ဟဒ်ဆန် ပင်လယ်အော်

ဝီကီပီးဒီးယား မှ
Hudson Bay
Hudson Bay, Canada
တည်နေရာကနေဒါ
ကိုဩဒိနိတ်60°N 86°W / 60°N 86°W / 60; -86 (Hudson Bay)ကိုဩဒိနိတ်: 60°N 86°W / 60°N 86°W / 60; -86 (Hudson Bay)
သမုဒ္ဒရာ/ပင်လယ်ရင်းမြစ်အာတိတ် သမုဒ္ဒရာ, အတ္တလန္တိတ်သမုဒ္ဒရာ
ရေစုဝေးရာ နေရာ၃,၈၆၁,၄၀၀ km2 (၁,၄၉၀,၉၀၀ sq mi)
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများCanada and the United States
အကျယ်ဆုံး အလျား၁,၃၇၀ km (၈၅၀ mi)
အကျယ်ဆုံး အနံ၁,၀၅၀ km (၆၅၀ mi)
မျက်နှာပြင် ဧရိယာ၁,၂၃၀,၀၀၀ km2 (၄၇၀,၀၀၀ sq mi)
ပျမ်းမျှအနက်၁၀၀ m (၃၃၀ ft)
အနက်ဆုံး အနက်အရှိုင်း၂၇၀ m (၈၉၀ ft)[၁]
ရေခဲမှုmid-December to mid-June
ကျွန်းများIslands of Hudson Bay

ဟဒ်ဆန် ပင်လယ်အော် သည် ကနေဒါနိုင်ငံ၏ အရှေ့မြောက်ဘက် တွင်ရှိသော ကုန်းတွင်း ပင်လယ်ကြီး ဖြစ်သည်။ ထိုပင်လယ်အော်သည် အရှေ့ဘက်တွင် ဟဒ်ဆန်ရေလက်ကြားဖြင့် အတ္တလန္တိတ် သမုဒ္ဒရာနှင့် ဆက်စပ် လျက်ရှိ၍ မြောက်ဘက်တွင် အာတိတ်သမုဒ္ဒရာနှင့် ဖောက်ရေ လက်ကြားကြီးဖြင့် လည်းကောင်း ဖျူရီနှင့်ဟက်ကလာရေလက် ကြားတို့ဖြင့်လည်းကောင်း ဆက်စပ်လျက်ရှိသည်။ ထိုပင်လယ် အော်၏ တောင်ဘက်အစွန်းကို ဂျိမ်းပင်လယ်အော်ဟူ၍ ခေါ် သည်။ ထိုကုန်းတွင်း ပင်လယ်အော်ကြီးသည် မိုင်ပေါင်း ၅၉ဝ ကျယ်၍ တောင်နှင့်မြောက်သည် မိုင် ၃၅ဝ ရှည်သော ဂျိမ်း ပင်လယ်အော် အပါအဝင် မိုင်ပေါင်း ၁၃ဝဝ ရှည်သည်။ ဖောက်ရေလက်ကြားကြီးကပင် မိုင် ၃၅ဝ ကျယ်ဝန်းလေသည်။ ထိုပင်လယ်အော်၏ ပျမ်းမျှ အနက်မှာ မိုင်ပေါင်း ၇ဝ ခန့်ဖြစ် ၍ ဟဒ်ဆန်ရေလက်ကြား အဝင်ဝတွင် အလံ ၁ဝဝ အထိ နက် သွားလေသည်။ ဂျိမ်းပင်လယ်အော်သည် ပို၍ တိမ်သဖြင့် သဘေ‡ာများ သွားလာရန် မသင့်ချေ။ သို့သော် မုစမြစ်ဝအထိ ရေလက်ကြားကြီး၏ အလယ်တွင်မူ သဘေ‡ာများ သွားလာနိုင် သည်။ အဓိက ပင်လယ်အော်၏ ဗဟိုနှင့်အနောက်ဘက်ပိုင်း တို့တွင် သောင်တိမ်များ၊ ကျောက်ဆောင်များ၊ သို့မဟုတ် ကျွန်းများ လုံးဝမရှိသော်လည်း အရှေ့ဘက်ကမ်းခြေတစ်လျှောက် တွင်မူ ကျွန်းကလေးများ နှစ်တန်းတန်းလျက် ရှိသည်။ ကျွန်း တစ်တန်းသည် ကမ်းခြေနှင့် ကပ်လျက်ရှိ၍ အခြားတစ်တန်း ကမူ ကမ်းခြေနှင့် မိုင်ပေါင်း ၇ဝ မှ ၁ဝဝ အထိ အကွာတွင် တည်ရှိသည်။ ထို့ပြင် အခြား ပြန့်ကြဲလျက်ရှိသော ကျွန်းစုများ ကလည်း ရှိသေးသည်။ ဟဒ်ဆန်ပင်လယ်အော်သည် ကမ္ဘာတွင် တတိယအကြီးဆုံး ကုန်းတွင်းပင်လယ် ဖြစ်သည်။ ထိုကုန်းတွင်း ပင်လယ်ကြီး၏ အရှေ့ဘက်တွင် ကွီဗက်နှင့် အွန်တေရိယိုပြည်နယ်များရှိ၍ အနောက်ဘက်တွင် မနီတိုဗားနှင့် အနောက်မြောက်နယ်များ ရှိသည်။ ထိုပင်လယ်အော်ကြီး၏ ဧရိယာမှာ စတုရန်းမိုင်ပေါင်း ၄၄၃၇၅ဝ ခန့် ရှိသည်။ ဟဒ်ဆန် ပင်လယ်အော်အတွင်းသို့ မြစ်ပေါင်း ၃ဝ ခန့် စီးဝင်လျက်ရှိရာ ထိုမြစ်များအနက် အကြီးဆုံးများမှာ နယ်လ ဆင်နှင့် ချာချီမြစ်များ ဖြစ်သည်။ ထိုမြစ်နှစ်မြစ်၏ အဝများ တွင် အလွန်ကောင်းမွန်သော သင်္ဘောဆိပ်များရှိသည်။ ဟဒ်ဆန်ပင်လယ်အော် မီးရထားလမ်းရှိသဖြင့် ကနေဒါပြည်နယ် ၏ အနောက်ပိုင်းတွင် ထွက်သော ကျွဲနွားများနှင့် ဂျုံ၊ စပါးတို့ ကို ပင်လယ်အော်သို့ သယ်ဆောင်ပေးနိုင်သည်။

