ဟက္ကိံဒီ ဟီချီလမ္မာ

ဝီကီပီးဒီးယား မှ

ဟက္ကိံဒီ ဟီချီလမ္မာ (၁၉၆၂ ဇွန် ၄ ဘွား) သည် ဇမ်ဘီယားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်နှင့် နိုင်ငံရေးသမားဖြစ်ပြီး ၂၀၂၁ ခုတွင် ဇမ်ဘီးယားသမ္မတအဖြစ် ရွေးကောက်ခံရသည်။ ယခင်ရွေးကောက်ပွဲ ၅ ခု (၂၀၀၆, ၂၀၀၈, ၂၀၁၁, ၂၀၁၅ နှင့် ၂၀၁၆) တို့တွင် ဝင်ပြိုင်ဖူးပြီး ယခုမှ နိုင်ခြင်းတည်း။ [၁] မဲအရေအတွက်၏ ၅၉% ရကာ ၂၀၂၁ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခြင်းဖြစ်၏။ [၂] ဟီချီလမ္မာသည် ၂၀၀၆ ကတည်းကပင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပေါင်းစည်းပါတီ (United Party for National Development) ကို ဦးဆောင်ခဲ့သူဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Foundation, Thomson Reuters. "Zambian opposition leader Hakainde Hichilema wins presidential election Archived 16 August 2021 at the Wayback Machine.". news.trust.org. Retrieved 16 August 2021.
  2. Mfula, Chris (16 August 2021). "Zambian opposition leader Hakainde Hichilema wins landslide in presidential election". Reuters. Retrieved 16 August 2021.