သုမင်္ဂလ (ဗုဒ္ဓဝင်ရဟန်း)

ဝီကီပီးဒီးယား မှ

အရှင်သုမင်္ဂလထေရ် သည် မြတ်စွာဘုရား၏ သာသာနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပိယဒဿီမြတ်စွာဘုရား လက်ထက်တတော်အခါတွင် ဖြစ်၏။ အရှင်သုမင်္ဂလထေရ်သည် အလှူပြုလိုသည့် ဖြစ်၍ စိတ်ဖြင့်တောင့်တကာ “မြတ်စွာဘုရား ကြွလာတော်မူပါ” ဟု ဆုတောင်း၏။ ထိုအခါ ဘုရားသည် သူ၏ စိတ်အကြံကို သိသဖြင့် ရဟန္တာတစ်ထောင်တို့နှင့်အတူ အရှင်သုမင်္ဂလထေရ်ထံသို့ လာ၏။

ထို့နောက် မြတ်စွာဘုရားနှင့် ရဟန္တာတစ်ထောင်တို့အား ပြာသာဒ်ထက်တွင် ထိုင်ရန် စိတ်ဖြင့် ပင့်ဖိတ်၏။ ထို့နောက် မြတ်စွာဘုရားနှင့် ရဟန္တာတို့အား ဆွမ်းအလှူပေး၏။

ထိုအခါ ပိယဒဿိမြတ်စွာဘုရားက “ဤသူသည် နှစ်ဆယ့်ခုနစ်ကြိမ် နတ်မင်းအဖြစ်၊ တစ်ဆယ့်ရှစ်ကြိမ် စကြဝတေးမင်း၊ အကြိမ်ငါးရာ ဧကရာဇ်မင်း” ဖြစ်မည်ဟု ဗျာဒိတ်စကား ပြောကြား၏။

ထိုသို့ တစ်ထောင့်ရှစ်ရာသော ဝရကပ်တွင် ဆွမ်းလှူခဲ့သည့် အကျိုးကြောင့် ထိုအချိန်မှစကာ အပါယ်လေးပါးသို့ လုံးဝမရောက်ခဲ့ရပေ။

နောက်ဆုံးတွင် ဂေါတမြတ်စွာဘုဘရား၏ သာသနာတော်တွင် ကမ္မဋ္ဌာန်းကို အားထုတ်အာ အာသဝေါကုန်ခမ်းသည့် ရဟန္တာဖြစ်တော်မူ၏။

ကိုးကား[ပြင်ဆင်ရန်]

  1. ထေရာပဒါန်ပါဠိတော်၊ သီဟာသနိယဝဂ်