မာတိကာသို့ ခုန်သွားရန်

ဟင်းမလား

ဝီကီပီးဒီးယား မှ
ဟိုင်းနရစ် ဟင်းမလား
Himmler in 1942
4th Reichsführer-SS
တာဝန်သက်တမ်း
6 January 1929  29 April 1945
လက်ထောက်Reinhard Heydrich (de facto)
ယခင်လူErhard Heiden
ဆက်ခံသူKarl Hanke
Chief of the German Police
တာဝန်သက်တမ်း
17 June 1936  29 April 1945
ယခင်လူOffice established
ဆက်ခံသူKarl Hanke
Reichsminister of the Interior
တာဝန်သက်တမ်း
24 August 1943  29 April 1945
အဓိပတိAdolf Hitler
ယခင်လူWilhelm Frick
ဆက်ခံသူPaul Giesler
General Plenipotentiary for Administration of the Reich
တာဝန်သက်တမ်း
20 August 1943  29 April 1945
ခန့်အပ်သူAdolf Hitler
ယခင်လူWilhelm Frick
ဆက်ခံသူOffice abolished
Additional positions
ကိုယ်ရေး အချက်အလက်များ
မွေးဖွားHeinrich Luitpold Himmler
(1900-10-07)၇ အောက်တိုဘာ၊ ၁၉၀၀
Munich, Germany
ကွယ်လွန်၂၃ မေ၊ ၁၉၄၅(1945-05-23) (အသက် ၄၄)
Lüneburg, Germany
ကွယ်လွန်ရသည့် အကြောင်းရင်းCyanide poisoning (suicide)
နိုင်ငံရေးပါတီNazi Party (1923–1945)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
Bavarian People's Party (1919–1923)
ကြင်ဖော်Margarete Boden (လက်ထပ် ၁၉၂၈)
လက်တွဲဖော်Hedwig Potthast (1939–1944)
သားသမီး3, including Gudrun
ဆွေမျိုးသားချင်း
ပညာရေးTechnical University of Munich
လက်မှတ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲ
အမှုထမ်းကာလ1917–1918 (Army)
1925–1945 (SS)
ရာထူး
တပ်11th Bavarian Infantry Regiment
CommandsArmy Group Upper Rhine
Army Group Vistula
Replacement (Home) Army
တိုက်ပွဲ/စစ်ပွဲများဒုတိယ ကမ္ဘာစစ်

ဟိုင်းနရစ် ဟင်းမလားသည် ဂျာမနီနိုင်ငံ၏ နာဇီခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဂျာမနီနိုင်ငံ မျူးနစ်မြို့တွင် ၁၉ဝဝ ပြည့်နှစ် အောက်တိုဘာလ ၇ရက်နေ့၌ ဖွားမြင်၏။ ပထမ ကမ္ဘာစစ်အတွင်း အလံကိုင် အဖြစ် အမှုထမ်းခဲ့ဘူး၏။ ထိုနောက်တွင် အဲဒေါ့ဟစ်တလာ၏ နောက်လိုက်တစ်ဦး ဖြစ်လာ၍ မအောင်မမြင် ဖြစ်ခဲ့ရသော ဟစ်တလာ၏ မျူးနစ်တော်လှန်ရေးကိစ္စတွင် ရှေ့တန်းမှ ပါဝင် ခဲ့သည်။ ထိုနောက်တွင် မုန်တိုင်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ၁၉၂၉ ခုနှစ်တွင် ထိုတပ်ဖွဲ့ခေါင်းဆောင် ဖြစ်လာသည်။

ဟင်းမလားသည် ၁၉၃၃ ခုနှစ်တွင် ဗာဗားရီးယန်းရဲအဖွဲ့၏ အကြီးအကဲဖြစ်လာပြီးလျှင် ၁၉၃၄ ခုနှစ် နာဇီတို့၏ လျှို့ဝှက်ရဲအဖွဲ့ဖြစ်သော ဂက်စတာပိုအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာလေသည်။ ၁၉၃၆ ခုနှစ် ဇွန်လတွင် ဟစ်တလာက ဟင်းမလားကို ဂျာမန်အမျိုးသား ရဲအဖွဲ့၏ အကြီးအကဲအဖြစ် ခန့်ထားခဲ့သည်။ ဟင်းမလားသည် ဤသို့ ရဲအဖွဲ့ကို ကြိုးကိုင်လာနိုင်သောကြောင့် ဟစ်တလာနှင့်ပင် တန်ခိုးအာဏာအရာတွင် ပခုံးချင်းယှဉ်နိုင်သော အခြေသို့ ရောက်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကလည်းကောင်း၊ စစ်ကြီးအတွင်း၌လည်းကောင်း၊ ဂျာမန်တို့သည် မိမိတို့၏ ရန်သူများအပေါ် စက်ဆုတ်ဖွယ်ကောင်း အောင် လူမဆံပဲ ပြုမှုကျင့်ကြံခဲ့ကြပုံများမှာ သူ၏လက်ချက်ပင် ဖြစ်သည်ဟု အချို့က စွပ်စွဲခဲ့ကြလေသည်။ ဟင်းမလားသည် ၁၉၄၃ ခုနှစ်တွင် ဂျာမနီ နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်ထားခြင်း ခံရလေသည်။ ၁၉၄၄ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့၌ ဟစ်တလာကို သေကြောင်းကြံရန်အတွက် တပ်မတော်၏အစီအမံသည် မအောင်မမြင် ဖြစ်ခဲ့ရပြီးနောက် ဟင်းမလားသည် ဂျာမနီနိုင်ငံတွင် တပ်စွဲလျက်ရှိသော တပ်များအားလုံး၏ အကြီးအကဲဖြစ်လာခဲ့၏။ ဟင်းမလားသည် ၁၉၄၄ ခုနှစ်တွင် ပြည်တွင်းကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့၍၊ ၁၉၄၅ ခုနှစ်တွင် စစ်ပြေငြိမ်း ရေးအတွက် လျှို့ဝှက်စွာ သွေးတိုးစမ်းကြည့်ခဲ့သေး၏။ ဂျာမန်တို့ စစ်ရှုံးပြီးနောက် မဟာမိတ်တပ်များ ဖမ်းဆီး ချုပ်နှောင်ထားခြင်းခံနေခဲ့ရစဉ် အတောအတွင်း ၁၉၄၅ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ဟင်းမလားသည် မိမိ ကိုယ်မိမိ သတ်သေလိုက်လေသည်။

နာဇီမုန်တိုင်းတပ် အကြီးအကဲဖြစ်လည်းကောင်း၊ ဂက်စတာပိုအဖွဲ့ အကြီးအကဲအဖြစ်လည်းကောင်း ဟင်းမလားဆောင်ရွက်နေသည့်အခိုက် ယင်း၏အမိန့်ဖြင့် လူသန်းပေါင်း များစွာအသက်ဆုံးရှုံးခဲ့ရ၏။ သူ၏အမိန့်ဖြင့် လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများမှာ ၁၉၄၃ ခုနှစ် သွေးဆိုးထုတ် ပွဲ မှ အစပြုလျက် ဒုတိယကမ္ဘာစစ် အတွင်း သုံ့ပန်းစခန်းများတွင် စံနစ်တကျ သတ်ဖြတ်မှုများဖြင့် အဆုံးသတ်ခဲ့လေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၇၅)။ "ဟိုင်းနရစ် ဟင်းမလား"မြန်မာ့စွယ်စုံကျမ်း၁၄ (ပထမအကြိမ် ed.)။ စာပေဗိမာန်ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း