ဟာလီမာ ယာကွတ်

ဝီကီပီးဒီးယား မှ
ဟာလီမာ ယာကွတ်
Halimah Yacob
حليمة بنت يعقوب
ဟာလီမာ ယာကွတ်အား ၂၀၁၂ တွင် တွေ့ရစဉ်
အဋ္ဌမမြောက် စင်ကာပူနိုင်ငံသမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၁၇ ၊ စက်တင်ဘာ ၁၄
ဝန်ကြီးချုပ်လီရှန်လုံး
ယခင်လူတိုနီတန်
စင်ကာပူ အမျိုးသား တက္ကသိုလ် ၏ အဓိပတိ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၁၇၊ စက်တင်ဘာ ၁၄
ယခင်လူတိုနီတန်
နဝမမြောက် စင်ကာပူလွှတ်တော် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀၁၃၊ ဇန်နဝါရီ ၁၄ – ၂၀၁၇ ၊ ဩဂုတ် ၇
လက်ထောက်ချားလ်ချောင်
လင်းဘျောင်ချွမ်း
ယခင်လူမိုက်ကယ်လ် ပါးလ်မား
ဆက်ခံသူတန်ချွမ်ဂျင်း
Member of the စင်ကာပူ Parliament
for မားဆလင်း-ယူးတီး ဂျီအာရ်စီ (မားဆလင်း)
တာဝန်သက်တမ်း
၂၀၁၅ စက်တင်ဘာ ၁၁ – ၂၀၁၇ ဩဂုတ် ၇
ယခင်လူမဲဆန္ဒနယ် အသစ်ဖွဲ့
ဆက်ခံသူလစ်လပ် (အမတ်နေရာ)
ဇက်ကီမိုဟာမက် (လူထုအခြေပြုအဖွဲ့ အကြံပေး)
Member of the စင်ကာပူ Parliament
for ဂျူရောင်း ဂျီအာရ်စီ (ဘူကစ် ဘတ်တုတ်အိစ်)
တာဝန်သက်တမ်း
3 November 2001 – 24 August 2015
ယခင်လူမဲဆန္ဒနယ် အသစ်ဖွဲ့
ဆက်ခံသူရာဟာယူး မာဇမ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-08-23) ၂၃ ဩဂုတ်၊ ၁၉၅၄ (အသက် ၆၉)
စင်ကာပူနိုင်ငံ
နိုင်ငံရေးပါတီ
ကြင်ဖော်(များ)မိုဟာမက် အဗ္ဗဒူလာ အယ်လ်ဟပ်ရှီး
သားသမီး၅ ဦး
ပညာရေးစင်ကာပူအမျိုးသားတက္ကသိုလ် (LLB, LLM)

ဟာလီမာ ဘင်တီ ယာကွတ် (၁၉၅၄ ခုနှစ် ဩဂုတ်လ ၂၃ မွေး) သည် မလေးလူမျိုး မွတ်စလင် ဘာသာဝင် စင်ကာပူနိုင်ငံသား နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ယခုလက်ရှိ စင်ကာပူနိုင်ငံ ၏ သမ္မတ ဖြစ်သည်။ ယခင်က သူမသည် နိုင်ငံကို အုပ်ချုပ်နေသော ပါတီဖြစ်သည့် ပြည်သူ့လှုပ်ရှားမှု ပါတီ (ပီအေပီ) ၏ ပါတီဝင် ဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ် ဩဂုတ်လအထိ စင်ကာပူနိုင်ငံ လွှတ်တော်၏ နဝမမြောက် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁] သူမသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဂျုရောင်းမဲဆန္ဒနယ်မြေအုပ်စု ကိုယ်စားလှယ် အစုအဖွဲ့မှ အမတ်တစ်ဦး ဖြစ်ခဲပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ မားဆလင်း-ယူးတီး မဲဆန္ဒနယ်မြေအုပ်စု ကိုယ်စားလှယ် အစုအဖွဲ့မှ အမတ်တစ်ဦး ဖြစ်ခဲ့သည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၇ ရက်တွင် သူမသည် စင်ကာပူသမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ရန် အတွက် လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ လည်းကောင်း၊ ပီအေပီ ပါတီ၏ ပါတီဝင် အဖြစ်မှ လည်းကောင်း နုတ်ထွက်ခဲ့သည်။[၂] ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် သူမသည် ပြိုင်ဖက်မရှိသော ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်လာခဲ့သည်။ အခြားသော ရွေးကောက်ပွဲဝင်မည့်သူများကို အစိုးရမှ ရွေးကောက်ခံမည့် အရည်အချင်းနှင့် ပြည်စုံကြောင်း လက်မှတ်ထုတ်မပေးသောကြောင့် ဖြစ်သည်။[၃][၄] သူမသည် နောက်တစ်နေ့တွင် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကာ[၅][၆] စင်ကာပူနိုင်ငံ၏ သမိုင်းတွင် ပထမဆုံးသော အမျိုးသမီး သမ္မတ ဖြစ်လာခဲ့သည်။[၇]

