သူကရမဒ္ဒဝ

ဝီကီပီးဒီးယား မှ
ဆွမ်းဟင်းပြင်ဆင်နေသည့် စုန္ဒ၊ ကသတရထိရာချ်ဘုန်းကြီးကျောင်း၊ အယုဒ္ဓယ

သူကရမဒ္ဒဝ သည် စုန္ဒဆက်ကပ်လှူဒါန်းခဲ့သည့် မြတ်စွာဘုရားနောက်ဆုံး ဘုဉ်းပေးတော်မူခဲ့သည့် ဆွမ်းဖြစ်သည်။[၁][၂][၃]

ဆွမ်းလှူဒါန်းခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် မလ္လတိုင်း၌ များစွာသော ရဟန်းသံဃာနှင့်အတူ ဒေသစာရီ ကြွချီလှည့်လည်တော်မူ၍ ပါဝါမြို့သို့ ဆိုက်ရောက်၏။ ထို့နောက်တွင် ရွှေပန်းထိန်သည်၏သား စုန္ဒ၏ သရက်ဥယျာဉ်တွင် သီတင်းသုံးတော်မူ၏။

ထို့နောက်တွင် စုန္ဒသည် မြတ်စွဘုရားအား ရှိခိုးလေ၏။ ထိုအခါ မြတ်စွာဘုရားသည် စုန္ဒအား တရားစကား ဟောကြားလေ၏။ ထို့နောက် စုန္ဒသည် မြတ်စွာဘုရားအား ရဟန်းသံဃာနှင့်အတူ မနက်ဖြန်ဆွမ်းကို လက်ခံရန် လျှောက်ထားရာ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေကာ လက်ခံခဲ့သည်။

ထိုညဉ့်လွန်မြောက်၍ နံနက်အချိန်ရောက်သည့်အခါတွင် စုန္ဒသည် မြတ်စွာဘုရားအတွက် စီရင်ထားသည့် နူးညံသောဝက်သားဖြင့် လုပ်ကျွေး၏။ ရဟန်းသံဃာအားလည်း ခဲဖွယ်ဘောဇဉ်တို့ဖြင့် လုပ်ကျွေး၏။ ထို့နောက် မြတ်စွာဘုရားသည် စုန္ဒအား ကြွင်းကျန်သော ဝက်သားကို မြေတွင်မြှုပ်ပစ်ရန် မိန့်ကြား၏။ ထို့နောက်တွင် စုန္ဒအား တရားစကား ဟောကြားတော်မူ၏။ ထိုဝက်သားဆွမ်းကို ဘုဉ်းပေးပြီးနောက်တွင် မြတ်စွာဘုရားသည် ကြမ်းတမ်းသော အနာရောဂါကပ်ရောက်လျက် သေလောက်အောင် ပြင်းထန်သော ဝမ်းသွေးသွန်ရောဂါဝေဒနာကို ခံစားရ၏။ ထို့နောက်တွင် မြတ်စွာဘုရားသည် ရောဂါကို သည်းခံ၍ ကုသိနာရုံပြည်သို့ ကြွတော်မူ၏။[၁][၂][၃]

နောက်ဆုံးဆွမ်း၏ အကျိုး[ပြင်ဆင်ရန်]

ကူသိနာရုံပြည်သို့အသွား လမ်းခုလပ် သရက်တော၌ အသျှင်အာနန္ဒာအား စုန္ဒ၏ နှလုံးမသာမယာဖြစ်ခြင်းကို ဖြေဖျောက်ရမည်ဟုဆိုကာ ဤနောက်ဆုံးဘုဉ်းပေးတော်မူခဲ့သည့် ဆွမ်းနှင့် ပတ်သက်၍

"အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ် ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏။ (ဤဆွမ်းလည်း တစ်မျိုး၊) အကြင်ဆွမ်းကို ဘုဉ်းပေး တော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာအကြွင်း မရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူ၏။ (ဤဆွမ်းလည်း တစ်မျိုး၊) အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်သောအချင်းချင်းတူမျှ၍အကျိုးဝိပါက်တူမျှကုန်၏"

ဟူ၍ မိန့်တော်မူ၏။[၁][၂][၃]

ယူဆမှု အမျိုးမျိုးကွဲပြားခြင်း[ပြင်ဆင်ရန်]

"သူကရမဒ္ဒဝ" သည် ဝက်သားခြောက်၊ ထမင်းနှင့် ဝက်ပျိုသား၊ နူးညံ့သော ဝက်သား၊ အရသာရှိသော ဝက်သား၊ မျှစ်၊ မှို စသည်ဖြင့် ယူဆမှု အမျိုးမျိုး ကွဲပြားလျက်ရှိသည်။[၁][၂][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ https://suttacentral.net/ud8.5/my/pmt ဥဒါန်းပါဠိတော်၊ စုန္ဒသုတ်
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ဘဒ္ဒန္တ ဝိစာရာဘိဝံသ (သာသနာ - ၂၅၃၀၊ ကောဇာ - ၁၃၄၀၊ ခရစ် - ၁၉၈၆ မေလ)။ မန္တလေးမြို့ မဟာဓမ္မိကာရာမတိုက်၊ သာသနဓဇသိရိပဝရဓမ္မာစရိယ၊ နိုင်ငံတော် သံဃမဟာနာယက ဘဒ္ဒန္တ ဝိစာရာဘိဝံသ၏ မြန်မာ့ပါရဂူ ခေါ် မဟာဝဂ္ဂါဒိနီတိကျမ်း |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ Prof. Lalit Mohan Kar, Kavyatirtha, M.A., B.L (1956)။ THE MAHAPARINIBBANA AND THE BUDDHA'S LAST MEAL မဟာပရိနိဗ္ဗာန်နှင့် ဗုဒ္ဓမြတ်စွာဘုရားနောက်ဆုံးဘုဉ်းပေးသော ဆွမ်းဟင်း။ No. 102, 49 Street, Rangoon: BURMA HUMANITARIAN LEAGUE။CS1 maint: multiple names: authors list (link) CS1 maint: location (link)