သောရ်နတ်

ဝီကီပီးဒီးယား မှ

သောရ်နတ်[ပြင်ဆင်ရန်]

ဥရောပမြောက် ပိုင်းပုံပြင်များတွင် ထင်ရှားသည့်သောရ်နတ်သားသည် စကန်ဒီနေးဗီးယားနတ် ဖြစ်သည်။ သောရ်နတ်သည်အိုးဒင်နတ်၏ သားတော်ကြီးဖြစ်၍ စကန်ဒီနေဗီးယားနတ် များအနက် အသန်မာအတောင့်တင်းဆုံး နတ်သားဖြစ်လေသည်။ လူသားတို့အတွက်ကြင်နာစွာကောင်း ကျိုးကိုဆောင်သော်လည်း မြောက်ယွန်းယွန်း ရေခဲသော ဒေသရှိ နှင်းစောင့်ဘီလူးကြီးများကိုရန်ညိုးမပြေ နိုင်အောင် ဒေါသ ဆောင်သောနတ်ဖြစ်လေသည်။ အိုးဒင်၏သားဖြစ်သောကြောင့် ရုပ်ဆင်းသဏ္ဌာန်မှာ အိုးဒင်နှင့်ရွေးမရအောင်တူသည်။

မြောက်ပိုင်းနိုင်ငံများတွင် နေထိုင်သူများသည် သောရ်နတ်သားကို ဘုရားပမာ ပူဇော်ပသကိုးကွယ် ကြ လေသည်။ ဥရောပမြောက်ပိ်ုင်းနိုင်ငံများတွင် ဆီးနှင်းလွှမ်းခြင်း ကြောင့်ရေခဲခြင်း၊ နှင်းမိုးစွေခြင်းတို့ ဖြစ်သည့်အခါ သောရ်နတ်သားက နှင်းစောင့်ဘီလူးများအား စစ်ဆင်ကာ မောင်းထုတ်နိ်ုင်သဖြင့်တစ်နိုင်ငံလုံးတွင် နွေကူးရာသီ လေပြည်သွေးကာ နေရောင်ပေါ်ပေါက်ပြီးလျှင် ပူနွေးလာသည်ဟု အယူရှိကြသည်။ ကောင်းကင်မှ မိုးချုန်းသံသည် သောရ်နတ်သား၏ ရထားဘီးလှိမ့်သံဖြစ်သည်။သူ၏ အစွမ်းထက်သောလက်နက်ကား မီယိုလ်နာခေါ် တင်းပုတ်ကြီးဖြစ်၍ ထိုတင်းပုတ်ကြီးကို ဝင့်လိုက်သောအခါ လျှပ်စစ် လက်ခြင်း ဖြစ်ပေါ်သည်ဟု ထုံးဟောင်းပုံပြင်များတွင်အဆိုရှိပေသည်။ ထိုကြောင့်သောရ်အား လျှပ်စစ် လက်ခြင်းဆိုင်ရာနတ်အဖြစ် ကိုးကွယ်နေကြခြင်းဖြစ်သည်။

ငယ်စဉ်ကသောရ်သည် စိတ်သဘောဖြူစင် ကောင်းမွန်သော်လည်း မကြာခဏဆိုသလိုပင်ထိန်း မရအောင် ဒေါသကြီးတတ်သည်။ သူ၏ကောင်းလှသောဗလကြောင့် မိခင်ဖြစ်သူက သူ့အားနိုင်နိုင်နင်း နင်းမထိန်းသိမ်းနိုင်သဖြင့် ထိန်းသိမ်းမွေးစားမည့်သူအားအပ်ရသည်။ မွေးစားမိဘများသည် သောရ် အားလိမ်မာစွာ အုပ်ထိမ်းနိုင်ခဲ့လေသည်။ အရွယ်ရောက်လာသောအခါ သော်ရ်သည်အက်စဂတ် အရပ်၌ နတ်အားလုံးနေရန်အခန်း ၅၄၁ပါသောဗီလစကီယားနီးယား (လျှပ်စစ်ဟုအဓိပ္ပာယ်ရသည်) နတ်ကွန်းကို ဆောက်၍ တိုက်ပွဲ၌ ကျသောစစ်သည်တော်များအား ဂုဏ်ပြုပွဲကျင်းပရန် အသုံးပြုသည်။

သောရ်၏ဇနီးသည်မှာ သာမန်ကျေးတောသူဖြစ်၍ ဆစ်ဟုတွင်သည်။ ခြေဖျားထိအောင်ဆံရှည်သဖြင့်ဇနီးသည်၏

ဆံပင်ကောင်းခြင်းကို သောရ်သည်ဂုဏ်ယူ၍မဆုံးချေ။ သတ္တိစွမ်းပြ၍ စွန့်စားဆောင်ရွက်ရာတွင် သောရ်သည်ဦးလေးခြင်းမရှိ။ ခွန်အားအရာတွင်လည်း သူမတူအောင် သန်စွမ်းရကား ခွန်အားထုတ်၍ အလုပ်လုပ်ရာတွင် ပျော်မွေ့လေသည်။ ဥသဘနွားလားကြီး များကိုပင် လက်ဖြင့်ညှစ်သတ်ကာ သေစေနိုင်သောအင်အားရှိ၍ သစ်ပင်ကြီးများကို ပေါ့ပါးစွာထမ်းနိုင်လေသည်။ သောရ်နတ်သား၏ စွန့်စားခန်းအဖုံဖုံကို ရှေးထုံးဟောင်း ပုံပြင်များတွင် ဝတ္ထုများသဖွယ် များစွာရေးသားထားကြ၏။ သောရ်နတ်သားအားဂုဏ်ပြုသောအားဖြင့် ရက်သတ္တပတ်တွင် ပဉ္စမနေ့ကို အင်္ဂလိပ်ဘာသာအားဖြင့် သောစဒေးဟုခေါ်၍ ယင်းမှသပ်စဒေးဖြစ်လာလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)