သံမှို

ဝီကီပီးဒီးယား မှ
Different types of nails: 1) Roofing nail, 2) Umbrella head roofing nail, 3) Brass escutcheon pin, 4) Finish nail, 5) Concrete nail, 6) Spiral-shank nail, and 7) Ring-shank nail (the barbs are a leftover component of the feed system of a nail gun)

သံမှိုကိုလူတိုင်းလောက်မြင်ဖူးကြ၏။ လက်သမားသည် သစ်သားတစ်စနှင့်အခြားသစ် သား တစ်စတို့ စွဲမြဲစွာထိစပ်နေစေရန်၎င်း၊ အဆောက်အအုံ ဆောက်လုပ်ရာ၌ ပျဉ်များခိုင်မြဲစွာရှိနေစေရန်၎င်း သံမှိုကိ်ု အသုံးပြုရ၏။ ယင်းသို့သံမှိုကိုအသုံးပြုခြင်းအားဖြင့် ခိုင် လည်းခိုင်၏။ ဈေးလည်းသက်သာ၏။ သံမှိုတစ်ဖက်ဖျား ကိုချွန်ထားရခြင်းမှာ သစ်သားထဲသို့ယင်းကိုတူဖြင့်ရိုက်သွင်း လိုက်သောအခါ သံမှို၏ကိုယ် ထည် တွက်လမ်းဖွင့်ပေး သောသပ်ကဲ့သို့ဖြစ်နေစေရန်အတွက်ဖြစ်သည်။ သို့မဟုတ်က သစ်သားကွဲသွား တတ်၏။ အခြားတစ်ဖက်ဖျားတွင်ကား သံမှို၏ခေါင်းသည်ပြားလျက်ရှိ၏။ ပြားနေသောကြောင့် သံမှိုဝင် သွားသော အပေါက်နေရာကို မမြင်အောင်ဖုံးထား သည့်ပြင် သစ်သားမျက်နှာပြင်လည်း ချောလျက်ရှိနေ ပေသည်။ သံမှိုကိုသူ့နေရာနှင့်သူ၊ အရွယ်နှင့်အမျိုးအစား ကိုရွေး၍အသုံးပြုရသည်။ များသောအားဖြင့်ခေါင်း ပြားသံမှိုလုံးကိုအသုံးများကြသည်။ သို့သော်သုတ်ဆေး သုတ်ရန်နှင့်နောက်မှအချောကိုင်ရန် ဖြစ်သောသစ် သား များတွင် ခေါင်းသေးသေးသံမှိုများကိုအသုံးပြုကြသည်။

ခေါင်းသေးသောကြောင့် သုတ်ဆေးသုတ် လိုက်သည့်အခါ ကောင်းစွာမမြင်ရတော့ချေ။ လေးထောင့်သံမှိုသည် မြင်းသံခွာရိုက်ရန်နှင့် အိမ်အမိုးမိုးရန်အတွက်အကောင်း ဆုံးဖြစ်သည်။ ဤ သံမှိုမျိုးကိုသံပြားများမှ လေးထောင့် စိတ်ယူရသည်။ လေးထောင့်သံမှိ်ုများသည်သံမှိုလုံးများ ထက်ပို၍ခိုင် သည့်ပြင်ပို၍လည်းမြဲသည်။ သို့သော်အရိုက်ရ ခက်၍ သစ်သားလည်းကွဲတတ်သည်။ ပြော့ကြောင်းသံမှို မျိုးကားရိုက်ထားသည့်နေရာတွင် အလွန်စွဲမြဲ၏။ ရှူးဖိနပ် နှင့်မော်တော်ကားစက်ရုံများတွင်ဤသံမှိုမျိုး ကိုအမြဲအသုံး ပြုကြသည်။

နည်းမှန်သံရိုက်အကောင်းဆုံးနည်းကား သံမှိုခေါင်းကိုတူဖြင့်ညီညီ၊ ခပ်ဆတ်ဆတ်နှင့်မြန်မြန်ရိုက် ရသည်။ သံမှိုခေါင်းကိုတစ် ဖက်စောင်းရိုက်မိပါက ကောက်သော်လည်းကောက်သွားနိုင်၏။ ကျိုးသော် လည်းကျိုးသွားနိုင်၏။ သံမှိုကိုသစ်သားထဲသို့ တည့်တည့်ရိုက်သွင်းသည်ထက် ခပ်စောင်းစောင်းရိုက်သွင်း ပါကပို၍ခိုင်မြဲသည်ဟုဆိုသည်။

