သုက္ကာထေရီ

ဝီကီပီးဒီးယား မှ

သုက္ကာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်ရှိသော ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဝိပဿီဘုရားလက်ထက်[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ရေတွက်သော် ကိုးဆယ့်တစ်ကမ္ဘာအထက် ကာလတွင် ဝိပဿသီမြတ်စွာဘုရား ပွင့်တော်မူ၏။ ထိုအချိန်တွင် သုက္ကာထေရီသည် ဗန္ဓုမတီမြို့တွင် နေထိုင်၏။ တစ်နေ့သောအခါ ဝိပဿီမြတ်စွာဘုရား၏ တရားတော်ကို နာကြားရကာ ရဟန်းဘောင်သို့ ဝင်၏။

ဤသို့ဖြင့် လူ့ဘဝမှ ကွယ်လွန်ခဲ့သော် တုသိတာဘုံသို့ ရောက်၏။[၁]

သိခီဘုရားလက်ထက်[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် သိခီမြတ်စွာဘုရား ပွင့်တော်မ၏။ ထိုအချိန်တွင် သုက္ကာထေရီသည် သိခီမြတ်စွာဘုရားထံတွင် ရဟန်းပြု၏။ ဤဘဝမှ လွန်ခဲ့သည့်အခါတွင် တာဝတိံသာ နတ်ဘုံသို့ရောက်ခဲ့သည်။[၁]

ဝေဿဘူဘုရားလက်ထက်[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ၃၁ ကမ္ဘာအထက်တွင် ဝေဿဘူမြတ်စွာဘုရား ပွင့်တော်မူ၏။ ထိုဘုရားလက်ထက်တွင်လည်း သုက္ကာထေရီသည် ရဟန်းပြုတော်မူ၏။ ဤဘဝမှ လွန်ခဲ့သည့်အခါတွင် တာဝတိံသာ နတ်ဘုံသို့ရောက်ခဲ့သည်။[၁]

ကောဏာဂုံဘုရားလက်ထက်[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာ၌ ကောဏာဂုံမြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားလက်ထက်တွင်လည်း ရဟန်းပြုတော်မူ၏။[၁]

ကဿပဘုရားလက်ထက်[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာ၌ ကောဏာဂုံမြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားလက်ထက်တွင်လည်း ရဟန်းပြုတော်မူ၏။[၁]

ဂေါတမဘုရားလက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ရာဇဂြိုဟ်မြို့တွင် သူဌေးမျိုး၌ ဖြစ်၏။ မြတ်စွာဘုရားသည် ရဟန်းတစ်ထောင်ခြံရံလျက် ရာဇဂြိုဟ်သို့ ကြွသည်ကို ချီးကျူးတော်မူ၏။ ထိုအခါ သုက္ကာထေရီသည် အလှူတို့ဖြင့် ပူဇော်ခဲ့၏။

ထို့နောက် ဓမ္မဒိန္နာရဟန်းမထံတွင် ရဟန်းဘောင်သို့ ဝင်ရောက်၏။ ထို့နောက်တွင် သုက္ကာထေရီသည် အာသဝေါကုန်ခမ်း ရဟန္တာမ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန်ပါဠိတော်၊ ခတ္တိယာဝဂ်