မာတိကာသို့ ခုန်သွားရန်

သွာတိနက္ခတ်

ဝီကီပီးဒီးယား မှ

သွာတိနက္ခတ် မှာ ကသစ်ပွင့်သဏ္ဌာန် နှစ်လုံးရှိသည်။ ထိုနက္ခတ်ကို ပဝနမည်သော လေနတ်မင်း အစိုးရသည်ဟု ဆိုသည်။ ဤနက္ခတ်သည် ဆံကျင်တရာနှင့် ယှဉ်၍ သွား၏။[]

၁၅။ သွာတိ = သွာတိနက္ခတ်

[ပြင်ဆင်ရန်]

လေဟု အဓိပ္ပာယ်ရသည့် သွာတိနက္ခတ်ပရိယာယ် (၇) ပုဒ်ကို ရာဇမတ္တဏ်ကျမ်း၌ တွေ့ရပေသည်။ အဘိဓာန်ဋီကာ၌မူ “အဿ၊ ထိုနက္ခတ်အား။ သောဘဏာ၊ တင့်တယ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သွာတိ၊ သွာတိနက္ခတ် မည်၏။ ဝါ၊ တစ်နည်းကား။ သုဘာသုဘဖလဒါနတော၊ ကောင်းကျိုး, မကောင်းကျိုးကို ပေးတတ်သောကြောင့်။ သွာတိ၊ သွာတိနက္ခတ် မည်၏” ဟူ၍ အနက်ဝိဂြိုဟ် ဆိုပေသည်။

သွာတိနက္ခတ်၏ အဆင်းသဏ္ဌာန် လုံးရေသင်္ချာကို ကျမ်း အစောင်စောင်တို့၌ အောက်ပါအတိုင်း တွေ့ရပေသည်။

  • ပေါတ္တရသာဒိကျမ်း (၁) လုံး၊ ပတ္တမြား သဏ္ဌာန်
  • ဂြဟသျှန္တိကျမ်း (၁) လုံး၊ နီသောအဆင်း
  • လဃုသင်္ဂြဟကျမ်း (၁) လုံး၊ သန္တာကျောက် သဏ္ဍာန်
  • အာကာသသျှတ္တရကျမ်း (၂) လုံး၊ ကသစ်ပွင့် သဏ္ဌာန်
  • သိင်္ဃဗောဓကျမ်း (၁) လုံး၊ သဏ္ဌာန်မပါ
  • ကပ္ပဝဏ္ဏနာကျမ်း (၁) လုံး၊ မှန်ကူသီး သဏ္ဌာန်
  • ပုရပိုက်ဖြူ (၃) လုံး၊ စပါးကြီးမြွေ သဏ္ဌာန်
  • နက္ခတ်လင်္ကာ (စာငယ်) လုံးရေ မပြ။ ကျေးဦး ခေါင်းသဏ္ဌာန်
  • သေနင်္ဂဗျူဟာကျမ်း (၃) လုံး၊ သဏ္ဌာန်မပါ

သွာတိနက္ခတ်ကို ပဝနမည်သော လေနတ်မင်း အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ဆိုပါသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. http://martikar.pikay.org/2012/10/blog-post_5851.html
  2. နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)