သေရွာပြန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

နတ်ပြည်တက်နိုင်လောက်တဲ့ ကုသိုလ်ကံ ရှိနေပေမယ့်သေခါနီးမှာ ရုတ်တရက် ပြုကာမတ္တ၊ဖြစ်ကာမတ္တကံ ( ကဋတ္တာကံ)က ဝင်ပြီး စီရင်လိုက်တာမျိုးမှာ ရောက်နိုင်ပါတယ်။ ဆိုလိုတာက ကောင်းမှုတွေ အများကြီး ရှိပါလျှက် မကောင်းမှု သေသေးမွှားမွှားကို သေခါနီးမှာ ကပ်ပြီး သတိရလျှက် သေတာမျိုး၊ ဥပစ္ဆေဒက ကံ နဲ့ သေရတာမျိုးတွေ ဖြစ်ပါတယ်။ သူတို့ဟာ ရောဂါ ဝေဒနာ ခံစား၊အချိန်ရပြီး ကိုယ့်ဘဝတလျှောက် ပြုလုပ်ခဲ့ တဲ့အားကြီးသော (ဂရုကံ ) ၊ ကောင်းမှု ( အာသန္နကံ) ၊ အလေ့အကျင့်ဖြစ်လောက်အောင် ပြုလုပ်ဖူးသော ကောင်းမှု၊မကောင်းမှု (အာစိန္နကံ)တွေကြောင့် ဖြစ်လာမယ့် ကံနိမိတ်၊ကမ္မနိမိတ်၊ဂတိနိမိတ်တွေ တိတိကျကျ မပေါ်လိုက်ရဘဲ ရုတ်တရက် စုတိစိတ်ကျသွားသူမျိုးတွေ ဖြစ်ပါတယ်။ ဒီလို လူတွေကို မြတ်စွာဘုရားက သေချိန်မစေ့ဘဲ သေရသူတွေ၊ အကုသိုလ်ကံ သေးသေးလေးအရင်က(အရင်ဘဝက) ရှိခဲ့တာကို ဒီဘဝမှာ ကိုယ့် အသက်ကို ဉာဏ်နဲ့ မစောင့်လို့ သေရသူတွေလို့ ပြစ်တင်ပါတယ်။

မသေခင် မိနစ်(၃၀)ခန့် အချိန်ရပါက ထိုသူကို ကျန်သူများက ကောင်းရာမွန်ရာ ရောက်အောင် ဝိုင်းပြီး ပြုပြင်ပေးနိုင်ပါတယ်။ (ဆရာတော်အရှင်ဇနကာဘိဝံသ အဆိုအရ) ပထမ သူ့မှာ နိမိတ်တွေ ပေါ်လာမယ်။ ကောင်းသောနိမိတ်လား၊ ဆိုးသော နိမိတ်လားဆိုတာကို ဒီလူ ရဲ့ အပြင်ပန်းပုံစံကို ကြည့်ပြီး သိနိုင်သလို ပြုပြင်ပေးနိုင်ပါတယ်။ အရှင်သောဏ နဲ့ သူ့ ဖခင်ကြီး ဥပမာမျိုး ဖြစ်ပါတယ်။

ဒီလို မဟုတ်ရုတ်တရက် ကံကဖြတ်သတ်လိုက်တော့ နိမိတ်လဲ မပေါ် ၊ ဘုမသိ၊ဘမသိနဲ့ တိတိကျကျ ငရဲ ကိုလဲ တန်းပြီး မရောက်သွားတော့ ယမမင်းက စစ်ဆေးပေးပြီး ကောင်းရာ ပြန်ရောက်ဖို့ ကူညီပေးပါတယ်။ ဒီနေရာမှာ ဝိဉာဉ်ကောင် မဟုတ်ကြောင်းတော့ ထပ်လောင်းပြောပါရစေ ။ ဘဝကူးသွားပြီး ဖြစ်ရပါမယ်။ ထပ်ပြောရရင် ယမမင်းကိုယ်တိုင်က စတုမဟာရာဇ်နတ်မျိုးမှာ အပါအဝင် ဝေမာနိက ပြိတ္တာ ဆိုတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ ကိုယ်တိုင်ကလဲ နတ်စည်းစိမ်ခံစားလိုက် ၊ ရိုးရိုး ပြိတ္တာတွေလို ဒုက္ခဆင်းရဲ ပြန်ခံလိုက်နဲ့ ရှိနေသူတွေ ဖြစ်ပါတယ်။ဒီကြောင်းတွေကို မြတ်စွာဘုရားက ဥပရိပဏ္ဏာသ ပါဠိတော် ၊ ဒေဝဒူတ သုတ်မှာ ဟောထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အပေါ်ပိုစ့် မှာရေးခဲ့တဲ့ အကြောင်း အရာတွေ ပါပဲ။