ဘဝအစ နှင့် ပညာရေး[ပြင်ဆင်ရန်]

ဟာလီမာ ယာကွတ်၏ ဖခင်မှာ အိန္ဒိယအနွယ်ဝင် စင်ကာပူနိုင်ငံသားဖြစ်ပြီး မိခင်မှာ မလေးအနွယ်ဝင် စင်ကာပူနိုင်ငံသား ဖြစ်သည်။[၈] သူမ၏ ဖခင်မှာ တမီးလ် မွတ်ဆလင် အစောင့် တစ်ဦး ဖြစ်ပြီး သူမ ၈ နှစ် အရွယ်ကပင် နှလုံးရောဂါနှင့် ကွယ်လွန်ခဲ့ကာ သူမနှင့် မောင်နှမ လေးဦးတို့အား မိခင်ကပင် ကြီးပြင်းအောင် မွေးမြူစောင့်ရှောက်ခဲ့သည်။ [၈][၉][၁၀] သူမ၏ မိသားစုမှာ သူမ၏ ဖခင် ကွယ်လွန်စဉ်အချိန်က ဆင်းရဲနေခဲ့ပြီး သူမသည် ယခင် အက်ဒဝပ်မင်းသားလမ်းပေါ်ရှိ ယခင် စင်ကာပူ ပေါ်လီတက်ခနစ် နေရာ (ယခု ဘက်စ်ဝေး အဆောက်အဦး) အပြင်တွင် နာလီပန်ဒန်ခေါ် ထမင်း ကို မိခင်အား ကူညီရောင်းချ ပေးခဲ့ရသည်။[၁၁][၁၂]

သူမသည် စင်ကာပူ တရုတ်အမျိုးသမီးကျောင်း နှင့် တန်ဂျွန် ကာတုန် အမျိုးသမီးကျောင်း တို့တွင် ပညာသင်ကြားခဲ့ပြီးနောက် [၁၂] စင်ကာပူ အမျိုးသား တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့ကာ ၁၉၇၈ ခုနှစ်တွင် ဥပဒေဘွဲ့ကို ဂုဏ်ထူးတန်း အဝင်ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် သူမသည် စင်ကာပူ ဘား သို့မဟုတ် ရှေ့နေအသိုင်းအဝိုင်းသို့ ဝင်ခွင့်ရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် သူမသည် စင်ကာပူအမျိုးသား တက္ကသိုလ်၌ပင် ဥပဒေဆိုင်ရာ မဟာဘွဲ့ကိုရရှိခဲ့ပြီး ၂၀၁၆ ၊ ဇူလိုင် ၇ ရက်တွင် စင်ကာပူအမျိုးသား တက္ကသိုလ်မှ သူမအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ပေးအပ် ချီးမြှင့်ခဲ့သည်။[၁၃]

အလုပ်အကိုင်[ပြင်ဆင်ရန်]

ဟာလီမာသည် အမျိုးသား ကုန်သွယ်ရေးသမဂ္ဂ ကွန်ဂရက် (အင်န်တီယူစီ) တွင် ဥပဒေ အရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်တွင် ဥပဒေရေးရာ ဝန်ဆောင်မှုဌာန၏ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။ သူမသည် စင်ကာပူ အလုပ်သမား လေ့လာရေး အင်စတီကျု (ယခုတွင် အောင်တန်းချောင်း အလုပ်သမားလေ့လာရေး အင်စတီကျု) တွင် ညွှန်ကြားရေးမှူး အဖြစ် ၁၉၉၉ တွင် ခန့်အပ် တာဝန်ပေးခြင်း ခံခဲ့ရသည်။[၁၄]

နိုင်ငံရေးဆိုင်ရာ အလုပ်အကိုင်[ပြင်ဆင်ရန်]

ဟာလီမာသည် ၂၀၀၁ ခုနှစ်တွင် နိုင်ငံရေး လောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ဂျူရောင်း ဂျီအာရ်စီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

၂၀၁၁ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ဟာလီမာသည် လူမှုအသိုင်းအဝိုင်းတိုးတက်ရေး ၊ လူငယ် နှင့် အားကစား ဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည်။[၁၅] ၂၀၁၂ ခုနှစ် အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ရာတွင်[၁၆] သူမသည် လူမှုရေးနှင့် မိသားစု တိုးတက်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဖြစ်လာခဲ့သည်။ [၁၅] သူမသည် ဂျုရောင်း မြို့ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၁၇]

၂၀၁၅ ခုနှစ်တွင် သူမသည် ပီအေပီပါတီ၏ အမြင့်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းဖြစ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ ခန့်အပ်တာဝန်ပေးခြင်း ခံရသည်။ [၁၈]

