သောပါက

ဝီကီပီးဒီးယား မှ

အရှင်သောပါကထေရ် သည် မြတ်စွာဘုရား၏ သာသာနာတော်ရှိ ခုနစ်နှစ်သားနှင့် ရဟန္တာဖြစ်တော်မူသည့် ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်အခါတွင် ဖြစ်၏။ အရှင်သောပါကထေရ်သည် တောင်ဝှမ်းလှိုဏ်ဂူတစ်ခုကို ရှင်းလင်းနေ၏။ ထိုအချိန် သိဒ္ဓတ္ထမြတ်စွာဘုရား ကြွလာ၏။ ထိုအခါ အရှင်သောပါကထေရ်သည် မြတ်စွာဘုရားအား သစ်ရွက်တို့ဖြင့် ခင်းကာ နေရာကို ပေးလှူခဲ့၏။ ပန်းကို ပေးလှူ၏။ ထို့နောက် သိဒ္ဓတ္ထမြတ်စွာဘုရားသည် အရှင်သောပါကထေရ်၏ မကြာမီအချိန်ကာလ၌ သေလွန်ရမည်ကို သိသဖြင့် အနိစ္စသညာကို ဟောကြားတော်မ၏။ ထို့နောက် အရှင်သောပါကထေရ်သည် အနိစ္စသညာကို တစ်ရက်မျှပွားများပြီးသော် သေလွန်၏။

ထိုသို့ ပန်းလှူခဲ့သည့် အကျိုးကျေးဇူးကြောင့် ဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာအထက်တွင် အပါယ်လေးဘုံသို့ ကျရောက်ခဲ့ရခြင်း မရှိပေ။

ဤသို့ဖြင့် နောက်ဆုံးဘဝတွင် အရှင်သောပါကထေရ်သည် ဒွန်းစဏ္ဍားမျိုးသို့ ရောက်ရ၏။ ထို့နောက် လူ့ဘောင်ကို စွန့်ကာ ရဟန်းဘောင်သို့ ဝင်၏။ အနိစ္စသညာကို ပွားများခဲ့သည့် အကျိုးကျေးဇူးကြောင့် ခုနစ်နှစ်သာရှိသေးလျှက် အရဟတ္တဖိုလ်သို့ ရောက်လေ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ထေရာပဒါန်ပါဠိတော်၊ သီဟာသနိယဝဂ်