ဆောင်းရာသီအတွင်း၌ ဟဒ်ဆန် ပင်လယ်အော်အတွင်း သွားလာရေးသည် ဘေးမကင်းချေ။ ခြောက်လ ကျော်ကျော်မျှ ရေလက်ကြား၌ ရေခဲများရှိသည်။ ထို့ပြင် ပင်လယ်အော်သည် မြောက်သံလိုက်ဝင်ရိုးစွန်းအနီး၌ တည်ရှိသဖြင့် သဘေ‡ာများ သွားလာရာတွင် အိမ်မြေ|ာင်များအား အသုံးပြုရာ၌ အခက်အခဲ နှင့် တွေ့ကြရသည်။ သံလိုက်ဝင်ရိုးစွန်းက အိမ်မြေ|ာင်များကို ဆွဲယူသဖြင့် မြောက်အရပ်မှန်ကို သိနိုင်ရန် ခဲယဉ်းလေသည်။ ပင်လယ်အော်၏ အရှေ့နှင့် အရှေ့မြောက်ဘက်ရှိ ကမ်း စောက်များမှလွဲလျှင် ကမ်းခြေသည် နိမ့်သဖြင့် သားကောင် များကို တွေ့နိုင်သည်။ အမဲထောင်သူများ၊ မုဆိုးများ၊ ရွှေရှာသူ များနှင့် သတ္တုရှာသူများ အနေအထိုင် များသည်။

