သီအို အဲလ်ဘရက်ချ်

ဝီကီပီးဒီးယား မှ
သီအို အဲလ်ဘရက်ချ်
မွေးသက္ကရာဇ် ၂၈ မတ်လ ၁၉၂၂
အက်ဆန်
ကွယ်လွန် ၂၄ ဇူလိုင် ၂၀၁၀ (၈၈နှစ်)
အလုပ်အကိုင် Trader Joe's and Aldi Nord
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၆.၇ ဘီလျံ

သီအို ပေါလ် အဲလ်ဘရက်ချ် (၁၉၂၂ခုနှစ် မတ် ၂၈ရက်မှ ၂၀၁၀ ဇူလိုင် ၂၄ရက်) သည် ဂျာမန်လူမျိုးစွန့်ဦး တီထွင်သူဖြစ်ပြီး ၂၀၁၀ခုနှစ်တွင် ဖောဘ့်မဂ္ဂဇင်းက ကမ္ဘာ့၃၁ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ် (ပိုင်ဆိုင်မှု ဒေါ်လာ ၁၆.၈ ဘီလီယံ) အဖြစ် ဖော်ပြခဲ့သည်။

သူသည် အဲလ်ဒီနော့ဒ် လျှော့ဈေးစူပါမားကတ်ဆိုင်ပေါင်းစု၏ ပိုင်ရှင်နှင့်စီအီးအိုလည်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ထရေးဒါးဂျိုး အထူးကုန်စုံဆိုင်ပေါင်းစုကို လည်းပိုင်ဆိုင်သည်။ သူ၏ညီ ကားလ် အဲလ်ဘရက်ချ်မှာမူ အဲလ်ဒီစက်ထ် လျှော့ဈေးစူပါမားကတ်ဆိုင်ပေါင်းစု၏ ပိုင်ရှင်ဖြစ်သည်။

ထိုဆိုင်ပေါင်းစုနှစ်ခုလုံးမှာ အစပိုင်းတွင်မိသားစုပိုင်စီးပွားရေးလုပ်ငန်းဖြစ်ပြီး ၁၉၆၀ တွင် အေးချမ်းစွာ အမွေခွဲဝေ ခဲ့သည်။ အမေရိကန်တွင် အဲလ်ဒီစက်ထ်က အဲလ်ဒီစက်ထ် ကုန်စုံဆိုင်များအဖြစ် ဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် အဲလ်ဒီစက်ထ်နှင့် ထရေးဒါးဂျိုး အထူးကုန်စုံဆိုင်ပေါင်းစုများကို ညီအစ်ကို နှစ်ဦးကပိုင်သည် ဆိုသော်လည်း သီးခြားပိုင်ရှင်များ၏ သီးခြားလုပ်ငန်းလည်ပတ်မှုပုံစံနှင့် လည်ပတ်ခဲ့သည်။

၁၉၇၁ခုနှစ်တွင် သီအိုသည် ၁၇ရက်ကြာပြန်ပေးဆွဲခံခဲ့ရသည်။ သူ့ကို ဂျာမန်ငွေ ရသန်း ( ဒေါ်လာ ၂သန်းခန့်) ဖြင့် ရွေးခဲ့ရသည်။ သူတို့ညီအစ်ကိုနှစ်ယောက်မှာ သီအိုပြန်ပေးဆွဲမခံရခင်ကပင် အိမ် ခွဲနေခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင်ဘဝ အကြောင်းများကို လည်းအနည်းအကျဉ်းသာ သိရှိကြသည်။

သီအို၏ နောက်ဆုံးဖော်ပြခံခဲ့ရသော ဓာတ်ပုံမှာ ၁၉၇၁ခုနှစ် ပြန်ပေးမှလွတ်လာပြီး နောက်ရက်တွင် ရိုက်ကူးခဲ့သောပုံဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင်မူ ညီအစ်ကို နှစ်ယောက်တွဲဓာတ်ပုံကို သတင်းစာဆရာ ဖရန့်ရုချ်က ရိုက်ကူးခဲ့သည်။