ဟိုက်ခု

ဝီကီပီးဒီးယား မှ

ဟိုက်ခု (သို့) ဟိုက္ကူ သည် ဂျပန်ကဗျာအမျိုးအစားတစ်ခု ဖြစ်သည်။ အွန်းသံ ၁၇ သံဖြင့် ဖွဲ့စည်းထားသည့် တိုတောင်းသည့် ကဗျာတစ်ခု ဖြစ်သည်။[၁]

စည်းမျဉ်းများ[ပြင်ဆင်ရန်]

ဟိုက်ခုရေးသားတည်ဆောက်ရာတွင် အောက်ပါစည်းမျဉ်းများကို လိုက်နာရန် လိုအပ်သည်။

၁။ အွန်းသံ ငါးခု၊ ခုနစ်ခု၊ ငါးခု ပါဝင်ရန် လိုအပ်သည်။

၂။ ရာသီဥတုအကြောင်းကို ထည့်သွင်းရေးသား ဖော်ပြရန် လိုအပ်သည်။

၃။ စိတ်ခံစားချက် ပြင်းပြမှုကို ဖော်ပြပြီး ကာရန်လိုက်၍ အသုံးပြုနိုင်ရန် 「や」(ယ)、「かな」(ခါနား) စသည်တို့ကို အသုံးပြုရန် လိုအပ်သည်။

လက်ရှိအချိန်တွင်မူ အထက်ပါ စည်းမျဉ်းများကို လေးစားလိုက်နာမှုမရှိကြဘဲ ဖွဲ့စည်းတည်ဆောက်ထားသည့် ဟိုက်ခုများလည်း ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. みんなの日本語初級Ⅱ第2版