ဟက်ထရာမြို့
ပုံပန်းသွင်ပြင်
| ဟက်ထရာ* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | ii,iii,iv,vi |
| ကိုးကား | ၂၇၇ |
| ဒေသ** | အာရပ်နိုင်ငံများ |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၈၅ (နဝမအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ဟက်ထရာမြို့သည် ယနေ့ခေတ်အီရတ်နိုင်ငံ နင်နီဗေးပြည်နယ်အတွင်း တည်ရှိသော ရှေးဟောင်းမြို့တော် တစ်ခု ဖြစ်သည်။ ထိုမြို့တော်သည် ဘဂ္ဂဒက်မြို့၏ အနောက်မြောက်ဘက် ၁၈၀မိုင် (၂၉၀ ကီလိုမီတာ) အကွာတွင် တည်ရှိပြီး မိုဆူးမြို့၏ အနောက်တောင်ဘက် ၆၈မိုင် (၁၁၀ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။
ဟက်ထရာသည် ရောမအင်ပိုင်ယာ နှင့် ပါသီယန်/ပါရှန်းအင်ပိုင်ယာ တို့၏ ကြားတွင် တည်ရှိသော အာရာဘာတိုင်းပြည်လေး မြို့တော်နှင့် ခံတပ် ကောင်းစွာ တည်ဆောက်ကာရံထားသော လှည်းနားနေစခန်း မြို့တစ်မြို့ ဖြစ်ခဲ့သည်။ ဟက်ထရာသည် ၂ ရာစုနှစ်အတွင်း ကြီးပွားတိုးတက်ခဲ့ပြီး ၃ ရာစုနှစ်တွင် ဖျက်စီးခံခဲ့ရကာ လူသူမနေဘဲ စွန့်ပစ်ခဲ့ကြသည်။ ၎င်း၏ ရင်သပ်ရှုမောဖွယ်ရာ အပျက်အစီးများကို ၁၉ ရာစုတွင် ရှာဖွေတွေ့ရှိခဲ့သည်။[၁]