ဟာသ ရုပ်ရှင်ဇာတ်ကား

ဝီကီပီးဒီးယား မှ

ဟာသကား ဆိုသည်မှာ ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ရွှင်မြူးစေရန် ဇောင်းပေးရိုက်ကူးသည်။ ရိုးရာအားဖြင့် အပျော်ဖြင့်အဆုံးသတ်လေ့ရှိသော်လည်း အညစ်ဟာသကားတို့တွင်မူ ချွင်းချက်ဖြစ်သည်။ ပြဇာတ်ရုံရှိ ဟာသပြဇာတ်မှ ဆင်းသက်လာသော ဟာသကားသည် ရုပ်ရှင်သမိုင်းတွင် အဟောင်းဆုံးအမျိုးအစားများအနက် တခုအဝင်အပါဖြစ်၏။ အသံတိတ်ခေတ်တွင် ပတ်ဝန်းကျင်နှင့် အဆီအငေါ်မတည့်မှုများ၊ ပြောင်ချော်ချော်ဇာတ်ရုပ်များကိုသာ အားပြုရသော်လည်း ၁၉၂၀ နှစ်များတွင် အသံထွက်ဇာတ်ကားများ ဖြစ်လာသည်နောက် အပြန်အလှန်ပြောစကားများဖြင့် ပြက်လုံးထုတ်နိုင်လာသည်။

ဇာတ်ညွှန်းရေးဆရာတို့၏ အသုံးအနှုန်းအရမူ ရုပ်ရှင်အမျိုးအစားဆိုသည်မှာ ဇာတ်အိမ်တည်ပုံ၊ ဇာတ်ဆောင်၊ ဇာတ်လမ်းတို့တွင် မူတည်သည့်အတွက် အဆွေးကားနှင့် ဟာသကားတို့မှာ တံဆိပ်ကပ်၍မရလောက်အောင် ကျယ်ပြန့်လွန်းနေသည်။ [၁] သို့ဖြစ်ရာ ဇာတ်ကွက်တည်ဟာသကားအလှောင်ဟာသကားအညစ်ဟာသကား စသဖြင့် အမျိုးကွဲများဖြင့်သာ ခေါင်းစဉ်တပ်ကြသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Williams, Eric R. Screen adaptation : beyond the basics : techniques for adapting books, comics, and real-life stories into screenplays. Ayres, Tyler. New York. ISBN 978-1-315-66941-0. OCLC 986993829.
  2. Williams, Eric R. (2017). The screenwriters taxonomy : a roadmap to collaborative storytelling. New York, NY: Routledge Studies in Media Theory and Practice. ISBN 978-1-315-10864-3. OCLC 993983488.