ဒေဝဒူတ - ဒေဝ ကို ဒီနေရာမှာ ယမမင်း၏ ၊ ဒူတ - တမန်တော် လို့ ဘာသာပြန်ကြပါတယ်။

ဒေဝဒူတ သုတ်တော် အကျယ်ဟာ ကြောက်စရာ၊ ထိတ်လန့်သံဝေဂ ရစရာ ငရဲပြည်အကြောင်းတွေ များလွန်းလို့ ဒီသုတ်တော်အကျယ်သင်ပြီးတာနဲ့ ကမ္မဋ္ဌာန်းတောင်းပြီး တရားအားထုတ်ကြတဲ့ ရဟန်းတွေ တော်တော်ရှိခဲ့တယ် လို့ ဆိုပါတယ်။


(၂) - ယမမင်းတွေ၊ ငရဲမင်းတွေက ဒီငရဲသား ဘယ်အဆင့်၊ ဘယ်ငရဲဘုံသွားလို့ ဆုံးဖြတ်ပေးပိုင်ခွင့်ရှိပါသလား၊ ဒါမှမဟုတ် သူ့ကံအလျောက်ပဲ သွားရတာမျိုးလား။

ကိုယ့် ကံ အလျှောက်သာဖြစ်ရတယ် လို့ ဆိုပါတယ်။ ဘာကြောင့် ဆိုရင် ဘုရားဟောမှာ ကုသိုလ်ကံကို သတိရလိုက်တာနဲ့ နတ်ပြည်ကို တန်းရောက်သွားကြရတယ် လို့ ပါနေပါတယ် ။ ယမမင်းနဲ့တောင် တာ့တာ၊ဘိုင့်ဘိုင်တွေ လုပ်မနေဘူး ဆိုတော့ သူ့ကံက ချက်ချင်း စီရင်တယ်လို့ ယူဆရပါမယ်။အပေါ်မှာ …သံဝေဂ ရဘူးတယ်…….ဆိုရင်ကို ….ယမမင်းက ငရဲနဲ့ မတန်တဲ့ သူတော်ကောင်းပဲဆိုပြီး နတ်ပြည် တစ်ထပ်ထပ်ကို ပို့ပေးပါတယ် ဆိုတာ ဖတ်ကောင်းအောင်ရေးထားတဲ့ သဘောပါပဲ ။

ဒီနေရာမှာ ဘယ်လို ကံတွေကို မှတ်မိတတ်တယ်ဆိုတာ မြတ်စွာဘုရားဟောတာ ရှိပါသေးတယ်။ ကျွန်တော်မှတ်မိတာတော့ လပြည့်။လကွယ် ဥပုသ်ဆောက်တည်ခြင်း မျိုးတွေကို ငရဲကျသွားသူတွေ ပိုပြီး မှတ်မိတတ်တယ် လို့ ဖြစ်ပါတယ်။ ကျောင်းဆောက်လှူတာတွေ တောင် သတိမရတတ်ဘဲ နဲ့ ဒီ ဥပုသ်ကုသိုလ်က နတ်ပြည်ပြန်ပို့စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ကိုယ်တိုင် လပြည့်။လကွယ်တွေမှာ ဥပုသ်ဆောက်တည်ဖို့ တိုက်တွန်းတော်မူပါတယ်။

(၃) သေရွာပြန်တွေ မျောနေချိန်မှာ ငရဲရောက်သွားတဲ့အခါ သူတို့ရဲ့ စိတ်က ငရဲကို အာရုံပြုနေတာလားဗျာ။ ( ရုပ်ရှင်တွေကလို ဝိဉာဏ်ကောင်ရယ်လို့ ခန္ဓာကိုယ်က ထွက်ပြီး ငရဲပြည်ဆင်း၊ ပြီးမှ အဲဒီဝိဉာဉ်က ကိုယ်ထဲပြန်ဝင်၊ အဲဒါမျိုးတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ )

သေခါနီး မှာ ပေါ်တဲ့ ဂတိနိမိတ် မှာ ငရဲ ဂတိနိမိတ်ပေါ်နေတာ ဖြစ်ပါတယ်။

နိမိတ်က မသေခင် အချိန်စောစောမှာ ပေါ်တတ်ပါတယ်၊ အဲဒီအချိန်အထိ သေခါနီးလူမှာ အပြင်အာရုံ (၅)ပါး ၊ အတွင်း မနောအာရုံ (၁)ပါး -ပေါင်း (၆) ပါးရှိနေလိမ့်ဦးမယ်။ အရဿာ ၊ အထိအတွေ့ စပြီးချုပ်လေ့ရှိတယ်။ သူ့စားချင်စိတ်မရှိတော့ဘူး။ အစာမဝင်တော့ဘူး။ အရဿာမရှိတော့ဘူး။ နောက် သူ့ကို ထိထား၊ကိုင်ထားတာ မသိတော့ဘူး။ပြီးမှ အကြား ၊အနံ့ ၊ အမြင်တွေ ဟာ တစ်ခုပြီးတစ်ခုချုပ်ကုန်ပါတယ်။ ဒါတွေ အားလုံး မချုပ်ခင်မှာ ဘေးကလူတွေဟာ ဝိုင်းငိုနေတာ ၊မလိုအပ်တာတွေ လျှောက်ပြော အော်ဟစ်နေတာ မျိုး မလုပ်ဘဲနဲ့ လားရာဂတိ ကောင်းအောင် ကူညီလို့ ရပါတယ်။ သေခါနီးလူကိုယ်တိုင်က ဝိပဿနာ အားထုတ်ဖူးမယ်။ တရားရှိမယ်ဆိုရင်တော့ သေချာပေါက် ကောင်းရာရောက်မယ်။ သတ္တမဇော စေတနာဖြစ်လို့ ပါပဲ ။

