ဟာသ

ဝီကီပီးဒီးယား မှ

ဟာသ

သားမိုက်

ဟိုးတုန်းက အိမ်တစ်အိမ်မှာ သားအမိ နှစ်ယောက် နေကြတယ်။ တစ်နေ့တော့ သားက အမေဖြစ်သူကို "အမေ့လက်စွပ်သားကိုပေး" ဆိုပြီးတောင်းပါလေရော။ အမေကလည်းဘယ်ပေးမလဲ။ အဲ့လိုနဲ့နှစ်ယောက်သားငြင်းကြရော။ အဲ့မှာသားက စိတ်မရှည်တော့ အမေရဲ့လက်သန်းက​ြွယ်ကို ဖြတ်ယူသွားလေရော။ နောက်တော့သားကလက်စွပ်ကို ရောင်းပြီး ချမ်းသာသွားတယ်။ တစ်နှစ်လောက်ကြာတော့ သားရဲ့အိမ်တံခါးကို အဖွားကြီးတစ်ယောက်လာခေါက်တယ်လေ "ဒေါက်ဒေါက်" "ဘယ်သူပါလဲ" "ရေပေးပါ" လို့လက်ဝါးဖြန်ပြီးတောင်းလိုက်တယ်။ အဲ့ဒီလက်ဝါးတစ်ဖက်မှာ လက်သန်းကြွယ်မရှိဘူး။ သားကဘာဖြစ်တာလဲလို့မေးတော့ အဖြတ်ခံရတာတဲ့။ သားက "ဒါနဲ့ဘယ်သူဖြတ်တာလဲ"။ အဖွားကြီးက "…မင်း"

မှတ်ချက်။ ။ ဒီဇာတ်လမ်းကိုပြောတဲ့သူက တစ်ဖက်သားကိုစိတ်ဝင်စားအောင်ပြောရတယ်။ နောက်ဆုံး"…မင်း" ကိုလန့်အောင် ကျယ်ကျယ်လေးပြောရတယ်။