နရောတ္တမ သီဟမုနီ
ပုံပန်းသွင်ပြင်
(သီဟမုနီ မှ ပြန်ညွှန်းထားသည်)
နရောတ္တမ သီဟမုနီ(ခမာ: នរោត្តម សីហមុនី; ၁၉၅၃ မေ ၁၄ ~ )သည် ယခုလက်ရှိ ကမ္ဘောဒီးယားဘုရင်ဖြစ်သည်။
| နရောတ္တမ သီဟမုနီ នរោត្តម សីហមុនី | |
|---|---|
သီဟမုနီ (၂၀၂၃) | |
| ကမ္ဘောဒီးယား၏ ဘုရင် | |
| နန်းသက် | ၂၀၀၄ အောက်တိုဘာ ၁၄ – ယခု |
| နန်းတက်ချိန် | ၂၀၀၄ အောက်တိုဘာ ၂၉ |
| ရှေ့မင်းဆက် | နရောတ္တမ သီဟနု |
| Prime Minister | ဟုန် သေန် |
| မွေးဖွား | ၁၄ မေ၊ ၁၉၅၃ ပြင်သစ် အင်ဒိုချိုင်းနား၊ ကမ္ဗောဇ၊ ဖနွမ်းပင်မြို့ |
| စံအိမ် | နရောတ္တမ |
| ခမည်းတော် | နရောတ္တမ သီဟနု |
| မယ်တော် | နရောတ္တမ မုနီနာထ |
| ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
| လက်မှတ် | |
ခမည်းတော် နရောတ္တမ သီဟနု နန်းစွန့်ပြီး တစ်ပတ်အကြာ ၂၀၀၄ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့တွင် နန်းတက်ခဲ့သည်။[၁] ဘုရင် သီဟနုနှင့် မိဖုရား နရောတ္တမ မုနီနာထတို့၏ အကြီးဆုံး သားတော်ဖြစ်ပြီး ထီးနန်းကောင်စီမှ အဖွဲ့ဝင် ကိုးဦးဖြင့် ဘုရင်ဖြစ်လာရန် မရွေးချယ်မီ ယူနက်စကိုဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးဖြစ်ခဲ့သည်။ နန်းမတက်မီ သီဟမုနီသည် ချက်ကိုဆလိုဗားကီးယားနိုင်ငံတွင် ပညာသင်ကြားခဲ့ပြီး ဥရောပရှိ ယဉ်ကျေးမှုသံတမန်အဖြစ်နှင့် ဂန္ထဝင်အကနည်းပြတစ်ဦးအဖြစ် လူသိများသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ People and Society ::Cambodia (6 January 2022)။