သေဋ္ဌမာရ်အောင်ဘုရား

ဝီကီပီးဒီးယား မှ

သေဋ္ဌမာရ်အောင်ဘုရား သည် ဘားအံမြို့ မြောက်ဘက်ပိုင်း ဗိုလ်ချုပ်လမ်းထောင့်တွင် တည်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စေတီတောကို ဘားအံမြို့၊ ရဲကျောင်းဘုန်းတော်ကြီး ဦးအာဒိစ္စရန် ကြီးမှူးကာ ဒါယကာများပေါင်းစည်းကာ ကြေးသွန်းရုပ်ပွားတော် ပြုလုပ်ကိုးကွယ်ခဲ့သည်။ ရုပ်ပွားတော် ပြုလုပ်ခဲ့သည်မှာ သက္ကရာဇ် ၁၂၈၁ ခုနှစ်တွင် ဖြစ်၏။ သက္ကရာဇ် ၁၂၈၄ ခုနှစ်တွင် ရုပ်ပွားတော် ပြုလုပ်ပြီးစီးခဲ့သည်။ ရုပ်ပွားတော်တွင် ကြေးပိဿာချိန် ၄၆၀၀ ပါဝင်၏။

ရုပ်ပွားတော်သည် ဉာဏ်တော် ၉ တောင် ၁ မိုက် ရှိသည်။ ပုံသဏ္ဌာန်သည် တင်ပြင်ခွေ ပုံစံ ဖြစ်သည်။ အရှေ့ဘက်သို့ မျက်နှာမူလျက်ထားရှိပြီး စံကျောင်းတော်တွင် ကိန်းဝပ်စံပယ်တော်မူသည်။[၁]

ဘွဲ့တော်[ပြင်ဆင်ရန်]

ရုပ်ပွားတော်အား မာရ်ငါးပါးကို အောင်မြင်တော်မူသည့် မြတ်စွာဘုရားကို ကိုယ်စားပြုကာ “သေဋ္ဌမာရ်အောင်” ဟု သမုတ်ခဲ့သည်။[၁]

ဘုရားပွဲတော်[ပြင်ဆင်ရန်]

ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလတွင် ကျင်းပသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၇၅။