ဟဆုမိုဒဲ

ဝီကီပီးဒီးယား မှ

ဟဆုမိုဒဲ (初詣, hatsumōde)သည် ဂျပန်နိုင်ငံနှစ်သစ်ကူးတွင် ဗုဒ္ဓဘာသာကျောင်းတော် သို့မဟုတ် ရှင်တိုကျောင်းတော်သို့ ပထမဆုံးအကြိမ်သွားရောက်ခြင်း ဖြစ်သည်။ နှစ်သစ်၏ ပထမ၊ ဒုတိယ၊ တတိယမြောက်နေ့ရက်များသည် သွားရောက်လည်ပတ်သူအများဆုံးဖြစ်ပြီး ထိုနေ့များသည်လည်း အလုပ်ပိတ်ရက်ဖြစ်ကြသည်။ ထိုနေ့တွင် နှစ်သစ်ကူးဆုတောင်းမှုများ ပြုလုပ်ခြင်း၊ နှစ်သစ်အဆောင်များ (မန္တာန်များ သို့မဟုတ် အဆောင်များ) ကို ဝယ်ယူကြသည်။ ဤအချိန်တွင် ဂျပန်နိုင်ငံတစ်ဝှမ်းရှိ အဓိကကျောင်းတော်များတွင် ဝတ်ပြုဆုတောင်းသည့် လူတန်းရှည်ကြီးများ ဖြစ်ပေါ်လေ့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]