သွားတိုက်တံ
ပုံပန်းသွင်ပြင်

သွားတိုက်တံ သည် ခံတွင်းအတွက် အသုံးပြုသည့်ကိရိယာပစ္စည်းတစ်ခု ဖြစ်သည်။ သွား၊ သွားဖုံး၊ လျှာ စသည်တို့ကို သန့်ရှင်းရာတွင် အသုံးပြုသည်။ ၎င်းတွင် တိုက်ချွတ်နိုင်သည့် ခေါင်းတစ်ခုပါဝင်ကာ ထိုခေါင်းဖြင့် ပါးစပ်ထဲရှိ နေရာများသို့ ပွတ်တိုက်ရသည်။
သွားတိုက်တံများကို အရွယ်အစား၊ ပုံစံ၊ အမွှေး စသည်တို့ကို ပုံစံအမျိုးမျိုးဖြင့် တွေ့နိုင်သည်။ သို့သော်လည်း သွားဆရာဝန်အများစုသည် ကြမ်းတမ်းသည့် အမွှေးပါသည့် သွားတိုက်တံသည် သွားဖုံးများကို ပျက်စီးစေနိုင်သဖြင့် နူးညံ့သည့် သွားတိုက်တံကို သုံးကြရန် တိုက်တွန်းလေ့ရှိသည်။[၁]
ရုပ်ပုံများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "Oral Longevity," American Dental Association brochure (PDF), page 2 2010-11-19 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Retrieved June 12, 2008