သံမှိုလုပ်စက်ကိုခရစ် ၁ရ၈၆ ခုနှစ်တွင် အီဇီကီရယ်ရိဆိုသူ အမေရိကန်လူမျိုးတစ်ဦးကဦးစွာပထမ စတင်တီထွင်ခဲ့သည်။ ထပ်မံပြုပြင်ထားသောသူ၏စက်ကို ယခုတိုင်လေးထောင့် သံမှိုများပြုလုပ်ရန် အတွက်အသုံးပြုလျက်ရှိသေးသည်။ ဤလေးထောင့်သံမှိုများသည် အဖျားသို့ရှူးသွားသော် လည်းအဖျား တွင်ချွန်၍မနေချေ၊ ခရစ် ၁ရ၉ဝ ပြည့်နှစ် တွင်အင်္ဂလန်ပြည်၌ တီကလစ်ဖို့ဆိုသူအင်္ဂလိပ်လူမျိုးတစ်ဦး ကသံမှိုလုပ်စက်တစ်မျိုးကိ်ုထပ်မံတီထွင်ပြန်သည်။ နောက် နှစ်ပေါင်းတစ်ရာလောက် ကြာသောအခါလေး ထောင့် သံမှိုမျိုးကိုအသုံးမပြုတော့ဘဲ သံမှိုလုံးများကိုသာအသုံး များလာကြသည်။ ယခုခေတ်သံမှိုလုပ်စက်သည် ရှေးသံမှိုလုပ်စက်များမှ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာခဲ့သော စက်ဖြစ်သည်။ သံမှိုလုပ်စက်၏ အဓိကအစိတ်အပိုင်းကြီး သုံးခုမှာညှပ်ပုံ၊ ပလိုင်ယာညှပ်နှင့်တူဖြစ်သည်။ ရစ်လုံးတွင်ရစ်ထားသော ဝိုင်ယာသံလုံးကြိုးကို စက်ထဲသို့ထိုးသွင်းလိုက်၍ ညှပ်ပုံရှိရာ သို့ရောက်သွားသည် နှင့်လိုသလောက်အရှည်ကို ညှပ်ပုံက ဖြတ်တောက်ပေးလိုက်၏။ ထိုနောက်ပလိုင်ယာညှပ်ကအဖျား ချွန်ပေး၏။ တူကသံမှို၏တစ်ဖက်ထိပ်ကိုပြားအောင်ထုပေး၏။ ဩို့ဖင့်သံမှိုများ၏အရွယ်ပမာဏကိုလိုက်၍ သံမှိုစက်သည် တစ်မိနစ်လျှင် သံမှိုအချောင်းပေါင်း ၁ဝဝမှ ၁ဝဝဝအထိ ထုတ်လုပ်ပေးနိုင်သည်။ သံမှို များကို သံ၊ ကြေးနီ၊ ကြေးဝါ၊ သွပ်စသောသတ္တုများမှပြုလုပ်ယူကြသည်။ သံမှိုအရွယ်အစားစားရှိ၏။ တစ်လက်မအရွယ်မှငါးမတ်သံ၊ တစ်လက်မခွဲသံ၊ နှစ်လက်မသံစသည် ဖြင့်တဖြည်းဖြည်း တိုးတက်ကာ ငါးလက်မသံအထိရှိသည်။ တစ်လက်မသံ ထက်ငယ်၍သေးသောသံမှိုများ လည်းရှိ၏။ သံမှိုကိုအ လေးချိန်ဖြင့်ရောင်းချလေ့ရှိကြရာ အရွယ်သေးငယ်လေလေ၊ ဈေးကြီးလေလေ ဖြစ်သည်။

သံမှိုလုပ်စက်မတီထွင်မီခေတ်နှင့် ယခုခေတ်သံမှိုလုပ်ရာတွင် မည်မျှကွာခြားသည်ကို တွေးကြည့်နိုင်သည်။ ရှေးခေတ် ကသံမှိ်ုလုပ်ရာတွင် တစ်ချောင်းချင်းပေပေါ်တင်၍တူဖြင့် ထု၍လုပ်ရရာ အတော်ပင်လက် ဝင်လှ၏။ အိမ်များတွင် ဖားဖိုကလေးများရှိရာသံကိုဖုတ်၍ လိုရာပုံကိုပေပေါ်တွင် တင်၍ထုရိုက်ပြုလုပ်ရ သည်။ များသောအားဖြင့်လေး ထောင့်သံမှိုများကိုပြုလုပ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)