ဟဒ်ဆန် ပင်လယ်အော်၏ ရာသီဥတုမှာ ပြင်းထန်၍ အေးသော ဆောင်းရာသီသည် တာရှည်သည်။ ပင်လယ်သို့ အဓိကထွက်ပေါက်ဖြစ်သော ဟဒ်ဆန်ရေလက်ကြားသည် ဇူလိုင်လမှ နိုဝင်ဘာအထိသာ ရေခဲများ ကင်းရှင်းသည်။ တိုတောင်းသည့် နွေရာသီများတွင် သဘေ‡ာများသည် ထိုကုန်းတွင်းပင်လယ်အတွင်းသို့ ဝင်လာကြပြီးလျှင် ငွေကြေး မြောက်မြားစွာတန်သော သားမွေးများကို တင်ဆောင်ကာ သွား ကြလေသည်။ ကမ်းရိုးတန်း အနီးနေ တိုင်းရင်းသားများနှင့် အက်စကီးမိုးလူမျိုးတို့ကလည်း ပင်လယ်ဖျံများ၊ လင်းပိုင်ခေါင်း တိုများနှင့် ဝါးလရပ်ဖျံ များကို ဖမ်းယူကြလေသည်။ ထို့ပြင် ကော့ဒငါးနှင့် ဆာမန်ငါးများအပြင် အခြားစားနိုင်သော ငါးများ ကိုလည်း ဖမ်းယူကြလေသည်။

ဟဒ်ဆန် ပင်လယ်အော်တွင် ရေခဲများ အရည်ပျော်ခြင်းသည် အချိန်ကြာမြင့်ခြင်းနှင့် မြေဆီလွှာများပေါ်တွင် ရေခဲများ ဖုံး လွှမ်းနေခြင်းကြောင့် မြေဩဇာညံ့သဖြင့် အစာရေစာများကို များသောအားဖြင့် အခြားနေရာများမှ တင်သွင်းရယူရသည်။ ထိုကြောင့် သားကောင်များကို ထောင်၍ ဖမ်းယူခြင်းနှင့် သတ္တု တွင်းများ တူးဖော်ခြင်းတို့က လယ်ယာလုပ်ကိုင်ခြင်းထက် ပို၍ အရေးပါလေသည်။ မြေခွေး၊ ပင်လယ်ဖျံ၊ မြေပါမြီးတိုနှင့် အချို့ ကြောင်မြီးတိုတို့ကဲ့သို့ သားမွေးရှိ တိရစ္ဆာန်များသည် လယ်ယာ များထက်ပို၍ အရေးကြီးလေသည်။ ထို့ပြင် ထိုပင်လယ်အော် အတွင်း၌ ဝေလငါးဖြူနှင့် အာတိတ်ဆာမန်ငါးများကိုပါ ဖမ်း ယူနိုင်လေသည်။ ယခုအခါတွင် သတ္တုတွင်းလုပ်ငန်းက သား မွေးလုပ်ငန်းထက် ပို၍ အရေးကြီးလာလေသည်။ ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲ၊ သွပ် စကျင်ကျောက် (ထုံးကျောက်နု)နှင့် သစ် များသည် အရေးကြီးသည့် ထွက်ကုန်များ ဖြစ်ကြသည်။ ထိုသို့ သတ္တုများ တူးဖော်ရရှိသဖြင့် လမ်းပန်းဆက်သွယ် ရေးသည်လည်း အရေးကြီးလာသည်။ ထိုကြောင့် မီးရထား လမ်း၊ မော်တော်ကားလမ်းနှင့် လေယာဉ်လမ်းများ ပို၍ များပြားလာသည်။

ဟဒ်ဆန် ပင်လယ်အော်ဟု ခေါ်ကြခြင်းမှာ ၁၆၁ဝ ပြည့် နှစ်တွင် ထိုပင်လယ်အော်ကို ဟင်နရီ ဟဒ်ဆန်က စတင်၍ စူးစမ်းလေ့လာခဲ့ခြင်းကြောင့် ဖြစ်လေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Hudson Bay | sea, Canada
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)