သျှင်မြဝါစေတီ

ဝီကီပီးဒီးယား မှ

စေတီတော်၏အောက်ခြေမှာ လေးထောင့်ပုံဖြစ်ပြီး အရှေ့ဘက်၌ စေတီနှင့်ကပ်၍ လှိုဏ်ဂူတစ်ခုရှိကာ ကျောက်ဆင်းတုတော်တစ်ဆူလည်းရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဤစေတီတော်ကို မင်းဗာဘုရင်သည် သေဆုံးသွားပြီဖြစ်သော ပညာရှိတစ်ဦးဖြစ်သည့် သျှင်မြဝါအား လှူဒါန်း၍ရရှိသော ရွှေငွေပစ္စည်းတို့နှင့် ကျန်ရစ်ခဲ့သော ပစ္စည်းများကို ဌာပနာပြီး သက္ကရာဇ် (၈၉၉ခု၊ ခရစ်နှစ် ၁၅၈၇)တွင် အရိုးဂူ၏ မြောက်ဘက်တောင်တန်းပေါ်၌ တည်ထားခဲ့ပေသည်။ သျှင်မြဝါအားရည်စူး၍ တည်ထားခဲ့သော စေတီဖြစ်သဖြင့် သျှင်မြဝါစေတီ ဟု ခေါ်တွင်သည်။ စေတီတော်ထားရှိသောတောင်ကိုလည်း "သျှင်မြဝါတောင်"ဟု ခေါ်တွင်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

ရခိုင်မဟာရာဇဝင်ကြီး [ထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)]