အရှင်သောဏ ရဟန္တာလို အကုသိုလ်များတဲ့ မုဆိုးဖခင်ကို ပန်းအနံ့ပေးပြီး ဘုရားပန်းကပ်ခိုင်းတာ (အနံ့အာရုံ မချုပ်ခင် ) ၊ ဘုရားဆင်းတုတော် ၊ ပုံတော်ကို ပြပြီး ၊ဘုရားဂုဏ်တော်ပွားခိုင်းတာ ( အမြင်အာရုံ မချုပ်ခင်) ၊ ဘေးကနေ သရဏဂုံ နဲ့ ဂုဏ်တော် တွေ ရွတ်ပေးကြတာ ဒါမှမဟုတ် မိုးကုတ်ယောဂီတွေဆိုပါက ဝိပဿနာ ကျင့်စဉ်လေးတွေ ဘေးကနေ ပြောပေးကြတာ (ဝင်လေပျက် ၊ ထွက်လေပျက် စသည် မိုးကုတ်မှာ နှလုံးသွင်းတယ်) ..(အကြားအာရုံ မချုပ်ခင် ) ဒါတွေဟာ ကောင်းရာ ဂတိ သေချာပေါက်ရောက်အောင် ဘေးကလူတွေက ကျေးဇူးပြုပေးလိုက်တာတွေပဲ ။

ဒီလိုမဟုတ်ရင်တော့ အရှင်ဇနကာဘိဝံသ ပြောတဲ့ ကျောင်းဒကာမကြီးလို သေခါနီး ကိုယ့်ဟာကို တရားနှလုံးသွင်းနေတာကို သမီးလုပ်သူက အော်ငိုလိုက်တော့ သမီးကို စိတ်စွဲပြီး ပြိတ္တာမကြီး ဖြစ်သွားတယ်။ (၂)ပတ်လောက်ကြာမှ ဆရာတော်ဆီ ရောက်လာပြီး အမျှတောင်းလို့ နောက်တခါ ဆွမ်းသွပ်ပေးလိုက်ရတယ်။ ဒါမျိုးမဖြစ်အောင် ကိုယ်တွေက ဆင်ခြင်ရမယ်။

ဒီတော့ သေတော့မယ့် လူတစ်ယောက်ရဲ့ စိတ်မှာ ဖြစ်မှာတွေက အများကြီး ဖြစ်နေတယ် ။နာတာတွေရော ၊ ကြောက်တာတွေရော ၊ သံယောဇဉ်တွေရော ပေါ့ ။ အဲဒီစိတ်မှာ စုတိစိတ်မကျခင် နိမိတ် (၃) မျိုးလည်း ပေါ်လာတယ် ။ အဲဒီထဲက ငရဲ ဂတိနိမိတ်ပေါ်လာတာ ကို ကိုယ်က (၂)ကိုယ်ခွဲပြီး ငရဲကို သွားလေ့လာတယ် ထင်တတ်ကြပါတယ်။

ဒီအထိတော့ အဘိဓမ္မာ မှာ အဖြေရှိပါတယ်။ လယ်တီဆရာတော်၊ ဆရာတော် အရှင်ဇနကာဘိဝံသ ၊ ဆရာတော် ရဝေနွယ်၊ ရဝေထွန်း စသည် တို့လဲ ရေးကြ ဟောကြပါတယ် ။

ကျွန်တော် စိတ်ဝင်တစားရှာနေမိတာလေးတစ်ခုကတော့ တချို့တွေ သေခါနီး၊ ငရဲရောက်၊ နတ်ပြည်ရောက်သွားကြရာမှာ (ဒီလိုနိမိတ်တွေပေါ်ရာမှာ) နတ်ပြည်က ဟိုလူကို မှာလိုက်တာတို့ ၊ ဒီလူကိုလိပ်စာနဲ့တကွ စကားပါးတာတို့၊ တခြားတစ်ယောက်အတွက် ဗိမာန်ကို ကိုယ်က တွေ့ခဲ့ရတာတို့ ၊ ငရဲကနေလဲ လူကြုံမှာတာမျိုးတွေပါ ရှိတတ်ပါတယ်။ဆရာတော်အရှင်ဇဝန တို့ ဟောတာတွေမှာတောင် ပါသေးတယ်။ တိတိကျကျတွေပဲ သူတို့ မှာလိုက်တဲ့ သူကလဲ လူ့ပြည်မှာ တိတိကျကျ၊ လိပ်စာနဲ့တကွရှိနေတာ တွေ့ရတယ်။ ဒါတွေကတော့ စိတ်ရဲ့ဆန်းကျယ်မှုတွေပဲလား ။ ဂတိနိမိတ်ကျပြီး မသေသူတွေမှာ ကြုံရတတ်တာတွေလားတော့ မပြောနိုင်ပါ။