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဟာလီမာသည် အသစ်ဖွဲ့စည်းလိုက်သော မားဆလင်း-ယူးတီး ဂျီအာရ်စီတွင် ပါဝင်ယှဉ်ပြိုင်သော ပီအေပီ ကိုယ်စားလှယ် အစုအဖွဲ့တွင် တစ်ဦးတည်းသော လူနည်းစု ကိုယ်စားပြု အမတ်လောင်း ဖြစ်ခဲ့သည်။[၁၉]

သူမသည် အစ္စလာမ် အစွန်းရောက်ဝါဒနှင့် ပတ်သက်၍ တက်ကြွစွာ ဆန့်ကျင်ပြောကြားလေ့ ရှိပြီး အထူးသဖြင့် အီရတ်နှင့် လဲဗန့် အစ္စလာမ်နိုင်ငံ အဖွဲ့ နှင့် ပတ်သက်၍ ရှုံ့ချ ပြောကြားလေ့ ရှိသည်။[၂၀][၂၁][၂၂]

လွှတ်တော်ဥက္ကဋ္ဌ[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံးမှ ဟာလီမာ ယာကွတ် အား အိမ်ထောင်ရေး ဖောက်ပြန်မှု ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့၍ ရာထူးမှ နုတ်ထွက်ခဲ့သော ယခင် လွှတ်တော် ဥက္ကဋ္ဌ မိုက်ကယ်လ်ပါးလ်မား၏ နေရာတွင် အစားထိုး ခန့်အပ်ရန် အမည်စာရင်း တင်သွင်းခဲ့သည်။ [၂၃] သူမသည် ၂၀၁၃ ၊ ဇန်နဝါရီ ၁၄ တွင် စင်ကာပူလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရကာ စင်ကာပူ သမိုင်းတွင် ပထမဦးဆုံးသော အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ပြီး[၂၃] ပထမဦးဆုံးသော ဝန်ကြီးချုပ်ထက် အသက်ငယ်သည့် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းတလျှောက်တွင် လွှတ်တော်ဥက္ကဋ္ဌ အားလုံးသည် ဝန်ကြီးချုပ်ထက် အသက်ကြီးသူများသာ ဖြစ်ကြသည်။

၂၀၁၇ သမ္မတရွေးကောက်ပွဲ[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် စင်ကာပူ သမ္မတ ရွေးကောက်ပွဲတွင် ဟာလီမာ ယာကွတ်တစ်ဦးတည်းသာ ယှဉ်ပြိုင်ခွင့်ရှိသည့် အရည်အချင်းနှင့် ပြည့်စုံကြောင်း လက်မှတ် ရရှိခဲ့သဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်စရာ မလိုဘဲ စင်ကာပူနိုင်ငံ၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လာခဲ့သည်။ သူမသည် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်ပြီး အရှေ့တောင်အာရှတွင် ဖိလစ်ပိုင်နိုင်ငံမှ ကိုရာဇန် အာကီနို နှင့် ဂလော်ရီယာ မာကာပါဂယ် အာရိုယို၊ အင်ဒိုနီးရှားနိုင်ငံမှ မယ်ဂါဝါတီ ဆူကာနို ပူထရီ တို့ ပြီးလျှင် အရှေ့တောင်အာရှ၏ စတုတ္ထမြောက် အမျိုးသမီး သမ္မတ ဖြစ်လာခဲ့သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

ဟာလီမာ၏ ခင်ပွန်းမှာ အာရပ်မျိုးနွယ် မလေးလူမျိုး တစ်ဦး[၂၄] ဖြစ်သော မိုဟာမက် အဗ္ဗဒူလာ အယ်လ်ဟပ်ရှီး[၂၅] [၂၆] ဖြစ်ပြီး သားသမီး ၅ ဦး ရှိသည်။[၂၇] ဟာလီမာသည် မွတ်စလင် ဘာသာဝင် တစ်ဦး ဖြစ်သည်။[၂၈]

ကိုးကား[ပြင်ဆင်ရန်]

