မာတိကာသို့ ခုန်သွားရန်

ဟိဂရှိဟွန်းဂန်းဂျိ

ဝီကီပီးဒီးယား မှ
ဟိဂရှိဟွန်းဂန်းဂျိ
Higashi Hongan-ji
東本願寺
Eastern Temple of the Original Vow
Higashi Hongan-ji
ဟိဂရှိဟွန်းဂန်းဂျိ သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဟိဂရှိဟွန်းဂန်းဂျိ
ဂျပန်နိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာ754 Tokiwa-machi, north of Karasuma and Shichijō, Shimogyō-ku, Kyoto, Kyoto Prefecture
ကိုဩဒိနိတ်34°59′27.66″N 135°45′30.44″E / 34.9910167°N 135.7584556°E / 34.9910167; 135.7584556ကိုဩဒိနိတ်: 34°59′27.66″N 135°45′30.44″E / 34.9910167°N 135.7584556°E / 34.9910167; 135.7584556
ဘာသာရေး နှီးနွယ်မှုJōdo Shinshū, Ōtani-ha
နိုင်ငံJapan
လက်ရှိအခြေအနေHead temple
ဝက်ဘ်ဆိုဒ်Ōtani-ha (Higashi Honganji)

ဟိဂရှိဟွန်းဂန်းဂျိ {Higashi Hongan-ji, 東本願寺) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ရှိမိုဂယောရပ်ကွက်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာဘုရားကျောင်းတော်တစ်ခု ဖြစ်သည်။ ရှင်းဗုဒ္ဓဘာသာ၏ဘာသာရေးကျောင်းတော်တစ်ခု ဖြစ်ပြီး "အရှေ့မူလအဓိဋ္ဌာန်ကျောင်းတော်" ဟု အဓိပ္ပါယ်ရသည်။ ဤကျောင်းတော်၏ အနောက်ဘက်တွင် နိရှိဟွန်းဂန်းဂျိ (အနောက်မူလအဓိဋ္ဌာန်ကျောင်းတော်) တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဟိဂရှိဟွန်းဂန်းဂျိကို ၁၆၀၂ ခုနှစ်တွင် တိုခုဂဝအိအဲယဆုက တည်ထောင်ခဲ့သည်။ ၎င်းသည် ကျောင်းတော်ကို နှစ်ခုပိုင်းခြင်းတည်ဆောက်ခဲ့ပြီး အနောက်ဘက်တွင် နိရှိဟွန်းဂန်းဂျိတည်ရှိသည်။ ကျောင်းတော်ကို ၁၆၅၈ ခုနှစ်တွင် ယခုလက်ရှိတည်နေရာ၌ စတင်တည်ဆောက်ခဲ့သည်။[၁]

ကျောင်းတော်၏ အောက်ခြေမြေကြီးတွင် “ရှင်ဗုဒ္ဓဘာသာ” (Shin Buddhism) ကို တည်ထောင်သူဖြစ်သည့် “ရှင်ရန်း” ၏ အရိုးပြာများဂူကို ထားရှိသည်။ အရိုးပြာဂူဗိမာန်မကို ၁၂၇၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နောင်တွင် အကြမ်ပေါင်းများစွာ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ရာမှ ၁၆၇၀ ခုနှစ်တွင် ယခုလက်ရှိနေရာသို့ ရောက်ရှိတည်ဆောက်ခဲ့သည်။[၂]

ကျောင်းတော်ပရဝဏ်၏ အလယ်တည့်တည့်တွင် တည်ထောင်သူများအဆောင်ရှိသည်။ ၎င်းကျောင်းဆောင်တွင် အထင်ကရတည်ထောင်သူတစ်ဦးဖြစ်သည့် “ရှင်ရန်း” ၏ ပြာများကို ဌာပနာထားသည်။ ဤကျောင်းတော်သည် ကမ္ဘာပေါ်ရှိ အကြီးဆုံးသော သစ်သားအဆောက်အဦများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ အလျား ၇၆ မီတာ (၂၅၀ ပေ)၊ အကျယ် ၅၈ မီတာ (၁၉၀ ပေ) နှင့် အမြင့် ၃၈ မီတာ (၁၂၅ ပေ) ရှိသည်။ လက်ရှိကျောင်းဆောင်ကို ၁၈၉၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။[၃]

