အမှန်ကို သိနိုင်လေသည်။ ထိုသာမိုမီတာနှစ်ခုရှိ အပူချိန်များကို နှိုင်းယှဉ် ၍ ကြည့်ခြင်းဖြင့် လေထု၏ စိုထိုင်းမှုအဆကို သိနိုင်လေသည်။ ထိုသို့ သိနိုင်ရန် အသင့်တွက်ချက်ထားသည့် ဇယားတစ်ခု ရှိလေသည်။
ဇီဝကိစ္စဗေဒပညာရှင်တစ်ဦးဖြစ်သော အဂ‡လိပ်လူမျိုး ဆာ လီယိုနတ်ဟီးဆိုသူ (၁၈၆၆ ခုနှစ်ဖွား) တီထွင်ခဲ့သည့် ကက် တာသာမိုမီတာလည်း ရှိသေးသည်။ ထိုသာမိုမီတာဖြင့် စိုထိုင်းမှု ကို တိုင်းတာနိုင်ပေသည်။ ထိုသာမိုမီတာတွင် သာမန် သာမို မီတာများ၌ ရှိလေ့ရှိသော ဖန်သီးထက် ပို၍ကြီးသော ဖန်သီး ရှိသည်။ ထိုသာမို မီတာကို ရေနွေးတွင် ၉၈ံ ဖာရင်ဟိုက်သို့ အပူချိန်တက်လာသည်အထိ ထားပြီးနောက် ပတ်ဝန်းကျင်ရှိ လေက ယင်း၏ အပူချိန်ကို ကျစေသည့်အချိန်ကို မှတ်သားရ သည်။ ထိုနောက် ပိုးစဖြင့် ဖန်သီးကို အုပ်၍ ဖန်သီးအစို အမှတ်အသားများကို ပြုလုပ်ရသည်။ ဆိုလိုသည်မှာ ပိုးစကို ရေဆွတ်ပြီးလျှင် လေယပ် ပေးခြင်းဖြင့် ရရှိသည့် အပူချိန်ကို မှတ်သားခြင်းဖြစ်သည်။ ထိုအမှတ်အသားများနှင့် အချိန် မှတ် သားချက်များမှ လေအေးလာသည့် အကျိုးသက်ရောက်မှုကို ခန့်မှန်းနိုင်ပေသည်။
အထည်လုပ်ငန်း၊ စီးကရက်နှင့် ဆေးတန်သောက်ဆေး လုပ်ငန်းကြီးများအတွက် လေထု၏ စိုထိုင်းမှုကို သိရှိ မှတ်သား ထားရန် အထူးလိုအပ်သဖြင့် ထိုလုပ်ငန်းကြီးများရှိရာ စက်ရုံ အလုပ်ရုံကြီးများနှင့် ကျောင်းများ၊ ရုံးများစသည့် အဆောက် အအုံများတွင် ဟိုက်ဂရိုမီတာကို တပ်ဆင်ထားရှိကြသည်။ ဤသို့အားဖြင့် အပူလွန်၍ လေသွေ့ခြောက်လွန်းနေသောအခါ များတွင် လေထု စိုထိုင်းမှုအဆကို လိုအပ်သလို ပြုပြင်ပေးနိုင် ရန် အလို့ငှာ ရေငွေ့များကို သွင်းပေးနိုင်လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)