  1. "Halimah Yacob Became First Woman Speaker of the Singapore Parliament"၊ 16 January 2013။ 16 January 2013 တွင် ပြန်စစ်ပြီး 
  2. "PM Lee accepts Halimah Yacob's resignation from the PAP"၊ Channel NewsAsia၊ 7 August 2017။ 7 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 7 August 2017။ 
  3. U-Wen၊ Lee။ Halimah Yacob declared president-elect after walkover victory။ Channel NewsAsia။ 13 September 2017 တွင် ပြန်စစ်ပြီး။
  4. "Who is Halimah Yacob, Singapore's first female President?" (in en-US)၊ Channel NewsAsia။ 5 November 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 25 December 2018။ 
  5. U-Wen၊ Lee။ Halimah Yacob declared president-elect after walkover victory။ Channel NewsAsia။ 13 September 2017 တွင် ပြန်စစ်ပြီး။
  6. "Who is Halimah Yacob, Singapore's first female President?" (in en-US)၊ Channel NewsAsia။ 5 November 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 25 December 2018။ 
  7. Halimah Yacob named Singapore's first female president (September 13, 2017)။ 2017-09-14 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ Rajan၊ Uma (June 28, 2016)။ "To Singapore with Love..."။ in Pillai၊ Gopinath & Kesavapany၊ Krishnasamy (eds.)။ 50 Years of Indian Community in Singapore။ World Scientific Publishing Co။ p. 107။ ISBN 978-9-813-14058-5Notable female politicians include Dhanam Avadai, PAP Member for Moulmein (1965–1968), lawyer Indranee Rajah, the current Senior Minister of State, Ministry of Law and Ministry of Education, and Indian-origin politician Halimah Yacob, former Minister and current Speaker of Parliament. Cite uses deprecated parameter |lastauthoramp= (အကူအညီ)
  9. Cheam၊ Jessica။ "A strong advocate for workers, women and minorities"၊ The Straits Times၊ January 10, 2013။ "Her Indian-Muslim father was a watchman who died when she was eight years old." 
  10. Tham၊ Yuen-C။ "More consultation needed before my decision to run for president: Halimah Yacob"၊ The Straits Times၊ July 17, 2017။ "She added that her father, who died when she was eight years old, was born in Singapore, and she was brought up by her Malay mother." 
  11. "'I feared for my life'"၊ New Paper၊ Factiva၊ 25 October 2006။ 
  12. ၁၂.၀ ၁၂.၁ "Mom’s the inspiration for former Speaker"၊ Today (newspaper)၊ 18 August 2017။ 24 November 2017 တွင် ပြန်စစ်ပြီး 
  13. "Halimah Yacob conferred honorary Doctor of Laws degree by NUS"၊ Straits Times၊ 7 July 2016။ 7 July 2016 တွင် ပြန်စစ်ပြီး 
  14. Rasheed၊ Zainul Abidin bin; Saat၊ Norshahril (2016)။ Majulah!: 50 Years of Malay/Muslim Community in Singapore (အင်္ဂလိပ်ဘာသာစကားဖြင့်)။ World Scientific။ ISBN 9789814759885
  15. ၁၅.၀ ၁၅.၁ Mdm Halimah Yacob။ 6 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2017 တွင် ပြန်စစ်ပြီး။
  16. "Singapore reshuffles Cabinet"၊ Channel NewsAsia၊ 31 July 2012။ 6 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 6 August 2017။ 
  17. Jurong Town Council's Audited Financial Statements, Auditors' Reports and Annual Report For FY2010/2011 (PDF) (2017-08-08)။ 2017-08-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  18. "Four more co-opted into PAP central executive committee" (in en)၊ TODAYonline၊ 7 January 2015။ 7 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 7 August 2017။ 
  19. "PAP unveils lineup for new Marsiling-Yew Tee GRC"၊ Channel NewsAsia၊ 21 August 2015။ 6 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 6 August 2017။ 
  20. Chong၊ Zi Liang။ "The Sunday Times - Counter ISIS ideology on social media: Halimah"၊ The Straits Times (The Sunday Times)၊ 22 November 2015။ 
  21. Heng၊ Janice။ "Build community ties to guard against terror: Halimah"၊ The Straits Times၊ 25 December 2016။ 
  22. WONG၊ PEI TING။ "Keep a close watch on daughters too, as IS not just targeting men: Halimah"၊ TODAY Online၊ 16 June 2017။ 
  23. ၂၃.၀ ၂၃.၁ "PM Lee to nominate Halimah Yacob as next Speaker of Parliament"၊ ChannelNewsAsia၊ 8 January 2013။ Archived from the original on 15 February 2013။ 
  24. Getting to know Mohamed Abdullah Alhabshee, husband of Madam Halimah Yacob (11 June 2017)။ 29 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 July 2017 တွင် ပြန်စစ်ပြီး။
  25. "More consultation needed before my decision to run for president: Halimah Yacob"၊ Straits Times၊ 17 July 2017။ 29 July 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 29 July 2017။ 
  26. "Halimah Yacob unveils presidential election campaign slogan and team" (in en)၊ The Straits Times၊ 29 August 2017။ 29 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 29 August 2017။ 
  27. "Our First Gentleman to be, Mohamed Abdullah Alhabshee"၊ www.theindependent.sg၊ The Independent၊ 8 August 2017။ 17 August 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 17 August 2017။ 
  28. Halimah Yacob named Singapore's first female president။ Al Jazeera (14 September 2017)။ 14 September 2017 တွင် ပြန်စစ်ပြီး။