မာတိကာသို့ ခုန်သွားရန်

ဟိဂရှိယမရပ်ကွက်၊ ကျိုတို

ဝီကီပီးဒီးယား မှ
ဟိဂရှိယမရပ်ကွက်
東山区
Ward of Kyoto
Shirakawa Canal in Gion, Higashiyama-ku, showing the rear of some ochaya
Shirakawa Canal in Gion, Higashiyama-ku, showing the rear of some ochaya
Location of Higashiyama-ku in Kyoto
Location of Higashiyama-ku in Kyoto
ဟိဂရှိယမရပ်ကွက် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဟိဂရှိယမရပ်ကွက်
ဟိဂရှိယမရပ်ကွက်
Location of Higashiyama-ku in Japan
ကိုဩဒိနိတ်: 34°59′50″N 135°46′35″E / 34.99722°N 135.77639°E / 34.99722; 135.77639ကိုဩဒိနိတ်: 34°59′50″N 135°46′35″E / 34.99722°N 135.77639°E / 34.99722; 135.77639
CountryJapan
PrefectureKyoto
CityKyoto
Founded1929
ဧရိယာ
 • စုစုပေါင်း၇.၄၈ စတုရန်းကီလိုမီတာ (၂.၈၉ စတုရန်းမိုင်)
အမြင့်ဆုံး နေရာ၂၄၂ မီတာ (၇၉၄ ပေ)
အနိမ့်ဆုံး နေရာ၂၅ မီတာ (၈၂ ပေ)
လူဦးရေ (October 1, 2020)
 • စုစုပေါင်း၃၆၆၀၂
 • သိပ်သည်းမှု၄၉၀၀/km (၁၃၀၀၀/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
ဝက်ဘ်ဆိုဒ်city.kyoto.lg.jp/higasiyama/
Map
Map

ဟိဂရှိယမရပ်ကွက် (東山区, Higashiyama-ku, အဓိပ္ပါယ် - “အရှေ့ဘက်တောင်”) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ရှိ ရပ်ကွက်တစ်ခု ဖြစ်သည်။ ကျိုတိုမြို့တွင် ရပ်ကွက် (၁၁) ခု ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၂၉ ခုနှစ်တွင် ရှိမိုဂယောရပ်ကွက်ကို ခွဲထုတ်ပြီး ဟိဂရှိယမရပ်ကွက်ဟု ရပ်ကွက်အသစ်ပြုလုပ်ခဲ့သည်။ ၁၉၃၁ ခုနှစ်မှ ၁၉၇၆ ခုနှစ်ကာများအတွင်း ယခုလက်ရှိ ယမရှိနရပ်ကွက်ရှိ နေရာများသည်လည်း ဤရပ်ကွက်အတွင်းတွင် ပါဝင်ခဲ့သည်။ ထိုအချိန်က ယမရှိနရပ်ကွက်သည် ၁၉၃၁ ခုနှစ် မြို့နေဧရိယာနှင့် မပူးပေါင်းမီအထိ သီးခြားမြို့တစ်ခုအနေနှင့် တည်ရှိခဲ့သည်။

မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အကန့်အသတ်မှုများကြောင့် ရပ်ကွက်နေလူဦးရေသည် လျော့ကျလက်ရှိသည်။ ဟိဂရှိယမရပ်ကွက်သည် ကျိုတိုမြို့ရှိ ရပ်ကွက်များအားလုံးထဲတွင် လူဦးရေအနည်းဆုံး ဖြစ်သည်။ သက်ကြီးရွယ်အိုများ များပြားစွာနေထိုင်ပြီး အသက်အရွယ်အချိုးအစားမမျှတသည့် ရပ်ကွက်လည်း ဖြစ်သည်။

ပထဝီဝင်ဆိုင်ရာ[ပြင်ဆင်ရန်]

ဟိဂရှိယမရပ်ကွက်သည် ခမိုမြစ်နှင့် ဟိဂရှိယမတောင်တန်းအကြား မြောက်ဘက်တွင် ဆန်းဂျောလမ်းနှင့် တောင်ဘက်တွင် ဂျူးဂျောလမ်းတို့ တည်ရှိသည်။ သမိုင်းကြောင်းအရ ဤရပ်ကွက်ဧရိယာသည် ကျိုတိုမြို့နယ်မြေ၏ အပြင်ဘက်တွင် တည်ရှိသည်။ အနောက်ပိုင်းတွင် လူနေအိမ်ဧရိယာများ တည်ရှိပြီး အရှေ့ဘက်အပိုင်းတွင် တောများဖြင့် ဖုံးလွှမ်းတည်ရှိသည်။ မြောက်ဘက်တွင် ခမိုမြစ်နှင့် ဟိဂရှိ-အိုးဂျိလမ်းနှင့် တောင်ဘက်တွင် စက်မှုဇုန်တည်ရှိသည်။

လူဦးရေဆိုင်ရာ[ပြင်ဆင်ရန်]

နှစ်အလိုက်လူဦးရေ
ခုနှစ်လူဦးရေ±%
1980 ၆၂၀၇၇—    
1990 ၅၁၁၇၁−17.6%
2000 ၄၄၈၁၃−12.4%
2010 ၄၀၅၂၈−9.6%
2020 ၃၆၆၀၂−9.7%
Source: [၁]

ကြည့်ရှုရန်နေရာများ[ပြင်ဆင်ရန်]

“ဟိဂရှိယမဘွန်းခ” ဟု ခေါ်ဆိုကြသည့် ၁၅ ရာစုကာဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုများကို ဤနေရာနှင့် “ဆခယောရပ်ကွက်” တွင် တည်ရှိသည်။ ယဆခနတ်ကျောင်း၏ အရှေ့ဘက်တွင် ဖျော်ဖြေရေးနယ်မြေဖြစ်သည် “ဂိအွန်း” တည်ရှိသည်။ ထို့အပြင် ကျောက်တုံးများဖြင့် ခင်းထားသည့် လမ်းများဖြစ်သည့် “နိနန်းဇခ” နှင့် “ဆန်းနန်းဇခ” တို့သည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုဖြစ်သည့် “ခိယောမိဇကျောင်းတော်” သို့ သွားရောက်နိုင်သည့် လမ်းများ ဖြစ်ကြသည်။ ဤရပ်ကွက်အတွင်းတွင် တိုးဖုခုဂျိ၊ ခန်းနင်းဂျိ၊ ခိုးဒိုင်းဂျိနှင့် ဆန်းဂျူးဆန်းဂန်းဒိုး စသည့်ကျောင်းတော်နှင့် နတ်ကျောင်းများလည်း ရှိသည်။ ကျိုတိုအမျိုးသားပြတိုက်သည် ဟိဂရှိယမရပ်ကွက်တွင် တည်ရှိသည်။[၁][၂]

ပညာရေး[ပြင်ဆင်ရန်]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]