အဓိကကျောင်းဆောင်ဖြစ်သည့် တည်ထောင်သူများကျောင်းဆောင်၏ လက်ဝဲဘက်တွင် အမိဒကျောင်းဆောင်ရှိသည်။ ၎င်းကျောင်းဆောင်တွင် အမိဒဗုဒ္ဓရုပ်ပွားတော်နှင့်အတူ ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာကို စတင်ကာသိရှိအောင်ပြလုပ်ခဲ့သည့် မင်းသား ရှောတိုခု၏ ရုပ်ပုံလည်း ရှိသည်။ ကျောင်းဆောင်၏ ခန်းမသည် ရွှေပြားများဖြင့် တန်ဆာဆင်ထားပြီး မဲဂျိခေတ်ကာလအတုပညာများကို မြင်တွေ့နိုင်သည်။ ဤကျောင်းဆောင်ကို ၁၈၉၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။[၄]

တည်ထောင်သူများကျောင်းဆောင်နှင့် အမိဒကျောင်းဆောင်တို့အပါအဝင် ဟိဂရှိဟွန်းဂန်းဂျိ၏ အစိတ်အပိုင်းများစွာတို့သည် ဂျပန်နိုင်ငံ၏ အဲဒိုခေတ်ကာလတွင် လေးကြိမ်တိုင်တိုင် မီးလောင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ အစိုးရဖြစ်သည့် တိုခုဂဝရှောဂွန်အတဲ သည် ကျောင်းတော်ကို ပြန်လည်ဆောက်ရန်အတွက် ငွေကြေးဆိုင်ရာအထောက်အပံ့များ ပေးခဲ့သည်။ ၁၇၈၈ ခုနှစ်တွင် ကျိုတိုမြို့တွင် မီးလောင်မှုကြီး ဖြစ်ပွားခဲ့ကာ များစွာသော ကျောင်းတော်များ ပြာကျခဲ့ရပြီး ကျောင်းတော်ကို ၁၇၉၇ ခုနှစ်တွင် ပြန်လည် တည်ဆောက်ခဲ့သည်။ ၁၈၂၃ ခုနှစ်တွင်လည်း မတော်တဆမှုဖြင့် လောင်ကျွမ်သည့်မီးကျောင်း ကျောင်းတော်များစွာ မီးလောင်ခဲ့ရပြန်သဖြင့် ၁၈၃၅ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ထို့နောက် ၁၈၅၈ ခုနှစ်တွင် တဖန်မီးလောင်ခဲ့ပြန်သည်။ ၁၈၆၁ ခုနှစ်တွင် ရှင်ရန်၏ နှစ် ၆၀၀ ပြည့်နှစ်ပတ်လည်အမှတ်တရနေ့ဆင်နွှဲရန်ရှိသဖြင့် ကျောင်းတော်ကို မြန်ဆန်စွာ ယာယီတည်ဆောက်ခဲ့သည်။ သို့သော်လည်း ကျောင်းတော်သည် ၁၈၆၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် “ခင်မွန်မတော်တဆမှု” ဖြစ်စဉ်ကျောင့် ထိုယာယီအဆောက်အဦသည်လည်း မီးလောင်ခဲ့ရပြန်သည်။ ၁၈၇၉ ခုနှစ်တွင် ကျောင်းတော်ကို ပြန်လည်တည်ဆောက်ခဲ့သည်။ တည်ထောင်သူများ အဆောက်အဦသည် ၁၈၉၅ ခုနှစ်တွင် ပြီးစီးခဲ့ပြီး အခြားသောအဆောက်အဦများ ပြင်ဆင်မှုသည် ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုအဆောက်အဦများသည် လက်ရှိကျောင်းဝန်းအတွင်းတွင် တည်ရှိလျက်ရှိကြသည်။[၁]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named temple
  2. Otani Mausoleum။ 31 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 October 2019 တွင် ပြန်စစ်ပြီး။
  3. Founder's Hall (Goei-do)။ 13 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 October 2019 တွင် ပြန်စစ်ပြီး။
  4. Amida Hall။ 11 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 October 2019 တွင် ပြန်စစ်ပြီး။
  5. Founder's Hall Gate။ 11 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 October 2019 တွင် ပြန်စစ်ပြီး။